/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရင်ပူခြင်းကိုသက်သာစေပြီး-အစာခြေခြင်းကိုပိုကောင်းစေဖို့အတွက်

ရင်ပူခြင်းကိုသက်သာစေပြီး အစာခြေခြင်းကိုပိုကောင်းစေဖို့အတွက် သဘာဝနည်းလမ်း 10 ချက်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1. ဂျင်း

          ရင်ပူခြင်းအတွက် ရှေးအကျဆုံးနည်းလမ်းတွေထဲကတစ်ခုဖြစ်တဲ့ ဂျင်းက ပျို့အန်ခြင်းများအတွက် ဆေးစွမ်းတစ်လက်ပဲဖြစ်ပါတယ်။ ဂျင်းကို အစိမ်း၊ ချက်ပြုတ်ပြီး (သို့) လက်ဖက်ရည်အဖြစ်သောက်သုံးနိုင်ပါတယ်။ အစာကြေစေဖို့အတွက် ဂျင်းနဲ့သံပုရာရည် စားပွဲတင်ဇွန်းတစ်ဇွန်းကို ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ရောပြီး ရေနွေး ၈ အောင်စဖန်ခွက်ထဲမှာရောပြီးသောက်သုံးပေးပါ။

2. နွယ်ချို

          နွယ်ချိုလက်ဖက်ရည်နဲ့ နွယ်ချိုက ရင်ပူခြင်းကိုသက်သာစေပြီး အစာခြေခြင်းကိုကောင်းမွန်စေပါတယ်။ သူ့မှာ သဘာဝအတိုင်း အစာအိမ်ကိုကောင်းမွန်စေတဲ့ဂုဏ်သတ္တိတွေရှိပြီး ရင်ပူခြင်းလက္ခဏာတွေကိုသက်သာစေပါတယ်။

3. ရှားစောင်းလက်ပတ်

          ရှားစောင်းလက်ပတ်က အသားအရေနူးညံ့စေတဲ့အစွမ်းထက်သဘာဝအပင်တစ်မျိုးဖြစ်ရုံသာမက ခန္ဓာကိုယ်တွင်းရှိအမြှေးပါးတွေကိုလည်း ချောမွေ့စေပါတယ်။ ရှားစောင်းလက်ပတ်ရည်က အစာပြွန်နဲ့အစာအိမ်ရောင်ရမ်းခြင်းကိုသက်သာစေဖို့အတွက် အထောက်အကူဖြစ်စေတဲ့ ရောင်၇မ်းခြင်းကိုတိုက်ဖျက်နိုင်စွမ်းရှိပြီး ရင်ပူခြင်းကိုသက်သာစေပါတယ်။ အစောခြေမှုပိုကောင်းစေဖို့အတွက် အစာမစားမီ ရှားစောင်းလက်ဖက်ဖျော်ရည် ခွက်တစ်ဝက်သောက်သုံးပေးပါ။

Kremil-S 1

4. ငှက်ပျောသီး

          ငှက်ပျောသီးဟာဆိုရင် သူ့ရဲ့ အစာအိမ်နံရံကိုဖုံးအုပ်ပေးနိုင်စွမ်းနဲ့ အက်ဆစ်အလွန်အကျွံထုတ်ခြင်းကို ချေဖျက်ပေးနိုင်စွမ်းတို့ကြောင့် လူသိများကျော်ကြားပါတယ်။ ငှက်ပျောသီး အမှည့်စားသုံးခြင်းက ရင်ပူခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။

5. ပီကေဝါးခြင်း

          ပီကေဝါးခြင်းက အစာစားပြီးနောက်ခံတွင်းနံ့တွေကိုသက်သာစေနိုင်တယ်လို့ အသိများကြပြီး လေ့လာမှုတွေအရ ဒါက အစာခြေတာကိုကောင်းမွန်စေပြီး ရင်ပူခြင်းကိုကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ လေ့လာမှုတစ်ခုအရ အစာအိမ်တွင်းကအက်ဆစ်အပေါ်ပြန်ကန်တက်တဲ့ရောဂါရှိသူတွေမှာ အစာစားပြီးနောက် သကြားမပါတဲ့ ပီကေကို မိနစ် ၃၀ ကြာဝါးပေးခြင်းဖြင့် လက္ခဏာတွေကိုလျော့ကျစေကြောင်းတွေ့ရှိရပါတယ်။ ပီကေဝါးခြင်းဖြင့် တံတွေးပိုထွက်စေကာ အက်ဆစ်တွေကိုအားပျော့စေသလို တံတွေးတွေကိုခဏခဏမြိုချရတဲ့အတွက် အစာပြွန်ထဲကိုတက်လာတဲ့အက်ဆစ်တွေကို အောက်ပြန်ကျစေပါတယ်။

