ကလေးတွေအတွက် ရေဘေးအန္တရာယ်
ရေဘေးအန္တရာယ်ဆိုတိုင်း ရေကန်ထဲမှမဟုတ်ဘူးနော်။ ရေချိုးခန်းထဲ၊ ဘေးနားကရေအိုင်လေး၊ ရေမြောင်း စ တာတွေကလည်း သတိထားရမယ့်ထဲပါပါတယ်။
● ရေနစ်ခြင်းဟာ ထိခိုက်ဒဏ်ရာကြောင့် ကလေးသေဆုံးတဲ့အကြောင်းရင်းတွေထဲ ထိပ်ဆုံးကပါပါတယ်။ အထူးသဖြင့် အသက်၄နှစ်အောက်နဲ့ ဆယ်ကျော်သက်တွေမှာပေါ့။
● အသက်မသေလောက်တဲ့ ရေနစ်ကလေးတွေမှာလည်း အရေးပါ်ကုသမှု လိုအပ်ပါတယ်။ တစ်ဝက် လောက်က ဆေးရုံတက်ပြီး ဆက်ကုဖို့လိုတတ်ပါတယ်။
● ရေနစ်ပြီးနောက် အသက်ရှင်တဲ့ကလေးတွေမှာ ဦးနှောက်ပြင်းထန်ထိခိုက်တာ ဖြစ်နိုင်ပါတယ်။ ကလေး ရေနစ်ခြင်းရဲ့ ၅-၁၀%လောက်ဟာ ရေရှည်ထိခိုက်မှုတွေဖြစ်တဲ့ မလှုပ်ရှားနိုင်တော့တာ၊ သတိမေ့တာစတာတွေ ဖြစ်စေနိုင်တတ်ပါတယ်တဲ့။
အသက်အရွယ်အလိုက် ရေနစ်နိုင်တဲ့နေရာတွေကတော့
● အသက် ၁ နှစ်အောက် : ရေချိုးကန်ထဲ၊ ရေပုံးထဲ၊ အိမ်သာအိုးထဲ
● ၁ နှစ်မှ ၄ နှစ် : ကလေးငယ်လေးတွေကတော့ ရေကူးကန်ထဲ၊ ရေပူစမ်း၊ spa တွေမှာ
● အသက်ကြီးတဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ : ရေကန်တွေ၊ မြစ်ချောင်းတွေထဲ စသဖြင့် အ သီးသီးတွေ့ရတတ်ပါတယ်။
Ceelin Plus 1

ဒီတော့ မိဘတွေအနေနဲ့ ကလေးကိုဘယ်လိုစိတ်ချရအောင် ထားသင့်သလဲ၊ အရေးပေါ်အခြေအနေမျိုးမှာ ဘာ တွေလုပ်သင့်သလဲဆိုတာ ပြောပြပေးဖို့လိုလာပြီပေါ့။
စောင့်ကြည့်ဖို့က အရေးကြီးတဲ့ပထမဆုံး၁အချက်ပါ : ရေချိုးကန်ဖြစ်ဖြစ်၊ ရေအိုင်လေးဖြစ်ဖြစ်၊ ရေကန်ဖြစ်ဖြစ်၊ မြစ်ချောင်းအင်းအိုင်တွေဖြစ်နေပါစေ၊ ကလေးတွေရေနားတစ်ဝိုက် ရောက်နေပြီဆိုတာနဲ့ မျက်ခြေမပျက်စောင့် ကြည့်ဖို့လိုပါတယ်။
ကလေးငယ်လေးတွေဆို ပိုဆိုးပါတယ်။ ကလေးငယ်လေးတွေဟာ ၂လက်မ၊ ၆စင်တီမီတာလောက်သာနက်တဲ့ ရေထဲမှာလည်း နစ်နိုင်လို့ပါ။ ဒါကြောင့် ရေဇလုံ၊ အိမ်သာအိုး၊ လေမှုတ်ရေကူးကန်၊ ရေပုံး၊ နောက်ဆုံးရေတင် ကျန်နေတဲ့ ရေကွက်ကလေးကအစ သတိထားဖို့လိုတာပေါ့။
