ရေနွေးသောက်ခြင်း၏ အကျိုးကျေးဇူးများ
1. ကိုယ်အလေးချိန်လျော့ကျစေခြင်း
ရေနွေးသည် ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေကို ပိုမိုကောင်းမွန်စေနိုင်တာကြောင့် မနက်စောစောတွင် ရေနွေးတစ်ခွက်ကို သံပုရာသီးအရည် နည်းနည်းထည့်၍ သောက်သုံးသင့်ပါတယ်။ ထို့ပြင် ရေနွေးသည် ခန္ဓာကိုယ်ရှိအဆီတစ်သျှူးများပြိုကွဲစေရန်လည်း အကူအညီပေးပါတယ်။
2. နှာခေါင်းပိတ်၍ လည်ချောင်းနာခြင်းကို သက်သာစေခြင်း
ရေနွေးသောက်ခြင်းသည် အအေးမိခြင်း၊ ချောင်းဆို်းခြင်းနဲ့ လည်ချောင်းနာခြင်းတို့ကို သက်သာပျောက်ကင်းတဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။ ချွဲပျော်စေ၍ ချွဲများကိုအသက်ရှုလမ်းကြောင်းမှတဆင့် စွန့်ထုတ်ပေးတာကြောင့် လည်ချောင်းနာခြင်းကို သက်သာစေတဲ့အပြင် နှာပိတ်ခြင်းကိုပါပျောက်ကင်းစေနိုင်တာဖြစ်ပါတယ်။
3. ဓမ္မတာလာစဉ် ဗိုက်အောင့်ခြင်း
ရေနွေးရဲ့အပူရှိန်သည် ဝမ်းဗိုက်ကြွက်သားတွေကိုပြေလျော့၍ ချော့မွေ့စေတာကြောင့် ဓမ္မတာလာစဉ် ဝမ်းဗိုက်ကြွက်သား တင်းအားများခြင်းများကို သက်သာစေတာဖြစ်ပါတယ်။
4. ခန္ဓာကိုယ်မှ အဆိပ်အတောက်များကိုဖယ်ရှားခြင်း
ရေနွေးပူပူတစ်ခွက်ကိုသောက်သုံးလိုက်ပါက ခန္ဓာကိုယ်အပူချိန်သည် မြင့်တက်လာပြီး ချေွးထွက်စေပါ လိမ့်မယ်။ ချေွးထဲတွင် ခန္ဓာကိုယ်မှအဆိပ်အတောက်များ ပါသွားတာကြောင့် ခန္ဓာကိုယ်ဟာ သန့်စင်သွားပါလိမ့်မယ်။ အကျိုးကျေးဇူးကိုအပြည့်အဝခံစားလိုပါက သံပုယိုသီးကို အရည်ညှစ်၍ ရေနွေးထဲထည့်သောက်ပါ။
5. အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုများကို ကာကွယ်ခြင်း
ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေဟာ အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေနိုင်တာကြောင့် ဖယ်ရှားသင့်ပါတယ်။ ထို့ပြင် ရေနွေးသည် အရေပြားဆဲလ်တွေကိုပြုပြင်ပေးတာကြောင့် အရေပြားကျုံ့နိုင်ဆန့်နိုင်စွမ်းအားကို ပိုမိုကောင်းမွန်စေပါတယ်။ နောက်ဆက်တွဲအနေဖြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြင့် ပျက်စီးနေသော အရေပြားမှအသစ်တစ်ဖန် ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။
6. ဝက်ခြံများကိုကာကွယ်ပေးခြင်း
