/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရေနွေးသောက်ခြင်းဟာ-အလှအပအတွက်လည်း-အကျိုးရှိပါတယ်

ရေနွေးသောက်ခြင်းဟာ အလှအပအတွက်လည်း အကျိုးရှိပါတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.      နုပျိုစေခြင်း

        ကြီးရင့်အိုမင်းလာခြင်းဟာ သဘာဝဖြစ်ပေမယ့် အရွယ်မတိုင်မီ အိုမင်းခြင်းများ ဖြစ်တတ်ပါတယ်။ ဒါကို ကာကွယ်ဖို့အတွက် ရေနွေး သောက်ပေးနိုင်ပါတယ်။ ရေနွေးက ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို လျင်မြန်စွာ စွန့်ပစ်ပေးနိုင်ပြီး ဓာတ်တိုးပစ္စည်းများကို လျော့နည်းစေနိုင်တဲ့အတွက် အသားအရေ နုပျိုစေနိုင်ပါတယ်။ ဒါ့အပြင် အရေပြား ကလာဒ်စည်း ဆဲလ်အသစ်ဖြစ်ခြင်းကို အားပေးတဲ့အတွက် ချောမွေ့တဲ့အသားအရေကို ရရှိစေနိုင်ပါတယ်။

 

2.      ဝက်ခြံနဲ့ အမည်းစက်တွေကို ကာကွယ်ပေးခြင်း

          ဟော်မုန်းဓာတ်တွေနဲ့ ဘက်တီးရီးယား ပိုးမွှားတွေကြောင့် ဝက်ခြံ ဖြစ်လာတတ်ပါတယ်။ အဆီပြန်တဲ့ အသားအရေမှာ ဆဲလ်သေတွေ စုပုံလာပြီး ဝက်ခြံ ဖြစ်တတ်ပါတယ်။ ရေနွေးသောက်ခြင်းဖြင့် ဘက်တီးရီးယား ပိုးမွှားတွေကို သေစေနိုင်ပြီး ဆဲလ်အသစ် ဖြစ်ပေါ်မှုကို အားပေးပါတယ်။

 

3.      ကျန်းမာလှပတဲ့ အသားအရေကို ရစေခြင်း

          ရေဓာတ် ဆုံးရှုံးခြင်းက အသားခြောက်စေနိုင်ပါတယ်။ ဒါကြောင့် ရေဓာတ် ပြည့်ဝပြီး သွေးလှည့်ပတ်မှု ကောင်းစေနိုင်တဲ့ ရေနွေးကို သောက်သုံးပြီး ဝင်းမွတ်စိုပြေတဲ့ အသားအရေကို ရယူလိုက်ပါ။

 

4.      အရေပြား ပိုးဝင်မှုကို ပျောက်ကင်းစေနိုင်ခြင်း

          ဝက်ခြံ၊ မှည့်ခြောက်၊ နှင်းခူ၊ ကာလဝမ်းစတဲ့ ပိုးမွှားရောဂါမျိုးစုံအတွက် ကောင်းမွန်ပါတယ်။ ရေကို ကျွတ်ကျွတ်ဆူ သောက်တဲ့အခါ ပိုမိုသန့်စင်တဲ့အတွက် ပိုးမွှားများကို သေစေနိုင်ပါတယ်။

 

5.      ဆံပင်ကို သန်မာစေခြင်း

          ရေနွေးသောက်ခြင်းဖြင့် ဆံကေသာကို အရင်းကနေ အားဖြည့်ပေးပြီး နက်မှောင်တောက်ပစေပါတယ်။

 

6.      ဆံပင် အရှည်မြန်စေခြင်း

          ရေနွေးက ဆံပင်အရှည် မြန်စေပြီး ဆံပင် ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။

 

7.      ဗောက်ပျောက်စေခြင်း

          ရေနွေးသောက်ခြင်းဖြင့် ဆံပင်ဦးရေ အစိုဓာတ် ဖြည့်ပေးတဲ့အတွက် ဗောက်ထခြင်းကို သက်သာစေပါတယ်။

 

8.      ဆံနွယ်များကို ပျော့ပြောင်းစေနိုင်ခြင်း

          ရေနွေးသောက်ခြင်းဖြင့် ဆံသားအောက်ခြေအထိပါ အားဖြည့်ပေးတဲ့အတွက် ပျော့ပြောင်း နက်မှောင်စေပါတယ်။ ဆံပင်၏ သဘာဝသန်စွမ်းမှုကို ပြန်လည်ရရှိစေနိုင်ပါတယ်။

          ဒါကြောင့် ရေဟာ ကိုယ်ခန္ဓာမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ပိုင်း ဖြစ်တဲ့အတွက် ရေအေးသောက်မယ့်အစား ရေနွေးနွေးကို သောက်ပေးခြင်းဖြင့် ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)