/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လူတိုင်းအတွက်-ဗီတာမင်ဓာတ်

လူတိုင်းအတွက် ဗီတာမင်ဓာတ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဗီတာမင်ဓာတ်ဟာ ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်တွေအတွက် အရေးပါတဲ့အရာတွေပဲ ဖြစ်ပါတယ်။ ကိုယ်ခံစွမ်းအားကို မြင့်မားလာစေအောင်၊ အာရုံကြောတွေ ကောင်းမွန်စွာ အလုပ်လုပ်နိုင်အောင်၊ အစာအာဟာရများကို စွမ်းအင်အဖြစ် ပြောင်းလဲအသုံးချနိုင်အောင် ဗီတာမင်ဓာတ်တွေက ကူညီလုပ်ဆောင်ပေးပါတယ်။

          ဒီလိုအရေးကြီးတဲ့ ဗီတာမင်ဓာတ်တွေ ရဖိုအတွက် ကြော်ငြာနေတဲ့ ဗီတာမင်အားဆေးတွေကို တကူးတက ဝယ်သောက်နေစရာ မလိုပါဘူး။ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေကတစ်ဆင့် လိုအပ်တဲ့ဗီတာမင်ဓာတ်တွေကို ရရှိနိုင်ပါတယ်။

          ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ၊ အဆီထုတ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးပေးခြင်း၊ ရေများများသောက်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဆီများ၊ ပရိုတင်းဓာတ်နဲ့ မပြုပြင်ထားတဲ့ နှံပြောင်းစပါးများကို စားသုံးပေးခြင်း စတဲ့ မျှတညီညွတ်တဲ့ စားသောက်ပုံတွေဟာ ဗီတာမင်ဓာတ်ကို အပြည့်အဝ ရစေနိုင်ပါတယ်။

          သို့သော် အသက်အရွယ်ကြီးတဲ့ အဘိုးအဘွားတွေမှာ -

●        အစားအသောက်ပျက်ခြင်း

●        သွားမကောင်းတော့ခြင်း၊ မဝါးနိုင်တော့ခြင်း

●        ငွေကြေးချို့တဲ့ခြင်း

●        ကျန်းမာရေးနှင့် ညီညွတ်စွာ မစားသုံးနိုင်ခြင်း စတာတွေကြောင့် ဗီတာမင်ဓာတ် ချို့တဲ့တတ်ကြပါတယ်။

          ဒါ့အပြင် အသက်အရွယ် ကြီးရင့်လာတဲ့အချိန်မှာ ခန္ဓာကိုယ်ဟာ ငယ်ရွယ်စဉ်ကလို အစာအာဟာရ ပြည့်ဝအောင် မစွမ်းဆောင်နိုင်တော့ပါဘူး။ ဒါကြောင့် အသက်ကြီးလာတာနဲ့အမျှ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ဗီတာမင်ဖြည့်စွက်စာများ စားသုံးပေးခြင်းဖြင့် ဗီတာမင်ချို့တဲ့မှုကို ကာကွယ်ပေးနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)