/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နံနံပင်လေး-ထည့်စားမယ်

နံနံပင်လေး ထည့်စားမယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မြန်မာလူမျိုး အများစုဟာ မုန့်ဟင်းခါး စားရင်ဖြစ်စေ၊ ဟင်းချက်ရင်ဖြစ်စေ နံနံပင်လေး ထည့်ချက်လေ့ ရှိကြပါတယ်။ မကြိုက်သူတချို့တလေ ရှိနိုင်ပေမယ့် နံနံပင်လေး ထည့်လိုက်မှ အနံ့ အရသာ ပိုကောင်းလာတယ်ဆိုတာ အများစုက လက်ခံထားကြပါတယ်။

          အနံ့မွှေးရုံတင်မကဘဲ နံနံပင်ဟာ ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ နံနံပင်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ -

1.       နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးပါတယ်။

2.       ဆီးချိုသမားများအတွက် သင့်တော်ပါတယ်။

3.       စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုကို သက်သာစေပါတယ်။

4.       ရောဂါပိုးမွှားနှင့် မှိုရောဂါပိုးများကို သေစေနိုင်ပါတယ်။

5.       ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါတယ်။

6.       နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

Dr. Zero (www.drmyanmar.com)