/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အမြင်အာရုံ-ကောင်းစေဖို့

အမြင်အာရုံ ကောင်းစေဖို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အမြင်အာရုံကောင်းချင်ရင် ဒီအကျင့်တွေပြင်ဖို့ လိုပါတယ်။

၁။     အစိမ်းရောင် အသီးအနှံတွေ၊ ဗီတာမင်အေ၊ စီ၊ လူတင်နဲ့ ဘီတာကယ်ရိုတင်းဓာတ်တွေ ကြွယ်ဝတဲ့ အစားအသောက်တွေကို ရှောင်ခြင်း။

          ကျန်းမာရေးဟာ ကိုယ်စားတဲ့ အစားအသောက်ပေါ် မူတည်နေပါတယ်။ အမြင်အာရုံဟာလည်း ဒီလိုပါပဲ။ အမြင်အာရုံအတွက် လိုအပ်တဲ့ဗီတာမင်နဲ့ သတ္တုဓာတ်တွေကတော့ -

●        ဘီတာကယ်ရိုတင်း

          ပါဝင်တဲ့ အစားအစာများ : မုန်လာဥနီ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ ဂေါ်ဖီ၊ ကိုက်လံ၊ ရွှေဖရုံ

 

●        လူတိန်းနဲ့ Zeaxanthin

          ပါဝင်တဲ့ အစားအစာများ : ဟင်းနုနွယ်ရွက်၊ ကိုက်လံ၊ မုန်ညင်းရွက်၊ မုန်လာရွက်၊ Squash

 

●        အိုမီဂါ ၃ အဆီ

          ပါဝင်တဲ့ အစားအစာများ : ဆယ်လ်မွန်ငါး၊ မက်ကရယ်ငါး၊ ငါးသလောက်၊ ငါးကြီးဆီ၊ သစ်ကြားသီး

 

●        ဗီတာမင်အေ

          ပါဝင်တဲ့ အစားအစာများ : အမဲ သို့မဟုတ် ကြက်အသည်း၊ ဥ၊ ထောပတ်၊ နို့

 

●        ဗီတာမင်စီ

          ပါဝင်တဲ့ အစားအစာများ : ငရုတ်ပွ (အနီ၊ အစိမ်း)၊ ကိုက်လန်၊ စတော်ဘယ်ရီ၊ ပန်းဂေါ်ဖီစိမ်း၊ လိမေ္မာ်သီး၊ သခွားမွေးသီး

 

၂။     တစ်နေရာတည်း အကြာကြီး ထိုင်နေခြင်း

          စားပွဲမှာ အကြာကြီးထိုင် အလုပ်လုပ်ရသူတွေဟာ သတ်မှတ်ထားတဲ့ တစ်နေ့ ၁ ကြိမ်၊ ၂ ကြိမ်ခန့် ၁၅ မိနစ် နားချိန်ကို မယူတတ်ကြပါဘူး။ တစ်နေ့ကို ၅ မိနစ်စီ၊ ၄ ကြိမ်လောက် အနားယူပေးခြင်းက မျက်ရိုး ကိုက်တာ၊ အမြင် ဝေဝါးတာ၊ အပေါ်ပိုင်း တောင့်တင်းလာတာတွေကို သက်သာစေနိုင်ပါတယ်။

 

၃။     မျက်လုံးလေ့ကျင့်ခန်းလုပ်ဖို့ မေ့နေခြင်း

          ဒီအကြောင်းနဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုး ရှိပါတယ်။ တချို့က မျက်စိဆရာဝန်တွေဟာ လေ့ကျင့်ခန်းရဲ့ ကောင်းကျိုးတွေကို သိရက်နဲ့ မျက်မှန်၊ မျက်ကပ်မှန်တွေ မတပ်ကြရတော့မှာ၊ မျက်လုံး မခွဲစိတ်ကြရတော့မှာ ကြောက်လို့ လူနာတွေကို မပြောကြဘူးလို့ ဟာသလုပ်ကြပါတယ်။ ကုသလို့ မပျောက်ကင်းနိုင်မယ့် မျက်လုံးကို ထိခိုက်စေတဲ့ ရောဂါတွေ၊ ဒဏ်ရာတွေကလွဲလို့ နေ့စဉ်လေ့ကျင့်ခန်းလုပ်ခြင်းဟာ အမြင်အာရုံကို ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။

