ကလေးကိုချစ်ရင် မလှုပ်ပါနဲ့
>> ကလေးအကြမ်းလှုပ်ရောဂါစုဆိုတာဘာလဲ?
လူကြီးတစ်ယောက်ယောက်က ကလေးကိုလှုပ်လိုက်တဲ့အခါ၊ ပစ်ဝဲလိုက်တဲ့အခါ ဦးနှောက်ကိုထိခိုက်မှုတွေဖြစ်တတ်တယ်။ တကယ်တော့ ဒါဟာ ကလေးညှင်းပန်းနှိပ်စက်မှုတစ်မျိုးပါပဲ။ ကလေးအသက်အရွယ်မရွေးမှာဖြစ်နိုင်တယ်ဆိုပေမယ့် အသက်၁နှစ်အောက်ကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။
ကလေးတွေကို လုံးဝမလှုပ်သင့်၊ မပစ်သင့်ပါဘူးနော်။ ရုတ်တရက်ကြီးတော့ ဘာပြင်းပြင်းထန်ထန်လက္ခဏာတွေမှ မဖြစ်တတ်ပေမယ့် နောက်ပိုင်းရေရှည်ပြဿ နာတွေနဲ့ နောက်ဆုံးအသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တယ်။
မိဘပဲဖြစ်ဖြစ်၊ကလေးထိန်းပဲဖြစ်ဖြစ် ကလေးချော့မရမြူ မရအောင် ငိုနေတဲ့အခါမျိုးမှ ခဏတာထိန်းချုပ်နိုင်စွမ်းပျောက်သွားပြီး ကလေးကိုလှုပ်ခါမိတဲ့အခါ ဖြစ်တတ်တယ်။ ဒီလိုပြဿနာတွေ မဖြစ်ရလေအောင် စိတ်ဖိစီးမှုတွေ၊ ဒေါသတွေကို ကောင်းသောနည်းနဲ့ဖြေဖျောက်ဖို့ကြိုးစားသင့်တယ်။ ကလေးထိန်းရွေးတဲ့အခါလညး် သေချာစိစစ်ရွေးသင့်တယ်။
>> ဘာကြောင့်ဦးနှောက်ထိခိုက်မှုတွေရတာလဲ?
ကလေးကိုလှုပ်ခါလိုက်၊ ပစ်လိုက်တဲ့အခါ ဦးခေါင်းလည်သွား၊ ရှေ့နောက်ရမ်းခါသွားတတ်တယ်။ ဒီအချိန်မှာ ဦးနှောက်အသားတွေ၊ သွေးကြောတွေ၊ အာရုံကြောတွေ ပြဲသွားတတ်တယ်။ ကလေးရဲ့ဦးနှောက်လေးဟာ ဦးခေါင်းခွံမှာသွားရိုက်ခတ်တတ်တယ်။ ဒါကြောင့် ဦးနှောက်ကြီးသွေးတွေထွက်ပြီးရောင်ရမ်းလာတတ်တယ်။
ကလေးငယ်လေးတွေမှာ
♦ ကိုယ်ခန္ဓာထက်စာရင် ခေါင်းကြီးကြီးနေတာ
♦ လည်ပင်းကြွက်သားလေးတွေအားနည်းလို့ ခေါင်းကိုကောင်းကောင်းမထိန်းနိုင်တာ
♦ ဦးနှောက်သွေးကြောလေးတွေသေးမျှင်တာတွေကြောင့် အလှုပ်မခံနိုင်တာပါ။
ပုံမှန်ဆော့ကစားတာမျိုးဖြစ်တဲ့ ဒူးပေါ်မှာတင်ခုန်တာ၊ လေထဲအသာလေးမြှောက်ကစားတာတွေကြောင့်တော့ မရတတ်ပါဘူးနော်။
>> ရောဂါလက္ခဏာတွေကတော့
ကလေးရဲ့အသက်၊ အနှိပ်စက်ခံရတာဘယ်လောက်ကြာတာ၊ တစ်ခါအနှိပ်စက်ခံရရင်ဘယ်လောက်ကြာတာ၊ ဘယ်လောက်အားနဲ့သုံးတာတွေအပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။
အနည်းအကျဉ်းထိခိုက်မိတာလောက်က လက္ခဏာသိပ်မသိသာဘူး။
