အိုမီဂါ 3 ငါးကြီးဆီသောက်တိုင်းလည်း ကောင်းသလား
ပြောင်းလဲလာတဲ့ အလှအပဆိုင်ရာ အမြင်များအရ သွယ်လျလှပခြင်းကို လူတွေပိုမိုနှစ်ခြိုက် လာတာကြောင့် လူအများစုက အဆီလို့ပြောလိုက်တာနှင့် ေ၀းေ၀းကရှောင်ဖို့ ကြိုးစားလေ့ရှိကြပါ တယ်။ ဒါ့အပြင် အာဟာရပြည့်စုံအောင် စားနေတာပဲ အခြားသော ဖြည့်စွက်ဆေးဝါးများသောက်ရန် လိုအပ်လို့လား စတဲ့အတွေးမျိုးဖြင့် အိုမီဂါ 3 အပါအ၀င် အခြားသော အာဟာရဖြည့်စွက်ဆေးဝါးများ သောက်သုံးရန် ဇေ၀ဇဝါဖြစ်လေ့ရှိကြပါတယ်။
ဟုတ်ပါတယ်။ ကျွန်တော်တို့ အဘိုးအဘွားများ ရှေးဘိုးဘေးအစဉ်အဆက်မှာ အားဆေးဆိုတာမရှိဘဲနှင့် ကျွန်ုပ်တို့ဘိုးဘွားတွေ အသက်ရှည်ကျန်းမာစွာ နေနိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုခေတ်မှာ ခေတ်မီမြို့ပြအစနစ်၏ ဖိအားများ၊ အများအစာများရဲ့ အရည်အသွေးများ နှိမ့်ဆင်းလာခြင်း၊ အစား အစာများတွင် ခန္ဓာကိုယ်ကို အန္တရာယ်ပြုနိုင်သော ပစ္စည်းများပါ၀င်လာခြင်းတို့ကြောင့် လူအများစုဟာ ကျွန်ုပ်တို့ခန္ဓာကိုယ်အတွင်းရှိ ဇီ၀ကမ္မဖြစ်စဉ်တွေ ကောင်းမွန်စွာလည်ပတ်နိုင်ရန်နှင့် အင်ဇိုင်းများ အလုပ်လုပ်ရန်အတွက် အာဟာရဖြည့်စွက်စာများ မှီ၀ဲဖို့လိုအပ်လာတာဖြစ်ပါတယ်။
ဒါ့အပြင် အဆီဓာတ်တိုင်းဟာ ကျွန်ုပ်တို့ခန္ဓာကိုယ်အတွက် ရန်သူမဟုတ်ပါဘူး။ ကောင်းမွန်တဲ့ အဆီတွေဟာ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေ ဖြစ်ပါတယ်။ အဆီမှာ ပြည့်၀ဆီနှင့် မပြည့်၀ဆီဆိုပြီး နှစ်မျိုးရှိပါတယ်။
Maxx Omega 3 1

လူခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့အဆီက မပြည့်၀ဆီဖြစ်ပါတယ်။ မပြည့်၀ဆီတွေက Monounsaturated Fatty acid (သံလွင်ဆီ၊ အုန်းဆီ)နှင့် Polyunsaturated Fat (သစ်ကြားသီး၊ နေကြာစေ့၊ တို့ဟူး၊ ဆောလ်လမွန်၊ ဆား ဒင်း) ကဲ့သို့သော ငါးများမှရသော အဆီတွေ ဖြစ်ပါတယ်။
အိုမီဂါ 3 ဟာ ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တဲ့ မပြည့်၀ဆီ (Polyunsaturated Fat) တစ်မျိုးဖြစ်ပြီး တူနာ၊ ဆာဒင်၊ ဆောလ်လမွန် စတဲ့ပင်လယ်ငါးတွေရဲ့အဆီမှာ အဓိကတွေ့ရပါတယ်။ အိုမီဂါ 3 ကိုရရှိဖို့အတွက် အာဟာရပညာရှင်တွေက ပင်လယ်ငါးများကို တစ်ပတ်လျှင် နှစ်ရက်စားသုံးရန် အကြံပြုထားသော်လည်း ပင်လယ်ငါးများ ရေရှည်စားသုံးခြင်းက အခန့်မသင့်လျှင် ပင်လယ်ရေထုညစ်ညမ်းခြင်းကြောင့်ဖြစ်တဲ့ ခဲ၊ ပြဒါးအဆိပ်သင့်မှုများ ဖြစ်ပွားနိုင်ပါတယ်။