Kremil-S 2

6. မုန််လာဥနီဖျော်ရည်

          မုန်လာဥနီဖျော်ရည်ကို ဟင်းနုနွယ်ရွက်ရည်နဲ့တွဲပြီးသောက်သုံးခြင်းက အစာအိမ်ရောင်ရမ်းခြင်းအတွက် အကောင်းဆုံးကုထုံးပါပဲ။ မုန်လာဥနီဖော်ရည်နဲ့ ဟင်းနုနွယ်ဖျော်ရည်စတူရောပြီး မနက်တိုင်းပုံမှန်သောက်သုံးပေးခြင်းဖြင့် နာတာရှည်အစာအိမ်ရောင်ရမ်းခြင်းနဲ့ ရင်ပူခြင်းတို့အတွက် အထောက်အကူဖြစ်စေပါတယ်။

7. မုန့်ဖုတ်ဆိုဒါ

          ရင်ပူပါက မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ဇွန်းတစ်၀က် (သို့) ၁ ဇွန်းကို ရေတစ်ဖန်ခွက်ထဲမှာရောပြီိးသောက်ပေးပါ။ ဒါကအကျိုးရှိပေမယ့် ဆိုဒီယမ်ပါဝင်မှုများတဲ့အတွက် ရောင်ရမ်းခြင်း၊ ပျို့ခြင်းစတဲ့ဆိုးကျိုးတွေကိုဖြစ်စေနိုင်လို့ မကြာခဏသောက်သုံးခြင်းတော့ မပြုသင့်ပါဘူး။

 

>> အစာခြေအားကောင်းစေဖို့အတွက် ထပ်လောင်းအကြံပြုချက်များ

     အထက်ပါအချက်တွေအပြင် လူနေမှုပုံစံအပြောင်းအလဲတွေကလည်း အစာခြေခြင်းကိုပိုမိုကောင်းမွန်စေပါတယ်။ ရင်ပူခြင်းကိုသက်သာစေဖို့အတွက် အစွမ်းထက်နည်းလမ်းအချို့ကတော့-

  • ကိုယ်စားသုံးတဲ့အစားအစာတွေကို သေချာရေးမှတ်ထားပါ။ တစ်ခုခုကြောင့် ရင်ပူတယ်ဆိုရင် ဒီအစားအစာကိုရှောင်ကြဉ်ပါ။
  • အိပ်ရာမဝင်မီ ၂-၃ နာရီလောက်အလိုမှာ အစာမစားပါနဲ့တော့။
  • အစာစားတဲ့အခါမှာ ဖြေးဖြေးနဲ့ ကြေညက်စွာဝါးစားပါ။
  • ဆေးလိပ်ဖြတ်ပါ။
  • အစာစားတဲ့အခါ ဘောင်းဘီ (သို့) ခါးပတ်ကိုဖြေလျှော့ထားခြင်းဖြင့် အစာအိမ်အပေါ်ဖိအားသက်ရောက်မှုကိုလျော့ကျစေပါတယ်။

          အထက်ပါ နေထိုင်မှုဆိုင်ရာအလေ့အကျင့်တွေနဲ့ သဘာဝနည်းလမ်းတွေကို လိုက်နာခြင်းဖြင့် ပိုပြီးအစာခြေအားကောင်းစေပါလိမ့်မယ်။ ရင်ပူခြင်းအတွက် သဘာဝနည်းလမ်းနဲ့ အိမ်တွင်းကုထုံးတွေကို ၂-၃ ပတ်လောက်စားကြည့်ပြီးလို့ လက္ခဏာတွေသက်သာလာတာ တိုးတက်လာတာမရှိဘူးဆိုရင် ဆရာဝန်သွားပြပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)