ကလေး ရေကူးတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ၊ ရေနားတစ်ဝိုက်ရောက်တာနဲ့ သတိထားပါတော့။ ရေ ကူးတတ်တဲ့ကလေးတွေလည်း ရေနစ်နိုင်ပါတယ်။ ဥပမာအားဖြင့် ရေကန်ဘောင်မှာ ချော်လဲကျ၊ သတိမေ့ပြီး ရေနစ်တာမျိုးပေါ့။
ကလေးငယ်လေးတွေနဲ့ ရေကောင်းကောင်းမကူးတတ်တဲ့ ကလေးတွေကတော့ လက်တစ်ကမ်းအလိုမှာ ရေကူး တတ်တဲ့ လူကြီးတစ်ယောက် ရှိကိုရှိနေသင့်ပါတယ်။
ကလေးကို ရေကူးသင်ထားပေးသင့်ပါတယ်။ ဒါဟာလည်း အရေးပါတဲ့ ကာကွယ်မှုတစ်ရပ်ပဲလေ။ ကလေးအ သက် ၁နှစ်ကစလို့ သင်ကြားပေးနိုင်ပါတယ်။ ငယ်သေးတဲ့ကလေးတွေမှာတော့ အသက်ရှင်နိုင်မယ့် နည်းလမ်း လေးတွေဖြစ်တဲ့ ပက်လက်လှန်ချပြီး ကိုယ်ဖော့တာလိုမျိုး နည်းလမ်းလေးတွေကို သင်ကြားပေးနိုင်ပါတယ်။ အ သက် ၁နှစ်ကနေ ၄နှစ်အတွင်းမှာ ဒီနည်းက ကလေးအတော်များများကို ရေနစ်တဲ့ဘေးကနေ ကာကွယ်ပေးနိုင် ပါတယ်။ ကလေးရောမိဘတွေပါ အတူတူသင်နိုင်တဲ့ သင်တန်းလေးတွေရှိပါတယ်။ တကယ်ကျွမ်းကျင်တဲ့ ဆရာ တွေရှိတဲ့ သင်တန်းမျိုးမှာ တက်ရောက်ဖို့လိုပါတယ်။
Ceelin Plus 2

>> အရေးပေါ်အခြေအနေမျိုးမှာ ဘာလုပ်ရမလဲ
ကလေးတစ်ယောက် ပျောက်သွားရင် အရင်ဆုံးရေထဲမှာရှာပါ။ မြန်မြန်တွေ့ပြီး မြန်မြန်ကယ်နိုင်ရင် ကလေးအ တွက် အကောင်းဆုံးပါ။
● ကလေးရေနစ်နေတာတွေ့ပြီဆိုရင် ကလေးကိုရေထဲကနေ ဆယ်ပြီး ဘေးပတ်ဝန်းကျင်ကို အကူအညီ လှမ်းတောင်းပါ။ ဘေးပတ်ဝန်းကျင်မှာ လူရှိနေတယ်ဆိုရင် 911ကို ဖုန်းခေါ်ခိုင်းပါ။
● ကလေးရဲ့ အသက်ရှူလမ်းကြောင်း ရှင်း/မရှင်းအရင်ကြည့်ပါ။ ကလေး အသက်မရှူရင် အရေးပေါ်အ သက်ကယ်နည်းကို စလုပ်ထားပါ။
● ကလေးမှာ လည်ပင်းဒဏ်ရာရှိနေရင်
○ ကလေးကို ပက်လက်ထားပါ။
○ အရေးပေါ်ကားမလာခင် လည်ပင်းနဲ့ပုခုံးကို ငြိမ်နေအောင် လက်နဲ့ထိန်းပင့်ပေးထားပါ။ ဒါမှကျောရိုး ထိခိုက်မှုကို ကာကွယ်နိုင်မှာပေါ့။
○ ကလေးကို ငြိမ်ငြိမ်ထားပြီး လေသံအေးအေးလေးနဲ့ ချော့ထားပေးပါ။
