/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မျက်စိစွန်ခြင်းအတွက်-အကောင်းဆုံးအိမ်သုံးဆေးမြီးတိုများ

မျက်စိစွန်ခြင်းအတွက် အကောင်းဆုံးအိမ်သုံးဆေးမြီးတိုများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မျက်ခမ်းတစ်လျှောက်မှာ သေးငယ်ပြီးနီရဲနေတဲ့ အဖုနေရာလေးတွေဖြစ်နေတာကို မျက်စိစွန်တယ်လို့ခေါ်ကြပါတယ်။ အဆီဂလင်း (သို့) ချေွးဂလင်းတွေထဲကို ပိုးဝင်တာဖြစ်ပြီး ရောဂါပိုးဝင်တဲ့ ဂလင်းပေါ်မူတည်ပြီး အတွင်မျက်စိစွန်ခြင်းနဲ့ အပြင်မျက်စိစွန်ခြင်းဆိုပြီး ခွဲခြားနိုင်ပါတယ်။

          မျက်စိစွန်ခြင်းကြောင့် နာကျင်မှုကိုခံစားရနိုင်သော်လည်း အတွင်းမျက်စိစွန်ခြင်းကပို၍ နေရ ထိုင်ရခတ်စေပါတယ်။ ၎င်းစွန်တဲ့နေရာမှာ ပြည်၊ အရည်နဲ့ ဘက်တီးရီးယားပိုးတွေ စုဝေးနေတတ် တာကြောင့် ရောဂါပိုးမပျံ့နှံ့အောင် ပြည်အရည်တွေအပြင်မပေါက်ထွက်စေရန် ဂရုပြုကြရမည်ဖြစ်ပါတယ်။ ထိုကဲ့သို့ပေါက်ထွက်ခြင်းဟာ ရုတ်တရက်ဖြစ်တတ်သော်လည်း မကြာရှည်တတ်ပေ။

          အကြာဆုံးရောဂါဖြစ်ချိန်မှာ 10 ရက်ခန့်ဖြစ်ပြီး မသန့်ရှင်းတဲ့လက်တွေနဲ့ မျက်လုံးကို ပွတ်မိတာကြောင့်ဖြစ်ရခြင်းဖြစ်ပါတယ်။ ဆေးဝါးတွေရဲ့အကူအညီကိုရယူနိုင်သော်လည်း မျက်စိစွန်ခြင်းကို အိမ်မှာတင်ကောင်းစွာကုသနိုင်ပါတယ်။

1. ဆားရည်ဖြင့်မျက်စိဆေးခြင်း

        ဆားရည်ဖြင့် မျက်စိဆေးခြင်းသည် မျက်စိစွန်ခြင်းအတွက် အလွန်ပင် အစွမ်းထက်လှတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဆား၏အစွမ်းသတ္တိများမှာတာကျင်မှုကိုသက်သာစေခြင်း၊ ပိုးသေစေခြင်းနဲ့ ရောင် ရမ်းမှုကိုလျော့ကျစေနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။

          အနည်းဆုံးရေထမင်းစားဇွန်း 2 ဇွန်းထဲသို့ ဆားအနည်းငယ်ထည့်၍ ပူနွေးအောင်ပြုလုပ်ကာ ထိုဆားရည်ဖြင့် ဆေးကြောပေးပါ။ သတိပြုရန်မှာ မျက်စိသူငယ်အိမ်ကို မထိမိပါစေနှင့်။

2. နနွင်း

        နနွင်းသည် ပိုးသတ်နိုင်ခြင်း၊ အရောင်ကျစေခြင်းနဲ့ ဓာတ်တိုးဆန့်ကျင်ခြင်း အစွမ်းသတ္တိတွေရှိတာကြောင့် မျက်စိစွန်ခြင်းဝေဒနာကို သက်သာစေနိုင်တာဖြစ်ပါတယ်။ နနွင်းကို မျက်စဉ်းအနေဖြင့်လည်း အသုံးပြုနိုင်ပါတယ်။

          ရေနွေးဆူဆူ နှစ်ခွက်ခန့်ထဲသို့ နနွင်းအနည်းငယ်ထည့်ပါ။ ထိုအရည်ကို ခွက်တစ်ခွက်စာခန့်သာ ကျန်သည်အထိ မီးပြင်းပြင်းဖြင့် ဆူအောင်တည်ထားပါ။ ထို့နောက် အအေးခံထားပြီး ထိုနနွင်းရည်ဖြင့် မျက်လုံးကိုဆေးကြောပေးပါ။ နနွင်းမှုန့်များ အနည်ထိုင်ခြင်းမရှိဘဲ လုံးဝအရည်ပျော်သွားရန် အရေးကြီးလှပါတယ်။

3. တကိုယ်ရေသန့်ရှင်းရေး

        ပိုးဝင်ရခြင်း၏အဓိကအကြောင်းအရင်းမှာ မသန့်ရှင်းသောလက်များဖြင့် မျက်လုံးကို ပွတ်တာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် လက်ကိုရေနွေး၊ ဆပ်ပြာတို့ဖြင့် သေချာစွာဆေးကြောသင့်ပါတယ်။ လက်ဆေးဆပ်ပြားကိုလည်း အသုံးပြုနိုင်ပါတယ်။ ထို့ပြင် လက်ဖြင့်မျက်လုံးကိုမပွတ်ပါနှင့်။

4. ရေနွေးအိတ်ကပ်ခြင်း

        ရေနွေးအိတ်ကပ်ခြင်းဖြင့် ရောဂါပိုးများကိုသေစေရုံသာမက နာကျင်ခြင်း၊ နေရထိုင်ရခတ်ခြင်းတို့ကို သက်သာစေနိုင်ပါတယ်။ အပူရှိန်ကြောင့် သွေးလည်ပတ်မှုကောင်းလာပြီး သွေးဖြူဥများသည် လည်း ရောဂါပိုးတွေဆီပို၍ ရောက်ရှိလာကာ ပိုးများကို ပိုမိုအားကောင်းစွာတိုက်ထုတ်ပေးနိုင်ပါတယ်။

          သန့်ရှင်းတဲ့ အဝတ်စတစ်ခုကိုရေနွေးထဲစိမ်၍ ရေညှစ်ပြီး စွန်နေတဲ့မျက်စိပေါ်ကို အနည်းဆုံး 5 မိနစ်ခန့် ကပ်ထားပေးပါ။ အရေးကြီးသည်မှာ မျက်ခွံများအပူမလောင်စေရန်ဖြစ်ပြီး တစ်နေ့လျှင် 4-5 ကြိမ်ထိ ပြုလုပ်နိုင်ပါတယ်။

Dr. Thinzar Wynn

www.drmyanmar.com