 

၄။     အိပ်ရေးမဝခြင်းက အမြင်မထိခိုက်ဘူးလို့ ယူဆခြင်း

          အိပ်ခြင်းဟာ ကိုယ်ခန္ဓာအတွက် အထူးအရေးပါတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ အိပ်ရေးမဝခြင်းဟာ အမြင်အာရုံကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေကုန် နွမ်းနယ်နေတဲ့မျက်လုံးကို အညောင်းပြေစေဖို့ တစ်နေ့ ၅ နာရီခန့် အနည်းဆုံး အိပ်သင့်ပါတယ်။

          အိပ်ရေးမဝခြင်းကြောင့် မျက်လုံးခြောက်ခြင်း၊ နီခြင်း၊ အလင်းမခံနိုင်ခြင်း၊ မျက်ခုံးလှုပ်ခြင်းတွေ ဖြစ်တတ်ပါတယ်။

 

၅။     ဆေးလိပ်သောက်ခြင်း

          ဆေးလိပ်သောက်သူတွေဟာ အသက်ကြီးလာချိန်မှာ မျက်လုံးကွယ်ဖို့ ၄ ဆ ပိုများပါတယ်။

          အတွင်းတိမ်ဟာ အမြင်အာရုံ ဆုံးရှုံးစေတဲ့ အဓိကအကြောင်းရင်းဖြစ်ပြီး ဆေးလိပ်သောက်သူတွေဟာ အတွင်းတိမ်ဖြစ်ဖို့ အခွင့်အလမ်း ၂ ဆ ပိုများပါတယ်။

          ဆေးလိပ်သောက်တဲ့ ကိုယ်ဝန်ဆောင်တွေမှာ မွေးဖွားလာတဲ့ကလေးတွေဟာ အမြင်အာရုံ ပိုဆုံးရှုံးတတ်ကြောင်း သိရပါတယ်။

 

၆။     နေရောင်စူးခြင်း

          နေရောင်ထဲ သွားတဲ့အခါ နေကာမျက်မှန်တပ်သူ နည်းပါတယ်။ ဒီလိုနေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်ကြည်လွှာရောင်ခြင်း၊ မျက်လုံး အသားပိုတက်ခြင်း၊ အတွင်းတိမ်၊ မြင်လွှာ ချို့ယွင်းခြင်း၊ မျက်လုံး၊ မျက်ခွံနဲ့ ဘေးအသားတွေမှာ ကင်ဆာရောဂါတွေအထိ ဖြစ်တတ်ပါတယ်။

 

၇။     အမှောင်ထဲ စာဖတ်ခြင်း၊ အလုပ် လုပ်ခြင်း၊ တီဗွီကြည့်ခြင်းတို့က မျက်လုံးကို ထိခိုက်စေနိုင်တယ်လို့ ထင်မြင်ခြင်း

          ဒီအချက်ကို ဆရာဝန်တွေက ငြင်းဆိုပါတယ်။ မျက်လုံးဟာ ကင်မရာတစ်လုံးနဲ့ အတူတူပါပဲ။ အမှောင်ထဲကြည့်လို့ မျက်လုံး ပျက်မယ်ဆိုတာဟာ အမှောင်မှာ ဓာတ်ပုံရိုက်လို့ ကင်မရာ ပျက်မယ်လို့ ဆိုလိုတာနဲ့ အတူတူပါပဲ။

          မျက်လုံး အပြောင်းအလဲတိုင်းဟာ ကိုယ့်အပြစ် မဟုတ်ပါဘူး။

          မျက်လုံးအသားဟာ အသက်ကြီးလာတာနဲ့အမျှ အရောင် ပြောင်းလာတတ်ပါတယ်။ အသက်ကြီးသူတွေမှာ မျက်လုံးအသား ပိုဝါလာ၊ ပိုနီလာနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)