/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကြက်ဥအနှစ်-စားသင့်သလား

ကြက်ဥအနှစ် စားသင့်သလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လူတွေက ကြက်ဥအနှစ်မှာ ကိုလက်စရောပါတာနဲ့ ပတ်သက်ပြီး စားလို့ သင့်၊ မသင့်ဆိုပြီး ဝေခွဲမရ ဖြစ်တတ်ပါတယ်။ ကိုလက်စရောဟာ ခန္ဓာကိုယ်အတွက် လိုအပ်ပါတယ်။ သူ့ရဲ့အမျိုးအစားနဲ့ ပမာဏပေါ် မူတည်ပြီး နှလုံးရောဂါနဲ့ ဆက်စပ်တတ်ပါတယ်။

>>  ကြက်ဥဟာ ကျန်းမာရေးနဲ့ ညီညွတ်လား
ကြက်ဥမှာ ပရိုတိန်းတွေ ကြွယ်ဝစွာပါဝင်ပြီး တခြားအာဟာရတွေဖြစ်တဲ့ ဗီတာမင်ဒီ ၊ ဗီတာမင်ဘီတွဲ ၊ ဆီလီနီယမ်နဲ့ ကိုလင်းတွေပါဝင်လို့ အာဟာရဓာတ်အပြည့်ရှိတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။
ကြက်ဥစားတဲ့အခါ သူနဲ့တွဲစားတဲ့အရာတွေကို သတိထားဖို့ လိုပါတယ်။ ပေါင်မုန့်အဖြူ၊ ထောပတ်၊ ဆား၊ ဘေကွန်၊ ဝက်အူချောင်းတွေက  များများစားရင် နှလုံးအတွက် မကောင်းပါဘူး။

>>  တစ်ရက်ကို ကြက်ဥ ဘယ်လောက်စားလို့ရလဲ?
နှလုံးနဲ့ သွေးကြောရောဂါ ဖြစ်ပွားနိုင်ချေများတဲ့လူတွေ ဥပမာ - ဆီးချို၊ သွေးတိုးရောဂါ ရှိသူတွေဟာ တစ်ပတ်မှာ ၆ လုံးလောက် စားလို့ရပါတယ်။
ကျန်းမာရေးကောင်းတဲ့လူတွေအတွက်ကတော့ တစ်နေ့ကို နှစ်လုံး၊ သုံးလုံးအထိ စားလို့ရတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။
ပြီးတော့ အသီးအရွက်တွေ ပိုပြီးများများစားရမယ်၊ အသင့်စား အစားအစာတွေ၊ ပြုပြင်ထားတာတွေကို လျှော့စားရမယ်။ အဆီများတဲ့ အစားအသောက်တွေကို ရှောင်ရပါမယ်။
ကြက်ဥမှာ ကိုလက်စရော ပါတာမှန်ပေမယ့် သူ့ရဲ့အမျိုးအစားဟာ ကောင်းတဲ့အဆီ ဖြစ်တာကြောင့် သွေးတွင်းအဆီဓာတ်ကို အများကြီးမတက်စေပါဘူး။

Dr. Htar (www.drmyanmar.com)