/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျန်းမာအောင်-စားကြစို့

ကျန်းမာအောင် စားကြစို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နေ့စဉ် စားသောက်နေထိုင်ပုံ ပုံစံဟာ ကျန်းမာရေးမှာ အရေးပါလှပါတယ်။ ယနေ့ခေတ်မှာ အဖြစ်များလာတဲ့ ရောဂါဘယတွေဟာ ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် မနေ၊ မစားလို့ ဖြစ်ရတာ များပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်စေဖို့အတွက် -

 

>>    လုပ်သင့်တဲ့အရာများ

1.       တစ်နေ့ကို နည်းနည်းနဲ့ 6 ကြိမ်လောက် စားပေးပါ။

2.       အိပ်ရာက နိုးပြီး 1 နာရီအတွင်း မနက်စာ နေ့စဉ် စားပေးပါ။

3.       အစာစားတိုင်း အဆီမပါတဲ့အသားနဲ့ ကစီဓာတ်တို့ကို မျှမျှတတ စားပေးပါ။

4.       ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီကို ပုံမှန်စားပေးရပါမယ်။

5.       တစ်နေ့ကို ရေ 2 လီတာ၊ 3 လီတာလောက် သောက်ပါ။

6.       ရေခဲသေတ္တာထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေပဲ ထည့်ထားပါ။

7.       အမျှင်ဓာတ် ရဖို့အတွက် လတ်ဆတ်တဲ့ အသီးအနှံ၊ သစ်သီးသစ်ရွက်တွေကို စားသုံးပါ။

8.       ပုံမှန်အနေအထားပဲ စားသုံးပါ။

 

>>    ရှောင်ကြဉ်သင့်တဲ့အရာများ

1.       ဂျုံဖြူတို့၊ သန့်စင်ထားတဲ့ သကြားတို့လို ပြုပြင်ထားတဲ့ အစားအစာများ

2.       ဓာတုနည်းပညာတွေနဲ့ ပြောင်းလဲထားတဲ့ အစားအသောက်များ

3.       တာရှည်ခံပစ္စည်းများ ပါဝင်တဲ့ အစားအသောက်များ

4.       သန့်စင်ထားတဲ့ သကြားအဖြူ

5.       ချိစ်အချပ်တွေလို ပြုပြင်ထားတဲ့ အစားအစာများ

6.       ပြည့်ဝဆီ၊ ပြောင်းလဲဆီများ

7.       ကိုလာတို့၊ အအေးဘူးတို့လို သကြားများတဲ့ အချိုရည်များ

8.       အရက် အလွန်အကျွံသောက်ခြင်း

9.       အာဟာရဓာတ် နည်းပါးပြီး ကယ်လိုရီ အလွန်များတဲ့ အစားအသောက်များ

10.     အစားအစာကို အလွန်အကျွံ စားသုံးခြင်း

Dr. Mya Phoo Ngon (www.drmyanmar.com)