ခြေလက်တွေ ထုံကျဉ်တာ ဘယ်ဗီတာမင်တွေ ချို့တဲ့လို့လဲ
လက်ဖဝါး ခြေဖဝါးတွေ ထုံကျဉ်နေခြင်းကို တစ်ခါတစ်ရံမှာ ကျွန်မတို့ ခံစားရလေ့ရှိပါတယ်။ ဒီလိုခြေလက်များ ယာယီထုံကျဉ်နေခြင်းဟာ အဖြစ်များလေ့ရှိပြီး အပ်နှင့်စူးသလို ထုံကျဉ်နာကျင်တတ်ပါတယ်။ ယာယီထုံကျဉ်ခြင်းကို ခြေထောက်များဖိပြီး အကြာကြီးထိုင်ချိန်နှင့် လက်မောင်းကို ဖိအိပ်ပြီး နိုးလာချိန်တို့မှာ ကြုံရလေ့ရှိပြီး နာတာရှည်ထုံကျဉ်ခြင်းကိုတော့ အာရုံကြောရောဂါဖြစ်နေသူတွေမှာ တွေ့ရလေ့ရှိပါတယ်။
Ultra B 1

>> ရောဂါလက္ခဏာများကတော့ -
1. ကျဉ်ခြင်း
2. ထုံခြင်း
3. အရေပြားချိုင့်ဝင်ခြင်း
4. ယားယံခြင်းတို့ ဖြစ်ပါတယ်။
>> ယာယီထုံကျဉ်ခြင်းကို ဖြစ်စေသောအကြောင်းရင်းတွေကတော့ -
1. ဗီတာမင် B5 ချို့တဲ့ခြင်း
2. ဗီတာမင် B12 ချို့တဲ့ခြင်း
3. ဗီတာမင်အီး ချို့တဲ့ခြင်း
4. ကယ်လ်စီယမ် ချို့တဲ့ခြင်း
5. မဂ္ဂနီစီယမ် ချို့တဲ့ခြင်း စတာတွေ ဖြစ်ကြပါတယ်။
Ultra B 2

>> နာတာရှည်ထုံကျဉ်ခြင်းကို ဖြစ်စေသောအကြောင်းရင်းတွေကတော့ -
1. လေဖြတ်ခြင်း၊ လေဖြန်းခြင်း
2. ဦးနှောက်ရောင်ခြင်း
3. Transverse myelitis လို့ခေါ်သော အာရုံကြောရောဂါ
4. Multiple sclerosis လို့ခေါ်သော ဦးနှောက်နှင့် အာရုံကြောကို ထိခိုက်မိသောရောဂါတစ်မျိုး
5. ဦးနှောက်နှင့် အာရုံကြောမအတွင်းရှိ အကျိတ်များ
6. လက်ကောက်ဝတ်အတွင်း အာရုံကြောညပ်ရောဂါ (Carpal tunnel syndrome) တို့ပဲ ဖြစ်ပါတယ်။
အာရုံကြောများထုံကျဉ်ခြင်းကို ခံစားရလေ့ရှိသူများအနေနှင့် အာဟာရမျှတအောင်စားခြင်း၊ ဗီတာမင်ဘီနှင့်အီး အားဆေးပြားများကို နေ့စဉ်မှီဝဲခြင်းတို့ကို ပြုလုပ်ပေးဖို့ လိုပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)