Dr Mya Phoo Ngon (www.drmyanmar.com)
ေရေဘးအႏၲရာယ္ဆိုတိုင္း ေရကန္ထဲမွမဟုတ္ဘူးေနာ္။ ေရခ်ိဳးခန္းထဲ၊ ေဘးနားကေရအိုင္ေလး၊ ေရေျမာင္း စ တာေတြကလည္း သတိထားရမယ့္ထဲပါပါတယ္။
● ေရနစ္ျခင္းဟာ ထိခိုက္ဒဏ္ရာေၾကာင့္ ကေလးေသဆုံးတဲ့အေၾကာင္းရင္းေတြထဲ ထိပ္ဆုံးကပါပါတယ္။ အထူးသျဖင့္ အသက္၄ႏွစ္ေအာက္နဲ႔ ဆယ္ေက်ာ္သက္ေတြမွာေပါ့။
● အသက္မေသေလာက္တဲ့ ေရနစ္ကေလးေတြမွာလည္း အေရးပၚကုသမႈ လိုအပ္ပါတယ္။ တစ္ဝက္ ေလာက္က ေဆး႐ုံတက္ၿပီး ဆက္ကုဖို႔လိုတတ္ပါတယ္။
● ေရနစ္ၿပီးေနာက္ အသက္ရွင္တဲ့ကေလးေတြမွာ ဦးေႏွာက္ျပင္းထန္ထိခိုက္တာ ျဖစ္ႏိုင္ပါတယ္။ ကေလး ေရနစ္ျခင္းရဲ႕ ၅-၁၀%ေလာက္ဟာ ေရရွည္ထိခိုက္မႈေတြျဖစ္တဲ့ မလႈပ္ရွားႏိုင္ေတာ့တာ၊ သတိေမ့တာစတာေတြ ျဖစ္ေစႏိုင္တတ္ပါတယ္တဲ့။
အသက္အရြယ္အလိုက္ ေရနစ္နိုင္တဲ့ေနရာေတြကေတာ့
● အသက္ ၁ ႏွစ္ေအာက္ : ေရခ်ိဳးကန္ထဲ၊ ေရပုံးထဲ၊ အိမ္သာအိုးထဲ
● ၁ ႏွစ္မွ ၄ ႏွစ္ : ကေလးငယ္ေလးေတြကေတာ့ ေရကူးကန္ထဲ၊ ေရပူစမ္း၊ spa ေတြမွာ
● အသက္ႀကီးတဲ့ ကေလးေတြနဲ႔ ဆယ္ေက်ာ္သက္ေတြမွာ : ေရကန္ေတြ၊ ျမစ္ေခ်ာင္းေတြထဲ စသျဖင့္ အ သီးသီးေတြ႕ရတတ္ပါတယ္။
ဒီေတာ့ မိဘေတြအေနနဲ႔ ကေလးကိုဘယ္လိုစိတ္ခ်ရေအာင္ ထားသင့္သလဲ၊ အေရးေပၚအေျခအေနမ်ိဳးမွာ ဘာ ေတြလုပ္သင့္သလဲဆိုတာ ေျပာျပေပးဖို႔လိုလာၿပီေပါ့။
ေစာင့္ၾကည့္ဖို႔က အေရးႀကီးတဲ့ပထမဆုံး၁အခ်က္ပါ : ေရခ်ိဳးကန္ျဖစ္ျဖစ္၊ ေရအိုင္ေလးျဖစ္ျဖစ္၊ ေရကန္ျဖစ္ျဖစ္၊ ျမစ္ေခ်ာင္းအင္းအိုင္ေတြျဖစ္ေနပါေစ၊ ကေလးေတြေရနားတစ္ဝိုက္ ေရာက္ေနၿပီဆိုတာနဲ႔ မ်က္ေျခမပ်က္ေစာင့္ ၾကည့္ဖို႔လိုပါတယ္။
ကေလးငယ္ေလးေတြဆို ပိုဆိုးပါတယ္။ ကေလးငယ္ေလးေတြဟာ ၂လက္မ၊ ၆စင္တီမီတာေလာက္သာနက္တဲ့ ေရထဲမွာလည္း နစ္နိုင္လို႔ပါ။ ဒါေၾကာင့္ ေရဇလုံ၊ အိမ္သာအိုး၊ ေလမႈတ္ေရကူးကန္၊ ေရပုံး၊ ေနာက္ဆုံးေရတင္ က်န္ေနတဲ့ ေရကြက္ကေလးကအစ သတိထားဖို႔လိုတာေပါ့။