♦ ဂျီကျနေတာ၊ နှေးကွေးနေတာ
♦ အန်တာ
♦ ဗိုက်မဆာတာ
♦ မပြုံး၊ မျက်လုံးချင်းမဆိုင်၊ စကားတွတ်တီးတွတ်တာ မပြောတော့တာ
စတဲ့လက္ခဏာတွေနဲ့ လာတတ်တယ်။
ပြင်းထန်တဲ့ဒဏ်ရာမျိုးကျတော့
♦ တက်တာ
♦ အသက်ရှူ ရခက်တာ
♦ ကိုယ်လက်ပျော့ခွေနေတာ
♦ နှလုံးခုန်နှေးသွားတာ
♦ နားမကြားတော့တာ
♦ မျက်လုံးတစ်ဖက်တည်းဖြစ်ဖြစ်၊ နှစ်ဖက်လုံးဖြစ်ဖြစ် သွေးထွက်နေတာတွေဖြစ်တတ်တယ်။
တစ်ခြားအညှင်းပန်းခံရတဲ့လက္ခဏာတွေဖြစ်တဲ့ အရိုးကျိုးတာ၊ အညိုအမည်းစွဲတာ၊ အပူလောင်တာတွေပါ တွေ့ရလိမ့်မယ်။
တစ်ခါတစ်လေ ကလေးထိန်းသူဟာ ကလေးကိုညှင်းပန်းပြီးနောက် အိပ်ရာထဲ ထည့်သိပ်ပြီး ကောင်းကောင်းအနာယူလိုက်ရင် သက်သာသွားမယ် ထင်တတ်ကြတယ်။ ဆရာဝန်ဆီရောက်ချိန်မှာ အရေးပေါ်ကုသမှုပေးဖို့လိုတတ်တယ်။ တစ်ခါတစ်လေ ဆေးရုံမရောက်ခင်မှာတင် သတိမေ့သွားတာမျိုး ဖြစ်တတ်တယ်။
>> ဒီလိုကလေးအကြမ်းလှုပ်ရောဂါစုကို ဘယ်လိုသိနိုင်မလဲ?
တစ်ခြားညှင်းပန်းနှိပ်စက်မှုလက္ခဏာတွေ သိပ်မရှိတတ်တာကြောင့် ကလေးအကြမ်းလှုပ်ရောဂါစုကို တွေ့ရခက်တတ်တယ်။ ကလေးမှာ ပျို့အန်တာ၊ အစားအသောက်ပျက်တာလောက်ပဲ ရှိတတ်တယ်။ အစပိုင်းမှာတော့ တုပ်ကွေးတို့၊ ဆီးပိုးတို့လိုမျိုး ပိုးတစ်မျိုးမျိုးဝင်တယ်ပဲ ထင်တတ်ကြတယ်။ နောက်ပိုင်းမှာ မကြာခဏအညှင်းပန်းခံရတာ၊ ဆိုးဆိုးရွားရွားထိခိုက်ဒဏ်ရာရတာတွေရှိတော့မှ သတိထားမိတတ်ကြတယ်။
ရောဂါကိုသေချာသိရဖို့အတွက်
♦ ကလေးအမူအကျင့်တွေပြောင်းတာ စသဖြင့် ရောဂါရာဇဝင်တွေမေးမြန်းတာ
♦ ထိခိုက်ဒဏ်ရာနဲ့ သွေးတိုးလက္ခဏာတွေရှိမရှိ စမ်းသပ်စစ်ဆေးဖို့လိုတယ်။
♦ ဦးနှောက်မှာသွေးထွက်တဲ့လက္ခဏာတွေ၊ ထိခိုက်ဒဏ်ရာတွေရှိမရှိ CTစကင်တွေ၊ MRIတွေ ရိုက်ကြည့်ပါ။
အရိုးကျိုးတာတွေရှိမရှိ ဓာတ်မှန်ရိုက်ပါ။
တစ်ခြားရောဂါတွေကိုပယ်ဖို့လည်း တစ်ခြားစစ်ဆေးမှုတွေ ပြုလုပ်ဖို့လိုတယ်။ ဥပမာအားဖြင့် ဦးနှောက်အမြှေးရောင်ရောဂါလက္ခဏာတွေရှိရင် ခါးဆစ်ရိုးရည်ဖောက်စစ်တာမျိုးပေါ့။ သွေးရောဂါရှားရှားပါးပါးလိုမျိုး တစ်ခြားရောဂါတွေ၊ အတွင်းဒဏ်ရာတွေရှိမရှိ သွေးစစ်ဆေးခြင်းတွေ ပြုလုပ်သင့်ပါတယ်။
>> ဘယ်လိုကုသကြမလဲ?
