ဆေးစွဲခြင်းပြဿနာ
လူငယ်တွေကြားထဲမှာ ဆေးစွဲခြင်းဟာ ကြီးမားတဲ့ ပြဿနာတစ်ရပ် ဖြစ်နေဆဲ ဖြစ်ပါတယ်။ အမေရိကန် လေ့လာစမ်းသပ်ရေးအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်အရ အသက် 12 နှစ်မှ 17 နှစ်အတွင်း လူငယ် 150000 ခန့်၊ အသက် 18 နှစ်မှ 25 နှစ်အတွင်း လူငယ် 1 မီလီယံခန့်တို့ဟာ ဆေးရှူဖူး၊ သုံးဖူးကြောင်း သိရပါတယ်။
အကယ်၍ ကိုယ့်အနီးနား ပတ်ဝန်းကျင်ရှိ ချစ်ခင်ရင်းနှီးသူ တစ်ယောက်ယောက်မှာ ဆေးစွဲနေတယ်လို့ထင်ရင် အောက်ပါလက္ခဏာတွေ ရှိ၊ မရှိ ကြည့်ပြီး ခွဲခြားသိနိုင်ပါတယ်။
● နှာခေါင်း တရှုံ့ရှုံ့ လုပ်နေတတ်ခြင်း
● နှာရည်ကျခြင်း
● မျက်လုံးအိမ်ကျယ်နေခြင်း
● မျက်လုံးနီနေခြင်း
● ပိုက်ဆံ လိမ်လည်တောင်းတတ်လာခြင်း
● စိတ်တိုလွယ်၊ ဒေါသထွက် လွယ်လာခြင်း
● တစ်ခုခုကို ထပ်ခါထပ်ခါ လုပ်နေတတ်ခြင်း
● ခွန်အားတွေ ရုတ်တရက် ရှိလာခြင်း
● အရင်တုန်းက စိတ်ဝင်စားခဲ့တဲ့အရာတွေ၊ ဝါသနာတွေကို ပစ်ပယ်ခြင်း။
Dr. Emerald (www.drmyanmar.com)
