ကေလး ေရကူးတတ္သည္ျဖစ္ေစ၊ မတတ္သည္ျဖစ္ေစ၊ ေရနားတစ္ဝိုက္ေရာက္တာနဲ႔ သတိထားပါေတာ့။ ေရ ကူးတတ္တဲ့ကေလးေတြလည္း ေရနစ္နိုင္ပါတယ္။ ဥပမာအားျဖင့္ ေရကန္ေဘာင္မွာ ေခ်ာ္လဲက်၊ သတိေမ့ၿပီး ေရနစ္တာမ်ိဳးေပါ့။
ကေလးငယ္ေလးေတြနဲ႔ ေရေကာင္းေကာင္းမကူးတတ္တဲ့ ကေလးေတြကေတာ့ လက္တစ္ကမ္းအလိုမွာ ေရကူး တတ္တဲ့ လူႀကီးတစ္ေယာက္ ရွိကိုရွိေနသင့္ပါတယ္။
ကေလးကို ေရကူးသင္ထားေပးသင့္ပါတယ္။ ဒါဟာလည္း အေရးပါတဲ့ ကာကြယ္မႈတစ္ရပ္ပဲေလ။ ကေလးအ သက္ ၁ႏွစ္ကစလို႔ သင္ၾကားေပးနိုင္ပါတယ္။ ငယ္ေသးတဲ့ကေလးေတြမွာေတာ့ အသက္ရွင္ႏိုင္မယ့္ နည္းလမ္း ေလးေတြျဖစ္တဲ့ ပက္လက္လွန္ခ်ၿပီး ကိုယ္ေဖာ့တာလိုမ်ိဳး နည္းလမ္းေလးေတြကို သင္ၾကားေပးႏိုင္ပါတယ္။ အ သက္ ၁ႏွစ္ကေန ၄ႏွစ္အတြင္းမွာ ဒီနည္းက ကေလးအေတာ္မ်ားမ်ားကို ေရနစ္တဲ့ေဘးကေန ကာကြယ္ေပးႏိုင္ ပါတယ္။ ကေလးေရာမိဘေတြပါ အတူတူသင္ႏိုင္တဲ့ သင္တန္းေလးေတြရွိပါတယ္။ တကယ္ကၽြမ္းက်င္တဲ့ ဆရာ ေတြရွိတဲ့ သင္တန္းမ်ိဳးမွာ တက္ေရာက္ဖို႔လိုပါတယ္။
>> အေရးေပၚအေျခအေနမ်ိဳးမွာ ဘာလုပ္ရမလဲ
ကေလးတစ္ေယာက္ ေပ်ာက္သြားရင္ အရင္ဆုံးေရထဲမွာရွာပါ။ ျမန္ျမန္ေတြ႕ၿပီး ျမန္ျမန္ကယ္ႏိုင္ရင္ ကေလးအ တြက္ အေကာင္းဆုံးပါ။
● ကေလးေရနစ္ေနတာေတြ႕ၿပီဆိုရင္ ကေလးကိုေရထဲကေန ဆယ္ၿပီး ေဘးပတ္ဝန္းက်င္ကို အကူအညီ လွမ္းေတာင္းပါ။ ေဘးပတ္ဝန္းက်င္မွာ လူရွိေနတယ္ဆိုရင္ 911ကို ဖုန္းေခၚခိုင္းပါ။
● ကေလးရဲ႕ အသက္႐ွဴလမ္းေၾကာင္း ရွင္း/မရွင္းအရင္ၾကည့္ပါ။ ကေလး အသက္မ႐ွဴရင္ အေရးေပၚအ သက္ကယ္နည္းကို စလုပ္ထားပါ။
● ကေလးမွာ လည္ပင္းဒဏ္ရာရွိေနရင္
○ ကေလးကို ပက္လက္ထားပါ။
○ အေရးေပၚကားမလာခင္ လည္ပင္းနဲ႔ပုခုံးကို ၿငိမ္ေနေအာင္ လက္နဲ႔ထိန္းပင့္ေပးထားပါ။ ဒါမွေက်ာ႐ိုး ထိခိုက္မႈကို ကာကြယ္ႏိုင္မွာေပါ့။
○ ကေလးကို ၿငိမ္ၿငိမ္ထားၿပီး ေလသံေအးေအးေလးနဲ႔ ေခ်ာ့ထားေပးပါ။
Dr Mya Phoo Ngon (www.drmyanmar.com)
