ရေနွေးဖြင့်မျက်နှာသစ်ခြင်းဖြင့် အရေပြားအတွင်းပိုင်းထိသန့်စင်ပေးပြီး ဝက်ခြံဖြစ်စေနိုင်တဲ့ ပိုးမွှားများကိုလည်း ဖယ်ရှားပေးပါတယ်။
7. ဆံသားကျန်းမာရေး
ရေနွေးသောက်ခြင်းသည် သန်စွမ်းနက်မှောင်၍ တောက်ပသောဆံကေသာကိုလည်း ပိုင်ဆိုင်စေနိုင်ပါတယ်။ ဆံပင်အရင်းမှာရှိတဲ့ အာရုံကြောတွေကိုအားဖြည့်ပေးတာကြောင့် သဘာဝအတိုင်းဆံသားလှပမှုကို ပြန်လည်ရရှိစေမှာဖြစ်ပါတယ်။
8. ဆံပင်သန်စေခြင်း
ရေနွေးသည် ဆံသားအရင်းတွေကို လှုံ့ဆော်ပေးနိုင်တာကြောင့် ဆံပင်ကို အရှည်မြန်စေတာဖြစ်ပါတယ်။
9. ဗောက်ထခြင်းမှ ကာကွယ်ခြင်း
ရေနွေးသည် ဦးရေပြားကိုရေဓာတ်ဖြည့်ပေးနိုင်တာကြောင့် ဦးရေပြားခြောက်သွေ့ခြင်း နဲ့ ဗောက်ရောဂါတွေကို သက်သာစေနိုင်ပါတယ်။
10. သွေးလည်ပတ်မှုကောင်းမွန်စေ၍ အာရုံကြောစနစ်ကို မြှင့်တင်ပေးခြင်း
ကြွက်သားနဲ့ အာရုံကြောလှုပ်ရှားမှုတွေ ကောင်းမွန်စေရန် အရေးကြီးသွေးလည်ပတ်ခြင်း ကို မြှင့်တင်ပေးနိုင်တာ ကလည်း ရေနွေးရဲ့အရေးပါတဲ့ အကျိုးကျေးဇူးတစ်ခုဖြစ်ပါတယ်။ ထို့ပြင် အာရုံကြောအနားတစ်ဝိုက်မှာရှိတဲ့ စုပုံနေတဲ့ အဆီတွေကိုလည်း ချေဖျက်ပေးနိုင်ပါတယ်။
11. အစာချေစနစ်ကို ကူညီပေးခြင်း
သုတေသနပြုလုပ်ချက်များအရ အစာစားနေစဉ် (သို့) အစာစားပြီးနောက် ရေအေးသောက်ခြင်းသည် အစားအစာထဲတွင် ပါဝင်သည့်အဆီများကို ခဲသွားစေနိုင်တာကြောင့် အူနံရံအတွင်းပိုင်းမှာ အဆီတွေစုပုံပြီး အူကင်ဆာဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ရေအေးသောက်ခြင်းအလေ့အထကို ရေနွေးဖြင့် အစားထိုးလိုက်ပါက ထိုပြဿနာတွေကို ရှောင်ရှားနိုင်မယ့်အပြင် ရေနွေးသည် အစာချေရာတွင်လည်း အကူအညီပေးနိုင်ပါတယ်။
12. အူလမ်းကြောင်းလှုပ်ရှားမှုကောင်းစေခြင်း
အစာချေဖျက်ခြင်းအပြင် ရေနွေးသောက်ခြင်းဖြင့် အူလမ်းကြောင်းလှုပ်ရှားမှုများကို ကောင်းမွန်စေ၍ နာကျင်မှုမရှိအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ဝမ်းချုပ်ခြင်းကို အမြဲတစေခံစားရနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ အညစ်အကြေးတွေအူထဲမှာ စုပုံလာပြီး အူလှုပ်ရှားမှုတွေဟာ နှေးကွေးလာနိုင်ပါတယ်။ ဒါကြောင့် ရေနွေးပူပူတစ်ခွက်ကို မနက်တိုင်းဘာမျှမစားမီတွင် သောက်သုံးသင့်ပါတယ်။ ထိုသို့သောက်ခြင်းဖြင့် စားကြွင်းစားကျန်တွေကိုဖြိုခွဲ၍ အူလမ်းကြောင်းတစ်လျှောက်အလွယ်တကူ ရွေ့လျားနိုင်အောင် အကူအညီပေးနိုင်ပါတယ်။