ဒီလိုကလေးအကြမ်းလှုပ်ရောဂါစုဖြစ်သူကလေးတွေဟာ ဆေးရုံတက်ပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသဖို့လိုတယ်။ ဦးနှောက်ရောင်တာတွေသက်သာစေဖို့ ဆေးတွေသောက်ဖို့လိုတယ်။ တစ်ခါတစ်လေ အအေးမွေ့ရာတွေက ကလေးအပူချိန်ကိုကျစေပြီး ဦးနှောက်ရောက်ရမ်းတာကို သက်သာစေနိုင်တယ်။
ရောဂါလက္ခဏာတွေပေါ်မူတည်ပြီး အတက်ပျောက်ဆေးတွေ၊ ကိုယ်လက်လေ့ကျင့်ခန်းတွေ၊ တစ်ခြားကုသမှုတွေလုပ်ဖို့လိုတယ်။ သွေးထွက်များရင် ခွဲစိတ်ကုသဖို့တောင်လိုနိုင်တယ်။
>> နာတာရှည်ပြဿနာတွေကတော့
♦ အတက်ရောဂါ ဖြစ်နိုင်တယ်။ ကလေးမှာ ထိန်းမရလောက်အောင်ကြွက်သားလှုပ်ရှားမှုတွေဖြစ်တာ၊ စကားမပြောနိုင်၊ မမြင်နိုင်၊ ပုံမှန်အတိုင်းမဆက်သွယ်နိုင်တာတွေ ဖြစ်တတ်တယ်။
♦ မျက်စိမမြင်တာ၊ အမြင်အကြားခက်ခဲတာတွေလည်း ဖြစ်တတ်တယ်။
♦ ဦးနှောက်သွက်ချာပါဒရောဂါဖြစ်ပြီး ကြွက်သားတွေတောင့်တင်းတာတွေရတတ်တယ်။
♦ ဦးနှောက်စွမ်းရည်ချို့ယွင်းနိုင်တာကြောင့် ကလေးရဲ့ဘဝတစ်လျောက်ကို ထိခိုက်နိုင်တယ်။ ဥပမာအားဖြင့် စကားမပြောတတ်တာ၊ သူ့ဟာသူမစောင့်ရှောက်နိုင်တာတွေ ဖြစ်တတ်တယ်။
♦ ကလေးကျောင်းစတတ်ချိန်အထိကို စာသင်မရတာကို မသိတတ်ကြဘူး။
♦ စိတ်ခံစားချက်နဲ့ အပြုအမူပြဿနာတွေ ဖြစ်နိုင်လာတယ်။
တစ်ချိုကလေးတွေမှာ ထိခိုက်ဒဏ်ရာတွေကြောင့် သေဆုံးသွားတတ်ကြတယ်။
>> ကလေးအကြမ်းလှုပ်ရောဂါစုကို ဘယ်လိုသိနိုင်မလဲ?
ကလေးကိုကြည့်ရတာ သိပ်မူမမှန်ဘူးထင်ရင် ဆရာဝန်နဲ့ပြဖို့လိုတယ်။ အစပိုင်းမှာတော့ ရောဂါလက္ခဏာ အပျောစားပဲ။ ဒါပေမယ့် ကလေးငယ်ငယ်လေးတွေမှာ ဦးခေါင်းဒဏ်ရာရတာက အရမ်းအန္တရာယ်များတယ်။
တကယ်လို့ကလေးမှာ
♦ အသက်ရှူ ရခက်ခဲတာ
♦ သတိမေ့တာ
♦ တက်တာ
♦ နောက်ပိုင်းထပ်ပြီးအညှင်းပန်းခံရနိုင်ခြေများတာတွေရှိခဲ့ရင် ဆရာဝန်နဲ့အရေးပေါ်ပြသပါ။
ကလေးလေးတွေဟာ သူတို့ကိုယ်သူတို့ မစောင့်ရှောက်နိုင်သေးတာကြောင့် လူကြီးမိဘတွေက သေချာဂရုစိုက်ဖို့လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
>> ရောဂါလက်ခဏာတှကေတော့
အနညျးအကဉြျးထိခိုကျမိတာလောကျက လက်ခဏာသိပျမသိသာဘူး။
♦ ဂြီကနြတော၊ နှေးကှေးနတော
စတဲ့လက်ခဏာတှနေဲ့ လာတတျတယျ။
♦ ထိခိုကျဒဏျရာနဲ့ သှေးတိုးလက်ခဏာတှရှေိမရှိ စမျးသပျစဈဆေးဖို့လိုတယျ။
♦ ဦးနှောကျမှာသှေးထှကျတဲ့လက်ခဏာတှေ၊ ထိခိုကျဒဏျရာတှရှေိမရှိ CTစကငျတှေ၊ MRIတှေ ရိုကျကွည့ျပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
















