ရေကူးခြင်းမှ ရရှိသောကျန်းမာရေးကောင်းကျိုးများ
ရေကူးခြင်းဆိုတာ ရေရဲ့တွန်းကန်အားကိုဆန့်ကျင်ပြီး လှုပ်ရှားရတာဖြစ်တာကြောင့် ခန္ဓာကိုယ်တစ်ခုလုံးအတွက် အလွန်ပင်ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ရေကူးခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ -
- နှလုံးခုန်နှုန်းကို မြန်စေသော်လည်း စိတ်ဖိစီးမှုကိုလျော့ကျစေခြင်း
- ကြံ့ခိုင်မှု၊ ကြွက်သားသန်မာမှု၊ နှလုံးကျန်းမာရေးကောင်းမွန်မှုတွေကို ရရှိစေခြင်း
- ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းပေး၍ နှလုံးနဲ့အဆုတ်ကျန်းမာရေးကိုကောင်းမွန်စေခြင်း
- ကြွက်သားများကို ကျစ်လျစ်စေ၍ သန်မာစေခြင်း
- ရေကူးနေစဉ် ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများလှုပ်ရှားရတာကြောင့် လေ့ကျင့်ခန်းသီးသန့်ပြုလုပ်စရာမလိုခြင်း
အခြားအကျိုးကျေးဇူးများ
- စိတ်အပန်းဖြေစေရုံသာမက ပျော်ရွှင်ဖွယ်ရာလေ့ကျင့်ခန်းဖြစ်ခြင်း
- စိတ်ဖိစီးမှုကိုလျော့ကျစေခြင်း
- သန်မာဖျတ်လတ်၍ ကိုယ်နေဟန်ထားကို ကောင်းမွန်စေခြင်း
- အချို့သော ထိခိုက်ဒဏ်ရာရမှုများအတွက် ကုထုံးတစ်ခုဖြစ်ခြင်း
- ပူအိုက်သောနေ့များတွင် ရေကူးခြင်းဖြင့် စိတ်ရွှင်လန်းချမ်းမြေ့စေခြင်း
- ရေကူးခြင်းကို ရေကူးကန်၊ ကမ်းခြေ၊ ရေကန်၊ ရေလှောင်တမံ၊ မြစ်ချောင်း စတဲ့နေရာတော်တော်များများမှာ ပြုလုပ်နိုင်ခြင်း
ရေကူးခြင်းဆိုင်ရာ အကြံပေးချက်အချို့
- ဘေးကင်လုံခြုံသော ပတ်ဝန်းကျင်ကိုရွေးချယ်ခြင်း
- ရေထဲမဆင်းမီ သွေးပူလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အကြောလျော့ခြင်း
- ရေများများသောက်ခြင်း
- အစပိုင်းတွင် အလွန်အကျွံ ပြုလုပ်ရန်မသင့်ခြင်း
သတိပြုရန်အချက်များ
- ရေကူးခြင်းသည် စိတ်ပျော်ရွှင်စေရုံသာမက ကျန်းမာရေးအတွက်ကောင်းမွန်စေ၍ အပေါင်းအသင်းလည်း တိုးပွားနိုင်ပါတယ်။
- တစ်သက်တာလုံးပြုလုပ်နိုင်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။
- ကရိကထမများဘဲ စိတ်ရောကိုယ်ပါ ကြံ့ခိုင်စေတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။
- ရေကူးတော့မည်ဆိုပါက ဘေးကင်းလုံခြုံရန်မှာတော့ အရေးကြီးဆုံးဖြစ်ပါတယ်။
Dr. Thinzar Wynn