13. အူလမ်းကြောင်းကိုသန့်စင်ပေးခြင်း
မနက်စောစောမှာ ရေနွေးပူပူတစ်ခွက်သောက်ခြင်းဖြင့် ခန္ဓာကိုယ်မှအဆိပ်အတောက်တွေကို ဖယ်ရှား၍ ခန္ဓာကိုယ်ကို သန့်စင်စေပါတယ်။ ရေနှင့် အခြားအရည်များသည် အစာအိမ်အတွင်းရှိ အစာများကိုချေဖျက်ရာတွင် အကူအညီပေး၍ အစာချေဖျက်ခြင်းစနစ်ကို ပုံမှန်အတိုင်းလည်ပတ်စေပါတယ်။ ရေနွေးသည် ထိုအစားအစာတွေကို ပိုမိုလျင်မြန်စွာချေဖျက်နိုင်တဲ့အပြင် အစာချေရာမှာလည်း ပိုမိုလွယ်ကူစေပါတယ်။ ရေခဲ၊ ရေအေးတွေမှာ အစာချေခြင်းလုပ်ငန်းအတွက် လိုအပ်တဲ့ဆားဓာတ်တွေကို ဖယ်ရှားပစ်တာကြောင့် အစာစားပြီးနောက် ရေအေးအစား ရေနွေးကိုသာသောက်သုံးသင့်ပါတယ်။
14. ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း
ဝမ်းချုပ်ခြင်းကို လူတိုင်းတော်တော်များများကြုံတွေ့ဖူးပါလိမ့်မယ်။ ဗိုက်ပွ၍ ဝမ်းချုပ်ခြင်းဆိုတာ ခန္ဓာကိုယ်ထဲမှာရေဓာတ်နည်းလို့ပဲဖြစ်ပါတယ်။ မနက်စောစောအစာမစားမီ ရေနွေးတစ်ခွက်သောက်ခြင်းဟာ အူလှုပ်ရှားမှုတွေကို ကောင်းမွန်စေတာကြောင့် ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါတယ်။ ရေနွေးသည် အစာတွေကိုချေဖျက်၍ အူလမ်းကြောင်းတလျှောက် ရွေ့လျားစေခြင်းဖြင့် အူကိုလှုံ့ဆော်ကာ ပုံမှန်အတိုင်းအလုပ်လုပ်ရန် အကူအညီပေးပါတယ်။
15. နာကျင်ခြင်းကို သက်သာစေခြင်း
ရေနွေးသည် ဓမ္မတာလာစဉ်ကိုက်ခဲမှုများမှ အစပြု၍ ခေါင်းကိုက်ခြင်းတိုင်အောင် အကူအညီပေးနိုင်တဲ့ အိမ်သုံးဆေးမြီးတိုတစ်လက်ဖြစ်ပါတယ်။ ရေနွေးကပ်ခြင်းသည် အရေပြားသို့သွေးစီးဆင်းမှုကိုကောင်းမွန်စေကာ တင်းနေတဲ့ကြွက်သားတွေကိုလည်း ပြေလျော့စေပါတယ်။
မနက်တိုင်းကော်ဖီအစား အပူချိန် 185◦ရှိတဲ့ ရေနွေးတစ်ခွက်သောက်ခြင်းဖြင့် ကျန်းမာရွှင်လန်းကာ အသက်ရှည်စေနိုင်ပါတယ်။
ရေနွေးမသောက်သုံးသင့်သည့် အချိန်များ
လေ့ကျင့်ခန်းပြုလုပ်ပြီးချိန်တွင် ခန္ဓာကိုယ်အပူချိန်မှာ မြင့်တက်နေတာကြောင့် ရေနွေးသောက်သုံခြင်း ကို ရှောင်ကြဉ်သင့်ပါတယ်။ ရေနွေးအစား ရေအေးသောက်ခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကိုလျော့ကျစေနိုင်ပါတယ်။
Dr. Thinzar Wynn
















