/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မူးမေ့-သတိလစ်သွားသူကို-ဘယ်လိုကူညီမလဲ

မူးမေ့ သတိလစ်သွားသူကို ဘယ်လိုကူညီမလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       သတိမေ့သွားသူတစ်ယောက် တွေ့တဲ့အခါ ချက်ချင်း လှဲနေခိုင်းလိုက်ပါ။ လဲကျသွားတုန်း ထိခိုက်အနာတရ ရသွားနိုင်တဲ့အတွက် နေရာတော့ မရွှေ့သင့်ပါဘူး။ ဒဏ်ရာရနေသူကို နေရာရွှေ့ခြင်းဟာ အန္တရာယ်ရှိပါတယ်။

       ခါးပတ်၊ ကော်လံ၊ လည်စည်း စတဲ့ ကျပ်နေတဲ့အဝတ်တွေကို သွေးလည်ပတ်မှု ကောင်းစေဖို့ အကုန် ဖြေလျော့လိုက်ပါ။ ခြေထောက်ကို လွယ်အိတ်ဖြစ်ဖြစ်၊ အင်္ကီျဂျက်ကတ်ဖြစ်ဖြစ်နဲ့ ခံပြီး မြှောက်ထားခြင်းက ဦးနှောက်ကို သွေးပိုရောက်စေနိုင်ပါတယ်။

          သတိမေ့နေသူဟာ ခဏလေးနဲ့ ပြန်သတိရလာတတ်ပေမယ့် အားနည်းနေတတ်သေးတာကြောင့် ခဏလောက် လှဲနေစေပါ။ မြန်မြန် ပြန်ထလိုက်ခြင်းက နောက်တစ်ကြိမ် ပြန်လဲစေတတ်ပါတယ်။

          1 မိနစ်လောက်ကြာပြီးမှ ပြန်သတိမရလာတာ၊ အသက်ရှူ ကျပ်နေတာမျိုး ရှိရင်တေ့ာ အရေးပေါ်ကို အကြောင်းကြားသင့်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)