ချစ်သူတို့ အတူမနေသင့်သော အချိန်များ
ဘယ်အချိန်မှာ လိင်မဆက်ဆံသင့်လည်း သိကြပါသလား။ ယောက်ျား၊ မိန်းမ အတူနေရင် အင်ဒိုဖင်ဟော်မုန်းတွေ ထွက်စေပြီး စိတ်ပျိုကိုယ်နုစေပါသတဲ့။ အိမ်ထောင်ကျပြီးမှ ပိုပိုလှလာတတ်သူတွေ ရှိတယ်နော်။
>> ဒါဆို ဘယ်အချိန် အတူမနေသင့်ဘူးလဲ?
လိင်ဆက်ဆံမှု မပြုသင့်သောအခြေအနေများကို ရွေးချယ်တင်ပြလိုက်ပါတယ်။
● Pap smear လို့ခေါ်တဲ့ သားအိမ်ခေါင်းကင်ဆာ အသားစယူ စစ်ဆေးမှုမလုပ်ခင် တစ်ညမှာ အတူမနေပါနဲ့။ မနက်မှာ သားအိမ်ဝမှာ သုတ်ရည်တွေကျန်နေပြီး အသားစအဖြေကို မှားယွင်းစွာ အဖြေထွက်စေပါတယ်။
● သွေးဆင်းများတဲ့အခါ မနေပါနဲ့။ များပြားစွာသော ရာသီသွေးဆင်းတာ အကြောင်းရင်း နောက်ကွယ်မှာ ရှိနေနိုင်ပါတယ်။ အကျိုးအကြောင်းကို အာထရာဆောင်းဓာတ်မှန်နဲ့ ရိုက်ကူး မသိရှိမချင်း အတူမနေပါနဲ့။
● ဆီးအောင့်တာတွေ၊ အနံဆိုးတဲ့ အဖြူဆင်းတာတွေ ရှိနေတဲ့အခါ လိင်မဆက်ဆံပါနဲ့။ တစ်ယောက်ကို တစ်ယောက် အလွယ်တကူ ပိုးကူးစက်သွားနိုင်လို့ပါ။
● ကလေးမွေးပြီးခါစ လိင်မဆက်ဆံပါနဲ့။ ချောချောမွေ့မွေ့နဲ့ မွေးထားတယ်ဆိုရင်တောင် သားအိမ်ဝက စုတ်ပြဲဒဏ်ရာတွေကို ပြန်ဆွသလိုဖြစ်ပြီး သွေးဆင်းလာစေပါတယ်။ ရောဂါပိုးလည်း အလွယ်တကူ ဝင်လွယ်စေပါတယ်။
● လိင်ဆက်ဆံတဲ့အခါ အောင့်သက်သက် နာကျင်ရင် တစ်ခါတည်း အသိပေးပြောပြပြီး တတ်ကျွမ်းသူဆရာဝန်ကို တိုင်ပင်ပါ။ ရှုပ်ထွေးတဲ့ သားအိမ်ရောဂါတွေ ဖြစ်နေတာမို့ လိင်ဆက်ဆံတာကို ရပ်ထားပြီး ရောဂါ အရင်ရှာပါဦး။
လိင်မဆက်ဆံသင့်တဲ့ အခြေအနေတွေကို သိရှိနားလည်ထားရင် နောက်ကွယ်ရောဂါတွေကိုလည်း သတိပြုမိ၊ နောက်ဆက်တွဲလက္ခဏာတွေကိုပါ ကြိုတင် ရှောင်နိုင်လို့ အများကြီး အကျိုးရှိပါကြောင်း တင်ပြဆွေးနွေးလိုက်ပါတယ်။
မာလာခင် (စိန်ပန်း) (www.drmyanmar.com)















