အသက် ၁၀ လမှ ၁ နှစ် ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုမိုင်တိုင်
ဖွံ့ဖြိုးတိုးတက်မှုမိုင်တိုင်များတွေဟာ တစ်နှစ်အောက်ကလေးငယ်များနှင့် ကလေးကြီးများရဲ့ အသက်အလိုက် ဖွံ့ဖြိုးမှုအဆင့်ဆင့်ကို ပြသသောဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အသက် ၁၀ လကနေ ၁၂ လအတွင်း ကလေးငယ်တွေအနေနှင့် ဘယ်လိုတိုးတက်မှုဖြစ်စဉ်တွေ ပြသလဲဆိုတာ ဖော်ပြပေးသွားပါမယ်။
>> ကာယပိုင်းဆိုင်ရာ
● အိမ်ရှိ ပရိဘောဂများကို ကိုင်ပြီး မတ်တပ်ထခြင်း
● လူကြီးအကူအညီမပါဘဲ မတ်တတ်ရပ်ခြင်း၊ လှေကားထစ်များစွာ တက်ခြင်း
● လက်ခုပ်တီးခြင်း
● ပတ်ဝန်းကျင်ရှိ ပစ္စည်းများနှင့် အရုပ်များကို လိုသလို ကိုင်တွယ်ခြင်း
● အဝကျယ်သော ခွက်/ခြင်းများထဲသို့ ပစ္စည်းများ ထည့်နိုင်ခြင်း
● လက်မနှင့်လက်ညှိုးကိုသုံးပြီး ပစ္စည်းအသေးများကို ကောက်ခြင်း
>> အာရုံခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု
● သီချင်းနားထောင်ရတာ သဘောကျခြင်း
● အရုပ်တွေကို လက်၊ ပါးစပ်၊ လက်ချောင်းများဖြင့် ထိတွေ့ခြင်း
● အဝေးရှိအရာဝတ္ထုများဆီသို့ လေးဖက်သွားခြင်း
Ceelin 1
>> ဆက်ဆံရေး
● ဖေဖေ မေမေ ခေါ်နိုင်ခြင်း
● ရိုးရှင်းသော ခိုင်းစေချက်များကို လိုက်ပါဆောင်ရွက်ခြင်း (ဥပမာ - လာလာဟုခေါ်က လာခြင်း)
● နှစ်လုံးတွဲများ ပြောခြင်း
● စကား ဝူးဝူးဝါးဝါးပြောခြင်း
● လူကြီးလေသံအတိုင်း လိုက်လံတုပပြောခြင်း
● လူကြီးတွေ ညွှန်ပြသည်များကို လိုက်ကြည့်ခြင်း
● ငြင်းဆန်တတ်ခြင်း
● လက်လှုပ်ရှားမှုများ ပြုလုပ်နိုင်ခြင်း
>> အစာစားခြင်း
● လက်ချောင်းဖြင့် မုန့်များကို ကိုင်စားခြင်း
● မုန့်အမျိုးမျိုးကို စားနိုင်ခြင်း
● မုန့်ဘူးအဖုံးကို ဖွင့်နိုင်ခြင်း
● ဇွန်းဖြင့် စတင်ကိုင်စားတတ်ခြင်း
● အစားအစာတွေရဲ့ အနံ့အရသာကို ခံစားတတ်လာခြင်း
>> နေ့စဉ်လှုပ်ရှားမှုများ
● ရေချိုးရတာကို နှစ်သက်ခြင်း
● ဒိုင်ဘာနှင့်အဝတ်အစား ဝတ်ပေးတဲ့အခါ အရင်လို မရုန်းတော့ဘဲ လက်ခံလာခြင်း
● အိပ်ချိန်မှန်လာခြင်း
Ceelin 2
>> မိမိခံစားချက်ကို ပြသခြင်း
● မိဘတွေရဲ့ ပွေ့ဖက်ခြင်းကို နှစ်သက်ခြင်း
● နာကျင်တဲ့အခါ ငိုခြင်း
● ချီပြီးလှုပ်ခြင်း၊ အသံပေးခြင်းနှင့် ချော့မြူခြင်းများကို နှစ်ခြိုက်ခြင်း
>> ဆော့ကစားခြင်း
● တူတူရေဝါးကဲ့သို့ သူများနှင့် ပူးပေါင်းကစားရသောနည်းများကို ကစားနိုင်ခြင်း
● ကစားနေစဉ် တစ်ဖက်လူနှင့် မျက်လုံးချင်းဆုံကြည့်ခြင်း
● နာမည်ခေါ်ခံရတဲ့အခါ လှည့်ကြည့်ခြင်း
● ဂီတတူရိယာများနှင့် ကစားရတာကြိုက်ခြင်း
>> ပူပေါင်းဆောင်ရွက်ခြင်း
● လက်ခုပ်တီးနိုင်ခြင်း
● ဘောလုံးများကို ပစ်ပေါက်နိုင်ခြင်း
● ကိုယ်ခန္ဓာကို လှုပ်ရှားပြီး ကစားရတာ နှစ်သက်ခြင်း
မေမေတို့ရဲ့ ကလေးငယ်လေးတွေမှာကော အခုဖော်ပြသွားတဲ့ ဖွံ့ဖြိုးမှုတွေရှိပြီလားဆိုတာ ဆန်းစစ်ကြည့်ကြပါဦးနော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















