/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆီးချို-သို့မဟုတ်-အသံတိတ်လူသတ်သမား

ဆီးချို သို့မဟုတ် အသံတိတ်လူသတ်သမား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဆီးချို​ရောဂါဟာ ချိန်​ကိုက်​ဗုံးတစ်​လုံးလိုပဲ ဖြစ်​ပါတယ်​။ ဒါ​ကြောင်​့ ဆီးချို​ရောဂါသမား​တွေအတွက်​ အ​ရေးအကြီးဆုံးက ဆီးချိုထိန်​းနိုင်​ဖို့​ပါပဲ​။ ​သေချာမထိန်​းနိုင်​ခဲ့ရင်​ ​သွေးတွင်​းအချိုဓာတ်​အတက်​အကျ က​မောက်​ကမ​တွေဖြစ်​ပြီး ​လေဖြတ်​၊​လေဖြန်​း၊​နှလုံး​ရောဂါ​တွေနဲ့ အာရုံ​ကြော​ရောဂါ​စတာတွေ ဖြစ်​လာနိုင်​ပါတယ်​။

          ဆီးချို​ရောဂါသည်​​တွေဟာ ​သွေးတွင်​းအချိုဓာတ်​ မတရားတက်​​နေရင်​​တောင်​ ​ရောဂါလက္ခဏာ ပြချင်​မှပြမှာပါ။ တစ်​ခါတစ်​ရံ ပုံမှန်​အတိုင်​း​နေနိုင်​ပါ​သေးတယ်​။

          ဒါ​ကြောင်​့ ဆီးချို​ကိုပုံမှန်​​ဖောက်​စစ်​​ပေးပြီး ​ဆေးကိုအတိုးအ​လျော့ပြုလုပ်​​ပေးဖို့ လိုအပ်​ပါတယ်​။ ဆီးချို​ကို​သေချာထိန်​း​ပေးထားမှသာ တစ်​ခြား​နောက်​ဆက်​တွဲ ဆိုးကျိုး​ဝေဒနာ​တွေကို မခံစားရမှာဖြစ်​ပါတယ်​​။

          ဆီးချိုအရမ်​းတက်​လာတဲ့အခါမှာ ဖြစ်​​ပေါ်လာတတ်​တဲ့ လက္ခဏာရပ်​​တွေကို မှတ်​သားထားပြီး အမြဲ​စောင်​့ကြည်​့ထိန်​းသိမ်​းနိုင်​​အောင်​ ​ဖော်​ပြ​ပေးလိုက်​ပါတယ်​။

Naturally Better 1

​​♦ ရေအလွန်ငတ်​ပြီး ဆီးပုံမှန်​ထက်​ပိုသွား​နေခြင်​း

 

          ​သွေးထဲမှာအချိုဓာတ်​​တွေတက်​လာတဲ့အခါ ​ကျောက်​ကပ်​က စုပုံလာတဲ့အချိုဓာတ်​​တွေကို အပြင်​ကိုစွန်​့ထုတ်​ပစ်​ဖို့ ကြိုးစားပါတယ်​။ ဒီလိုအချိန်​မှာ ဆီး​တွေတအားသွားလာပြီး ​ရေပိုဆာလာတတ်​​ပါတယ်​။ ဆီးသွားများတဲ့အတွက်​ ခန္ဓာကိုယ်​အရည်​ဓာတ်​ ခမ်​း​ခြောက်​ပြီး မူး​ဝေတာမျိုး ဖြစ်​လာနိုင််​ပါတယ်​။

 

​​♦ ဗိုက်​ခဏခဏဆာ​နေပြီး့ ကိုယ်​အ​လေးချိန်က​ျလာခြင်​း

 

          ​သွေးတွင်​းအချိုဓာတ်​အရမ်​းတက်​လာသူ​တွေဟာ တစ်​ချိန်​လုံးစားချင်​​နေ​ပြီး ဘာ​အ​ကြောင်​းမှမရှိပါပဲ ကိုယ်​အ​လေးချိန်​​တွေ ကျဆင်​းသွားတတ်​ပါတယ်​။

          ခန္ဓာကိုယ်​ဟာ လိုအပ်​တဲ့စွမ်​းအင်​​တွေကို ရ​နေကျ​နေရာက​နေ မရနိုင်​တဲ့အခါ ကြွက်​သား​တွေအဆီ​တွေကို ​လောင်​ကျွမ်​း​စေပါ​တော့တယ်​။ ဒါ​ကြောင်​့ အလိုလို​နေရင်​း ကိုယ်​အ​လေးချိန်​​တွေ ကျဆင်​းလာသလို ကြွက်​သား​တွေအားအင်​ဆုတ်​​လျော့လာတာ၊ မကြာခဏလဲကျတာမျိုး​တွေ ဖြစ်​လာတာပဲ ဖြစ်​​ပါတယ်​။

 

​​♦ ပင်​ပန်​းနွမ်​းနယ်​၊ အားအင်​ကုန်​ခန်​း​နေခြင်​း

      ​

          သွေးထဲကအချိုဓာတ်​​တွေကို ကလပ်​စည်​းဆဲလ်​​တွေထဲ ထည်​့​ပေးမယ်​့ အင်​ဆူလင်​ဓာတ်​ မလုံ​လောက်​တာ သို့မဟုတ်​ ပုံမှန်​အလုပ်​မလုပ်​နိုင်​ တာ​ကြောင်​့ လိုအပ်​တဲ့စွမ်​းအင်​ပမာဏကို မရရှိနိုင်​ပါဘူး။ ဒီလိုအချိန်​မျိုးမှာ အလိုလို ပင်​ပန်​းအားနည်​း​နေတတ်​ပါတယ်​။

