ဖျားနေချိန်မှာ ဘာစားကြမလဲ
ဖျားနေတဲ့အချိန်မှာ လိုတဲ့အာဟာရဓာတ်ကိုရဖို့ အင်မတန် အရေးကြီးသလို အစာချေစနစ်က ကောင်းကောင်းချေဖျက်နိုင်တဲ့ အစာမျိုးဖြစ်ဖို့ကလည်း အရေးကြီးပြန်တယ်။
>> အုန်းရေ
ဖျားနေတဲ့အခါ ရေဓာတ်ပြည့်နေဖို့ အရေးကြီးတယ်။ အုန်းရေမှာ အချိုဓာတ်နဲ့ ဓာတ်သတ္တုတွေပါလို့ ခန္ဓာကိုယ်အတွက် အထူးကောင်းပါတယ်နော်။
>> ရေနွေးကြမ်း
ရေနွေးကြမ်းပူပူလေးဟာ ချွဲတွေကို ပျော်စေရုံတင်မကဘဲ သူ့မှာပါတဲ့ Polyphenol, တင်းနစ်အက်ဆစ် စသဖြင့် ဓာတ်တွေဟာ ရောဂါပိုးတွေ လျော့နည်းစေနိုင်တဲ့အစွမ်းရှိတာမို့ သောက်သင့်တယ်နော်။
>> ပျားရည်
ပျားရည်ဟာ သဘာဝပိုးသတ်ဆေးတစ်မျိုးဖြစ်ပြီး ကိုယ်ခံစွမ်းအားကိုလည်း တိုးတက်စေနိုင်တဲ့အတွက် အရမ်းကောင်းတယ်နော်။ အထူးသဖြင့် ချင်းလေးနဲ့စိမ်စားရင် ဖျားတာနာတာကို သက်သာစေပါတယ်။
>> ဘာတွေစားသောက်သင့်သလဲဆိုရင် -
● ရေများများသောက်ဖို့ိ လိုတယ်နော်။
● အခွံခွာစားလို့ရတဲ့ အသီးအရွက်တွေ စားပေးပါ။
● ကဖင်းကို ခဏတော့ ဖြတ်သင့်ပါတယ်။
● အချိုများတာတွေ မစားဖို့လည်း လိုပါတယ်။
● အစားအစာတွေကို ကျက်အောင်ချက်ပြီးမှ စားနော်။
● အဖျားတက်နေချိန်မှာ လတ်လတ်ဆတ်ဆတ် သံပရာ၊ သံပရို၊ လိမ္မော်၊ စပျစ် စတဲ့ အသီးဖျော်ရည်တွေကို သကြားတွေ၊ ရေခဲတွေမထည့်ဘဲ သောက်ပေးပါ။
● အသီးဖျော်ရည်၊ လက်ဖက်ရည်ကြမ်း၊ စွပ်ပြုတ်တွေကို များများသောက်ပေးဖို့ို လိုတယ်။
● ဆန်ပြုတ်ဟာ အစာကြေလွယ်ပြီး နာလန်ထမြန်စေပါတယ်။
● ကြက်ဆင်သား၊ ငါး၊ အုတ်ဂျုံ၊ ငှက်ပျော စသဖြင့်အစားအစာတွေဟာ အတွင်းကလီစာတွေကို သန့်စင်ပေးနိုင်တယ်နော်။
● အူအကျိုးပြုပိုးမွှားတွေပါတဲ့ အစားအသောက်တွေ စားပေးပါ။
>> ရှောင်ရမယ့်အစားအသောက်တွေကတော့ -
● မသန့်စင်ထားတဲ့နု့ိ၊ သေချာမကြိုချက်ထားတဲ့ နွားနို့
● ကိုလက်စထရောများပြီး ချေဖျက်ဖို့မလွယ်တဲ့ အမဲသား၊ အခွံမာငါးလိုမျိုး အသားငါးတွေ
● ဆိုဒါ၊ ဂတ်စ်ပါတဲ့ဖျော်ရည်တွေ၊ ကော်ဖီ၊ လက်ဖက်ရည်
● အရက်၊ ဆေးလိပ်
>> သောက်တဲ့အရည်ထဲမှာ ဒါလေးတွေ ထည့်သောက်ပေးရင် ပိုကောင်းပါတယ်။
● စပျစ်ခြောက် : အင်တီအောက်စီဒန့်တွေပါပြီး ဗီတာမင်စီလည်း ပြည့်ဝတယ်။
● ကြက်သွန်ဖြူ : ပိုးသတ်နိုင်စွမ်း တိုးစေတယ်။
● ပင်စိမ်း : နာလန်ထမြန်စေတယ်။
>> မနက်စာအနေနဲ့ -
အသီးဖျော်ရည်သောက်ပါ။ နု့ိပူပူလေး သောက်ပေးလို့လည်း ရတယ်။ ကုံကုမံနဲ့ပျားရည် နည်းနည်းထည့်သောက်ပေးရင် ပိုကောင်းတယ်။ အများကြီး မစားချင်ရင်တောင် အယ်လ်မွန်စေ့၊ မြေပဲ ဒီလိုအစေ့အဆံလေးတွေ စားပေးပါ။
>> နေ့လယ်စာမှာ -
ပေါင်မုန့်လိုမျိုး အစာကြေလွယ်တဲ့ကစီဓာတ်တစ်မျိုးမျိုးကို ဟင်းသီးဟင်းရွက်၊ စွပ်ပြုတ်တစ်မျိုးမျိုးနဲ့ စားပေးပါ။ ပရိုတင်းဓာတ်ရဖို့ ကြက်ဥပြုတ်လေး စားပေးလို့ရတယ်။ ငှက်ပျောသီး၊ ငါး၊ အုတ်ဂျုံနဲ့ ကြက်သားကလည်း ပိုးသေစေနိုင်တဲ့အစွမ်း ရှိတယ်။ အချဉ်ဖောက်ထားတဲ့ အစားအသောက်တွေ၊ နို့ထွက်ပစ္စည်း၊ ပဲ စသဖြင့် စားပေးလို့ရတယ်။
>> ညစာအနေနဲ့ -
ပေါ့ပေါ့ပါးပါးပဲ စားပေးသင့်ပါတယ်။ အစာချေဖို့မလွယ်တဲ့ အစားအသောက်တွေကို ရှောင်ပေးပါ။ အသုတ်တွေ၊ အရွက်ပြုတ်တွေ စားပေးလို့ ရတယ်။ ကြက်စွပ်ပြုတ်လို့ ဟင်းရွက်စွပ်ပြုတ်တွေကလည်း နာလန်ထမြန်စေပါတယ်။
အထူးသဖြင့် ကြက်သားဟာ ကိုယ်ခန္ဓာနဲ့ ခုခံအားစနစ်အတွက် ကောင်းလို့ ဖျားနာနေချိန်အတွက် အကောင်းဆုံးပဲနော်။
အသီးအနှံတွေ စားတဲ့အခါ သေချာဆေးကြောဖို့ လိုပါတယ်။ ပိုးတွေကို တွန်းလှန်နေရချိန်မှာ ပိုးအသစ်တွေ ဝင်လာရင် မထောင်းသာဘူးနော်။
ဒါကြောင့် ဖျားနာနေချိန်မှာ ဟင်းသီးဟင်းရွက်တွေကိုလည်း သေချာချက်ပြုတ်ပြီးမှ စားတာကောင်းပါတယ်။
အထူးသဖြင့် ရေပေါ့။ ရေသန့်စက် မရှိရင်တောင် ရေကျက်အေးလေး သောက်ပေးပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)














