/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လိင်မှုကိစ္စနဲ့-အယူအဆအမှားများ-၂

လိင်မှုကိစ္စနဲ့ အယူအဆအမှားများ (၂)

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       ဒီလိုလိင်မှုကိစ္စနဲ့ ပတ်သတ်တဲ့ အယူအဆအမှားတွေကို လူတိုင်း ကြားဖူးကြလိမ့်မယ်လို့ ထင်တယ်။ အထူးသဖြင့် လူပျို၊ အပျိုဖော် ဝင်ခါစမှာပေါ့။

 

၁။     တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ မကောင်းဘူး။

          တစ်ကိုယ်ရည် အာသာဖြေတာနဲ့ ပတ်သက်ပြီး ပြောဆိုကြတာတွေ အများကြီးပါပဲ။ တစ်ကိုယ်ရည် အာသာဖြေရင် အမျိုးသားတွေ မျက်စိကန်းမယ်၊ အင်္ဂါ ထောင်မတ်နိုင်စွမ်း ကျမယ်၊ အမျိုးသမီးတွေမှာ လိင်ဆက်ဆံရာမှာ ဒုက္ခတွေ့မယ် စသဖြင့် အများကြီးပါပဲ။

          တကယ်တော့ မျက်စိနဲ့လိင်အင်္ဂါနဲ့ ဘာမှဆက်စပ်မှုမရှိဘူးနော်။ တစ်ကိုယ်ရည် အာသာဖြေတာဟာ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်တာ၊ ဓမ္မတာ နာကျင်တာတွေကို သက်သာစေတာအပြင် ကိုယ့်ခန္ဓာကိုယ်အကြောင်း ပိုသိစေနိုင်တယ်။

          အမျိုးသားတွေမှာ အင်္ဂါ ထောင်မတ်နိုင်စွမ်း ကျတယ်ဆိုတာတော့ မဟုတ်ပေမယ့် အာသာဖြေချိန် အမြန်ပြီးနေကျဖြစ်နေရင် အမျိုးသမီးနဲ့ တကယ်အတူနေချိန်မှာလည်း ကြာချင်သလောက် မကြာနိုင်တာမျိုးတော့ ရှိတတ်တယ်။ ဒါကို ကာကွယ်ဖို့အတွက် အာသာဖြေချိန်မှာလည်း တကယ်အတူနေသလို အချိန်ပေးကြည့်ပါ။

 

၂။     လိင်ဆက်ဆံခြင်းက အာကစားစွမ်းဆောင်မှုကို ကျစေတယ်။

          စဉ်းစားကြည့်လိုက်ရင်တော့ ဟုတ်သလိုလိုပါပဲနော်။ အားကစားပွဲတွေ မဝင်ခင်မှာ လငိ်ဆက်ဆံတာလိုမျိုး အားစိုက်ရတဲ့အလုပ်မိျုးက အားအင်ကုန်ခန်း စေတတ်တယ်လို့ ထင်ချင်စရာပါပဲ။  တကယ်တော့ ဘာမှမဆိုင်ပါဘူးတဲ့။

          ဒါပေမဲ့လည်း ထပ်ပြီးလေ့လာစရာတွေတော့ ရှိပါသေးတယ်။ တစ်ခုထောက်ပြစရာ ရှိတာက ပွဲမဝင်ခင် အားကစားသမားရဲ့ စိတ်အခြေအနေပါ။

          အားကစားသမားဟာ ပွဲမဝင်ခင်ညမှာ အရမ်းကို စိတ်လှုပ်ရှားနေတယ်ဆိုရင် လိင်ဆက်ဆံတာဟာ စိတ်အပြောင်းအလဲ ဖြစ်စေနိုင်တယ်။ အကယ်၍ စိတ်ဖိစီးမှု မရှိဘူး၊ သူကိုယ်တိုင်ကလည်း စိတ်ပါတယ်ဆိုရင်လည်း တားစရာမလိုပါဘူး။

          လိင်မှုကိစ္စ အယူအဆတွေနဲ့ ပတ်သတ်ရင် တွေ့သမျှ၊ ပြောသမျှတွေကို မယုံကြည်ဘဲ တကယ်သိပ္ပံနည်းကျ လေ့လာချက်တွေကို ရှာဖွေဖတ်ရှုပြီးမှ ချင့်ယုံပါ။ တကယ်အရေးကြီဆုံးက ကိုယ့်ခန္ဓာကိုယ်အကြောင်းကို ကိုယ် သိပါစေ။

Dr. Emerld (www.drmyanmar.com)