ပျိုမေတို့ လှပစေဖို့ ထမင်းရည်
>> ထမင်းရည်ကို ဘယ်လိုသုံးကြမလဲ?
• ဆူပြီးသား ထမင်းရည်နှင့် မျက်နှာ ပေါင်းတင်နိုင်ပါတယ်။ ဆန်ထဲကို ရေ 3 ဆလောက် ထည့်ပြီး ထမင်းရည် ရလာတဲ့အခါမှာ ထမင်းရည်ရဲ့ ကြည်နေတဲ့ အဖြူရောင်အပိုင်းကို ယူပြီး မျက်နှာ ပေါင်းတင်နိုင်ပါတယ်။ ဒီထမင်းရည်ကို ရေခဲသေတ္တာထဲမှာ ထည့်ထားပါက တစ်ပတ်လောက် ကြာအောင် ထားနိုင်ပါတယ်။
• မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ထမင်းရည်နဲ့ မျက်နှာ ပေါင်းတင်နိုင်သလို တစ်ပတ် 1 ကြိမ် (သို့) 2 ကြိမ် ဆံပင် ပေါင်းတင်ပေးပါ။
• ထမင်းရည်ကို ထောပတ်တွေ၊ ဆားတွေ မထည့်ဘဲ သဘာဝအတိုင်း သောက်တာက ပိုကောင်းပါတယ်။
• အလှအပအတွက် ဆိုရင်တော့ ပိုပြီးအကျိုးကျေးဇူး ရရှိစေဖို့နဲ့ ရနံ့သင်းစေဖို့အတွက် လာဗန်ဒါအဆီ (သို့) အခြား အမွှေးဆီတွေကို ထည့်ပြီး သုံးနိုင်ပါတယ်။ ပြီးရင် ထမင်းရည်ကို ဆံပင်မှာ သုတ်လိမ်းပြီး 10 မိနစ်ခန့် ထားထားပါ။ ပြီးမှ သန့်စင်အောင် လျှော်ပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