ဒီလိုမျိုး အစားအသောက်ကနေ အိုမီဂါ 3 ကိုရရှိနိုင်သလို အိုမီဂါ 3 ဖြည့်စွက်အားဆေးတွေကိုလည်း အခုနောက်ပိုင်း သုံးစွဲမှုများလာတာတွေ့ရပါတယ်။ ဒါပေမယ့် ရေရှည်စွဲသောက်ကြတဲ့ ဖြည့်စွက်အားဆေးတွေမို့လို့ သေချာသန့်စင်ထားတဲ့ ကုန်ကြမ်းတွေကို အသုံးပြုထားတဲ့ ဆေးမျိုးတွေကိုသာ ရွေးချယ်သောက်သုံးသင့်ပါတယ်။ တစ်နေ့တာအတွက် အိုမီဂါ 3 လိုအပ်ချက်က အကြမ်းဖျဉ်းအနေနဲ့ 500 mg ၀န်းကျင်ဖြစ်ပါတယ်။ နှလုံးရောဂါရှိသူတွေ၊ စိတ်ဖိစီးမှုများသူတွေနဲ့ ကင်ဆာရောဂါတွေကို ကာကွယ်လိုသူတွေမှာတော့ ဒီထက် ပိုများများရရှိဖို့ လိုအပ်ပါတယ်။
အိုမီဂါ 3 စားသုံးခြင်းက သွေးထဲရှိမကောင်းတဲ့ Triglyceride အဆီကို လျှော့ကျစေပြီး အကျိုးပြု HDL (High Density Lipoprotein) ကိုလက်စထရောကို များပြားစေတာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
Maxx Omega 3 2

အိုမီဂါ 3 ဟာ သဘာ၀ကပေးစွမ်းတဲ့ အကောင်းဆုံးအရောင်ကျဆေး တစ်လက်ဖြစ်ပါတယ်။ ရောင်ရမ်းမှုနှင့် ဆက်စပ်နေတဲ့ နာတာရှည် ေ၀ဒနာရှင်တွေမှာ အိုမီဂါ 3 မှီ၀ဲ ပေးခြင်းက ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အရိုးရဲ့သိပ်သည်းဆကို ကျစ်လျစ်စေပြီး ရွေ့လျားနိုင်စွမ်းနဲ့ ပျော့ပျောင်းနိုင်စွမ်းကို ထိန်းထားပေးနိုင်တာကြောင့် အရိုးနှင့်အဆစ်အမြစ်များ ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။
အိုမီဂါ 3ဟာ အိပ်ပျော်စေတဲ့ မယ်လတိုနင်ဟော်မုန်း ထွက်ရှိအောင် ကူညီပေးတာကြောင့် နှစ် ခြိုက်စွာအိပ်ပျော်စေမှာဖြစ်ပါတယ်။
အိုမီဂါ 3 ဖက်တီးအက်ဆစ်တစ်မျိုးဖြစ်တဲ့ DHA ဟာ အာရုံကြောဆဲလ်များ အချင်းချင်း ဆက် သွယ်မှုကောင်းမွန်စေရန် အထောက်အကူပြုတာကြောင့် မှတ်ဉာဏ်အားနည်းတဲ့ အခြေအနေတွေကို သက်သာစေပါတယ်။
EPA က စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်း Cortisol အပေါ်မှာ လွှမ်းမိုးနိုင်ပြီး စိတ်ဖိစီးမှု၊ စိတ်ပူပန် မှုစတာတွေကို လျော့ကျစေနိုင်ပါတယ်။ ကျန်းမာတဲ့ ကိုယ်၀န်ဖြစ်ဖို့အတွက် အထောက်အကူပြုပါ တယ်။ EPA နဲ့ DHA တို့ဟာ ကလေးဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ Fatty Acid တွေဖြစ်ပါ တယ်။ DHA ဟာ လူရဲ့ဦးနှောက်ထဲမှာ အများဆုံးရှိနေပြီး ငါးနှစ်အောက်ကလေးငယ်များရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အရေးပါတာကို တွေ့ရပါတယ်။
ကင်ဆာရောဂါ ကုထုံးခံယူနေစဉ်အတွင်း အိုမီဂါ 3 ပါ၀င်တဲ့ ဖြည့်စွက်ဆေးဝါးသောက်သုံး ခြင်းဟာ ကုထုံးရလာဒ်ကို ပိုမိုကောင်းမွန်စေတယ်လို့ လေ့လာမှုတွေမှာ ထောက်ပြထားတာကို တွေ့ရပါတယ်။ အိုမီဂါ 3 ပုံမှန်သောက်သုံးခြင်းက အချို့သောကင်ဆာတွေကို ကာကွယ်ပေးနိုင်တယ်လို့ သုတေသီတွေက ဆိုကြပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)
(Unicode)
Dr. Htet Htet Aung (www.drmyanmar.com)
