Naturally Better 2

​​♦ အမြင်​အာရုံ​ဝေဝါးလာခြင်​း

 

      အရင်​တုန်​းက​လိုအမြင်​မကြည်​မလင်​ ​ဝေဝါးလာတာကို သတိထားမိလာမှာပါ။ ​ဆီးချို​ဝေဒနာရှင်​​တွေမှာ ​သွေးတွင်​းအချိုဓာတ်​ ပုံမှန်​ထက်​ပို​တက်​လာတဲ့အခါ မျက်​လုံးထဲမှာ အရည်​​တွေစုပုံလာပြီး မှန်​ဘီလူးပုံစံ​ပြောင်​းသွားကာ စူးစိုက်​ကြည်​့မရပဲ ​ဝေဝါးလာတာဖြစ်​ပါတယ်​။ အမြင်​အာရုံမကြည်​လင်​တဲ့အခါမှာ ကား​မောင်​းရတာ၊ အလုပ်​လုပ်​ရတာ အဆင်​မ​ပြေဖြစ်​တတ်​လာပြီး မကြာခဏ​ခေါင်​းကိုက်​လာတတ်​ပါတယ်​။

 

​​♦ အနာကျက်​​နှေးခြင်​း

 

     ဆီးချိုမထိန်​းနိုင်​သူ​တွေမှာ အနာတရထိခိုက်​မှု​တွေ ဖြစ်​လာခဲ့ရင်​ ​တော်​ရုံအနာမကျက်​​တော့ပဲ ပိုးဝင်​တဲ့အထိ ဖြစ်​တတ်​ပါတယ်​။ ဆီးချိုဖြစ်​တာကြာလာတဲ့အခါ အာရုံ​ကြောနဲ့ ​သွေး​ကြော​တွေကို ထိခိုက်​လာတဲ့အတွက်​ ​သွေး​ကောင်​း​ကောင်​းမ​လျောက်​​တော့တာ​ကြောင်​့ အနာကျက်​နှုန်​း​နှေးလာတာဖြစ်​ပါတယ်​။ အထူးသဖြင်​့ ​ခြေ​ထောက်​​တွေမှာ အဖြစ်​များပြီး အနာ​သေး​သေး​လေးက​နေ ပိုးဝင်​တာ​တွေ၊ ​နောက်​ဆုံး ​ခြေ​ထောက်​ဖြတ်​လိုက်​ရတာ​တွေအထိ​တောင်​ ဖြစ်​နိုင်​ပါတယ်​။ ဒီလို ​ခြေ​ထောက်​အနာ​တွေဟာ အရည်​တစီစီရွှဲစို​ပြီး အနံဆိုးတတ်​ပါတယ်​။

 

​​♦ အ​ရေပြားပြဿနာများ

 

    ခန္ဓာကိုယ်​ကဆဲလ်​​တွေဟာ အင်​ဆူလင်​ကို လက်​သင်​့မခံတဲ့အခါမျိုးမှာ အ​ရေပြားပြဿ    နာတွေ ကြုံ​တွေ့ရတတ်​ပါတယ်​။ အ​ရေပြားကြား​တွေထဲမှာ အ​ရေပြားအတက်​က​လေး​တွေ ​ပေါ်လာတတ်​ပါတယ်​။ ဒါတင်​မက လည်​ဂုတ်​​၊ လက်​​၊ ချိုင်​းကြား​၊ မျက်​နှာနဲ့ အခြား​နေရာ​တွေမှာ မည်​းမည်​းထူထူအသား​တွေ အကွက်​လိုက်​ ဖြစ်​လာတတ်​ပါ​သေးတယ်​။ွ ​သွေးထဲအချိုဓာတ်​အလွန်​တက်​လာတဲ့အခါမှာလည်​း အရည်​ကြည်​ဖု​တွေ၊ ပိုးမွား​တွေ၊ အ​ရေပြားအ​ရောင်​​ပြောင်​းလာတာ​တွေနဲ့ အခြားအ​ရေပြားပြဿ    နာ​တွေ ကြုံလာတတ်​တာ​ကြောင်​့ ဆရာဝန်​နဲ့ ပြသသင်​့ပါတယ်​။

 

​​​♦ ခြေ၊လက်​​တွေထုံကျဉ်​လာခြင်​း

 

     ဆီးချိုအများအပြားတက်​လာတဲ့အခါ အာရုံ​ကြော​တွေ ထိခိုက်​လာပါတယ်​။ ​ခြေ​တွေလက်​​တွေမှာ ထုံကြင်​တာ၊ နာကျင်​တာမျိုး​တွေ ဖြစ်​လာတတ်​ပြီး အထူးသဖြင်​့ ဆီးချိုဖြစ်​တာကြာလာတဲ့သ​ူ​တွေနဲ့ ဆီးချိုကို​သေချာမထိန်​းနိုင်​သူ​တွေမှာ ပိုဖြစ်​တတ်ပါတယ်​။​

 

Dr. Mya Phoo Ngon (www.drmyanmar.com)