/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/စအိုကွဲနာ

စအိုကွဲနာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         စအိုပေါက်နားတစ်ဝိုက်မှာ ကွဲအက်ဒဏ် ဖြစ်တဲ့အခါ အင်မတန် အနေရခက်တတ်ပါတယ်။

          ထိခိုက်မှုတွေကြောင့် စအိုကွဲနာ ဖြစ်နိုင်သလို အခြားရောဂါ အခြေအနေတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပုံမှန်မဟုတ်တဲ့နေရာတွေမှာ ဖြစ်လာခဲ့ရင် သတိထားသင့်ပါတယ်။

          စအိုကွဲနာ ဖြစ်တဲ့အခါ အဓိကလက္ခဏာကတော့ ဝမ်းသွားနေစဉ်နဲ့ သွားပြီးတဲ့အခါ နာကျင်တတ်တာပဲ ဖြစ်ပါတယ်။ အခြားလက္ခဏာတွေကတော့ -

●        သွေးထွက်ခြင်း

●        ယားယံခြင်း

●        အနံ့ဆိုးဆိုးတွေ ထွက်ခြင်း တို့ ဖြစ်ပါတယ်။

 

          စအိုပေါက်နားကို ကြည့်ရှုစစ်ဆေးကြည့်ရုံနဲ့ စအိုကွဲနာဖြစ်ကြောင်း သိရှိနိုင်ပါတယ်။

          အိမ်တွင်းနည်းလမ်းတွေနဲ့ ကုသနိုင်သလို ဆရာဝန်ဆေးစာမလိုဘဲ ဆေးဆိုင်မှာ အလွယ်တကူ ဆေးဝယ် ကုသနိုင်ပါတယ်။

●        ဝမ်းများများ သွားစေခြင်း

●        ဝမ်းပျော့စေခြင်း

●        အမျှင်ဓာတ်များတဲ့ အစားအစာများ စားခြင်း

●        ဆားရည်ထိုင်ခြင်း စတဲ့ နည်းလမ်းများနဲ့ ကုသနိုင်ပါတယ်။

 

          ဒီနည်းတွေနဲ့ ကုသလို့ မပျောက်ကင်းတဲ့အခါ ဆရာဝန်နဲ့ ပြသပြီး ဆရာဝန် ညွှန်ကြားမှုနဲ့အညီ အောက်ပါဆေးတွေ သုံးနိုင်ပါတယ်။

●        ထုံဆေးပါတဲ့ လိမ်းဆေးများ

●        စတီးရွိုက်ဆေးများ (အရောင်ကျဆေးများ)

●        Nitroglycerin သွေးကြောကျယ်ဆေး

●        Calcium Channel Blocker

          စအိုကွဲနာကို ကုသဖို့အတွက် အရေးပါဆုံး ကုသနည်းကတော့ စအိုကွင်းဘေးကို ဖြတ်တောက်ကုသနည်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ခွဲစိတ်ခြင်းရဲ့ ဆိုးကျိုးတွေရှိတာကြောင့် မခွဲမစိတ် ကုသနည်းတွေနဲ့ မသက်သာတော့မှသာ ခွဲစိတ်သင့်ပါတယ်။

Dr. Emerald (www.drmyanmar.com)