/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျန်းမာစွာနဲ့-စာမေးပွဲ-ဖြေဆိုနိုင်ဖို့

ကျန်းမာစွာနဲ့ စာမေးပွဲ ဖြေဆိုနိုင်ဖို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဘ၀ရဲ့ အရေးကြီးတဲ့ စာမေးပွဲဖြေဆိုဖို့အချိန် ရောက်လာပြန်ပါပြီ။ စာမေးပွဲကို အောင်အောင်မြင်မြင် ဖြေဆိုဖို့ဆိုတာ စာရရုံနဲ့မပြီးဘဲ ကျန်းမာရေးကလည်း အရေးကြီးပါတယ်။ ဒါကြောင့် စာမေးပွဲဖြေမယ့် ကျောင်းသူကျောင်းသားတွေအတွက် ကျန်းမာရေးနည်းလမ်းကောင်းများကို ဖော်ပြပေးလိုက်ပါတယ်။

 

1.      အိပ်ရေး၀၀အိပ်ပါ။

          စာမေးပွဲမှာ ခေါင်း ကြည်ကြည်လင်လင်နဲ့ ဖြေဆိုနိုင်ဖို့ အိပ်ရေး၀ဖို့ လိုပါတယ်။ အိပ်ချိန် နည်းလွန်းခြင်း၊ များလွန်းခြင်းဟာ မှတ်ဉာဏ်ကို ထုံထိုင်းစေပါတယ်။

 

2.      အစားအသောက်

          ပင်ပင်ပန်းပန်း အားစိုက် စာကျက်နေရတဲ့ ကလေးတွေအတွက် အာဟာရပြည့်၀ဖို့ လိုပါတယ်။ ဒါဟာ အစာ အများကြီး စားခိုင်းတာမျိုးတော့ မဟုတ်ပါဘူး။ အသားဓာတ် ကြွယ်၀တဲ့ အစားအသောက်တွေ၊ အသီးအနှံတွေ စားပေးခြင်းဖြင့် အနည်းငယ် အိပ်ရေးပျက်နေရင်တောင်မှ လန်းလန်းဆန်းဆန်း ဖြစ်စေပါတယ်။

 

3.      ကိုယ်လက်လှုပ်ရှားမှု

          စာကြည့်စားပွဲမှာချည်း စာထိုင်ကြည့်နေတာဟာ အညောင်းမိစေပြီး ကောင်းကောင်း စာမှတ်မိဖို့ မလွယ်ပါဘူး။ စာကြည့်ချိန် တစ်ခုနဲ့တစ်ခုကြားမှာ ခဏလမ်းလျှောက်တာ၊ ခပ်ေ၀းေ၀းက သစ်ပင်စိမ်းစိမ်းတွေကို ငေးကြည့်ရင်း မျက်လုံးကို အနားပေးတာတွေ လုပ်ပေးခြင်းဖြင့် ဦးနှောက်လန်းဆန်းကာ စာတွေကို ပိုမိုမှတ်မိနိုင်မှာ ဖြစ်ပါတယ်။

Dr. Zero (www.drmyanmar.com)