စိုစွတ်လှတဲ့မိုးရာသီမှာ အသားအရေလေး ကြည်လင်လှပနေစေဖို့ ...
စိုစွတ်တဲ့မိုးရာသီမှာ ပုံမှန်ထက်ပိုပြီး အသားအရေ ထိန်းသိမ်းမှုလေးတွေ လုပ်ပေးဖို့ လိုပါတယ်။ မိုးတွင်းမှာ အရေးကြီးဆုံးတစ်ချက်ကတော့ အရေပြားကို စိုထိုင်းမနေစေဖို့ပါပဲ။ အရေပြားက စိုစွတ်နေတဲ့အခါမှာ ဘက်တီးရီးယားပိုးတွေ၊ မှိုတွေပေါက်ဖွားဖို့အတွက် နေရာကောင်းကြီးဖြစ်နေပါတယ်။ ဒီအခါမှာ အရေပြားပြဿနာတွေ ဖြစ်လာတော့တာပေါ့။ ဒီတော့ မိုးတွင်းမှာ အသားအရေကို ဘယ်လိုဂရုစိုက်ကြမလဲ။
>> မိုးတွင်းမှာ အသားအရေကို ဂရုစိုက်ဖို့အတွက် အရေးကြီးတဲ့အချက် (၁၀) ချက်
1. အရေပြားပေါ်မှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေနိုင်တဲ့ ပိုနေတဲ့ အညစ်အကြေးတွေနဲ့ အဆီတွေကို ဖယ်ရှားဖို့အတွက် အနည်းဆုံး တစ်နေ့ ၃ ကြိမ်လောက် သန့်စင်ပေးပါ။
2. Non-alcoholic လို့ ရေးထားတဲ့ အလှကုန်တွေကို ရွေးချယ်သုံးစွဲပေးရင် အရေပြားရဲ့ pH ကို ထိန်းညှိပေးပြီးတော့ အသားကို ကြည်လင်စေပါတယ်။
3. မိုးရေတွေကြောင့် အရေပြား စိုစွတ်စေတယ် ဆိုပေမယ့်လည်း တစ်ခါတလေကျတော့ ဘာကြောင့်မှန်းမသိ အသားခြောက်နေနိုင်ပါသေးတယ်။ အသားအရေ စိုပြေပြီး ကျန်းမာစေဖို့အတွက် moisturizer လိမ်းပေးပါ။
4. အဆီပြန်တဲ့ အသားအရေ ဆိုရင်တော့ water based moisturizer ကို သုံးပါ။
5. နေကာခရင်မ် ကောင်းကောင်းလေး လိမ်းပါ။ မိုးအုံ့လို့၊ နေမပူလို့ဆိုပြီးတော့ sunscreen မလိမ်းဘဲ မပြင်မထွက်ပါနဲ့။
6. မျက်နှာကို နေ့စဉ် exfoliate လုပ်ပေးဖို့လည်း အရေးကြီးပါတယ်။ ဒါပေမဲ့ ညင်ညင်သာသာတော့ လုပ်ပါ။
7. တစ်နေ့ကို အနည်းဆုံး ရေ ၈ ဖန်ခွက်လောက် သောက်ပေးပြီးတော့ ရေဓာတ် ပြည့်ဝနေပါစေ။
8. တခြားရာသီတွေမှာ တစ်ပတ်နှစ်ကြိမ်လောက် ခေါင်းလျှော်ရင် လုံလောက်ပေမယ့်လည်း မိုးတွင်းမှာဆိုရင်တော့ ဒီထက်ပိုလျှော်ပေးဖို့လိုပါတယ်။ စိုစွတ်မှုကြောင့်ခေါင်းမှာ ချေွးပိုထွက်စေပြီးတော့ ချွေးတွေထွက်တဲ့အခါမှာ ခေါင်းမှာ အဆီတွေပိုးမွှားတွေ ကပ်တွယ်နိုင်ချေ ပိုများပါတယ်။
9. ပြီးတော့ မိုးရာသီမှာ ဖန်စီလက်ဝတ်ရတနာလေးတွေကို တတ်နိုင်သမျှ မဝတ်ပါနဲ့။ အထူးသဖြင့် sensitive ဖြစ်တဲ့ အသားအရေပိုင်ရှင်တွေ ပိုဂရုစိုက်ဖို့လိုပါတယ်။ လေထဲမှာရှိတဲ့ စိုစွတ်မှုကြောင့် ရောဂါပိုးတွေ ပိုပြီး ပေါက်ဖွားစေနိုင်ပါတယ်။
10. မီးဖိုချောင်သုံးပစ္စည်းတွေ သုံးပြီးတော့ မျက်နှာပေါင်းတင်ပေးပါ။
Bio-Oil 1

>> ဒီအချက်လေးတွေကိုတော့ ရှောင်ပေးပါ။
1. အရမ်းပူနေတဲ့ရေနဲ့ ရေမချိုးပါနဲ့။ ဒါက အရေးပြားက ဆံခြည်မျှင်သွေးကြောလေးတွေကို အားနည်းပြီးတော့ အရေပြားကို ထိခိုက်စေပါတယ်။
2. မျက်နှာသစ်ရင် ပြီးစလွယ် မသစ်ပါနဲ့။
>> ဒါလေးတွေကို လိုက်နာပေးပါ။
1. ကောင်းတဲ့အဆီတွေပါတဲ့ အစားအစာတွေကို စားပေးခြင်းအားဖြင့် ပျက်စီးနေတဲ့ အရေပြားတွေကို ပြင်ဆင်တဲ့နေရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ (ဥပမာ - ထောပတ်သီး၊ အဆီထူငါး၊ သံလွင်ဆီ)
2. ခြေထောက်ကနေ လေဝင်လေထွက် ကောင်းပါစေ။ တစ်ချိန်လုံး အပိတ်ဖိနပ်တွေကို စီးထားမယ်ဆိုရင် ခြေထောက်တွေ ချွေးထွက်ပြီးတော့ ခြေထောက်မှာ မှိုနဲ့ ဘက်တီးရီးယားပိုးတွေ စွဲကပ်စေနိုင်ပါတယ်။ ဖြစ်နိုင်ရင် ခြေညှပ်ဖိနပ်လေးတွေ စီးပါ။
3. အလှပြင်ဆိုင်တွေသွားရင်လည်း ဆိုင်မှာသုံးတဲ့ပစ္စည်းတွေက သေချာပိုးသတ်ထားတာ ရှိ၊ မရှိ သန့်ရှင်းမှု ရှိ၊ မရှိ ကြည့်ပါ။ လိုအပ်ရင် ကိုယ့်ရှေ့မှာ ဆေးကြောပေးဖို့ ပြောပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Bio-Oil 2

(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)
















