/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မုန်လာဥနီရဲ့-ကျန်းမာရေးကောင်းကျိုးများ

မုန်လာဥနီရဲ့ ကျန်းမာရေးကောင်းကျိုးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

              အာလူပြီးရင် ဒုတိယအကျော်ကြားဆုံးဖြစ်တဲ့ မုန်လာဥနီမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အံ့မခန်း ပြည့်၀စွာပါ၀င်ပါတယ်။ မုန်လာဥနီဟာ ဗီတာမင် A ဓာတ် မြင့်မားစွာပါ၀င်တဲ့အတွက် မျက်စိအားကောင်းစေပြီး အရိုးသန်မာစေဖို့၊ သွေးခဲခြင်းဖြစ်စဉ်မှာကူညီဖို့ ဗီတာမင် K ပါ၀င်တဲ့အပြင် သွေးအားကောင်းစေဖို့အတွက် သံဓာတ်ကောင်းစွာရနိုင်တဲ့ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် သူ့မှာပါ၀င်တဲ့ ဗီတာမင် C နဲ့ ဗီတာမင် B6 အာဟာရဓာတ်နှစ်မျိုးကလည်း ကောင်းကျိုးကိုယ်စီပေးစွမ်းနေပါသေးတယ်။ ဗီတာမင် C က သွေးကြော၊ သွားနဲ့အရိုးကိုကျန်းမာစေပြီး ဗီတာမင် B6 က ခန္ဓာကိုယ်အတွင်းဟော်မုန်းလုပ်ဆောင်ချက်ကိုကောင်းမွန်စေကာ သွေးနီဥထုတ်လုပ်ရာမှာကူညီပေးနိုင်တဲ့အပြင် ယင်းအာဟာရဓာတ်နှစ်မျိုးမှ ဦးနှောက်လုပ်ငန်းဆောင်တာအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတုဓာတ်ကိုထုတ်ပေးနိုင်ပါတယ်။

              မုန်လာဥနီမှာ ကျန်းမာရေးအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ စုံလင်စွာပါ၀င်တာကြောင့် နာတာရှည်ရောဂါတွေဖြစ်တဲ့ နှလုံးရောဂါ၊ ကင်ဆာရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ လိမေ္မာ်ရောင်ရင့်ရင့် အသီးအနှံ၊ ဟင်းသီးဟင်းရွက်များအထူးသဖြင့် မုန်လာဥနီဟာ နှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး ဆေးလိပ်သောက်သူတွေအနေနဲ့ မုန်လာဥနီကို တစ်ပတ်မှာတစ်ကြိမ်ထက်ပိုစားပေးပါက အဆုတ်ကင်ဆာဖြစ်နိုင်ခြေမှလျော့နည်းစေကာ ဆီးကျိတ်ကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် သူဟာ Aspirin၊ Ibuprofen၊ Naproxen၊ Celebrex စတဲ့ ရောင်ရမ်းမှုသက်သာစေတဲ့ဆေးတွေကဲ့သို့ အာနိသင်ရှိတာကြောင့် မုန်လာဥနီစားပါက ရောင်ရမ်းမှုလျော့ပါးစေနိုင်တယ်လို့ ဆိုလို့ရပါတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းစေတယ်ဆိုပြီးအများကြီးမစားသင့်ပါဘူး။ ၎င်းမှာပါ၀င်တဲ့သဘာ၀သကြားဓာတ်က အခြားဟင်းသီးဟင်းရွက်တွေမှာ တွေ့ရတဲ့သကြားဓာတ်ထက် ပိုသာတာကြောင့် အလွန်အကျွံစားမိပါက အူလမ်းကြောင်းဆိုင်ရာနဲ့ ဆီးချိုရောဂါကို အစပျိုးပေးသလိုဖြစ်စေနိုင်ပါတယ်။

မုန်လာဥနီကို ဘယ်လိုစားသင့်သလဲ

              မုန်လာဥနီကို အစိမ်းလိုက်စားခြင်းဖြစ်စေ၊ ပြုတ်စားခြင်းဖြစ်စေ၊ ချက်ပြုတ်ကြော်လှော်စားခြင်းဖြစ်စေ၊ ဖျော်ရည်လုပ်သောက်ခြင်းဖြစ်စေ မိမိကြိုက်နှစ်သက်ရာနည်းကိုရွေးချယ်ကာ စားသုံးလို့ရပါတယ်။

စနစ်တကျသိုလှောင်သိမ်းဆည်းသင့်

              မုန်လာဥနီကို ပလပ်စတစ်အိတ်ထဲထည့်ကာ လေလုံအောင်ချည်ပြီး ရေခဲသေတ္တာရဲ့ အအေးဆုံးနေရာမှာသိမ်ဆည်းထားပါက နှစ်ပတ်ကြာလောက်အထားခံပါတယ်။ ပန်းသီး၊ သစ်တော်သီး၊ အာလူး စတဲ့ဟင်းသီးဟင်းရွက်တွေနဲ့ ရောမထားသင့်ပါ။ ၎င်းတို့မှ ထုတ်တဲ့ ethylene ဓာတ်ငွေ့ကြောင့် မုန်လာဥနီအရသာကို ခါးသက်သက်ဖြစ်စေနိုင်ပါတယ်။

 

CMS

www.drmyanmar.com