ကလေးသွားပိုးစားခြင်း
အချိုရည်တွေ၊ သဘာဝအချိုဓာတ်ပါတဲ့ နို့၊ ဖော်မြူလာနို့၊ အသီးဖျော်ရည်တွေ ကလေးသွားလေးမှာ စွဲလာတဲ့အခါ ပါးစပ်ထဲမှာရှိတဲ့ ဘတ်တီးရီးယားတွေဟာ ဒီအချိုဓာတ်ကို အမှီပြုရှင်သန်ကြတယ်။ သူတ့ိုကနေ ထုတ်တဲ့အက်စစ်ဓာတ်ကမှ သွားကိုတိုက်စားတာပါ။
ကလေးချိုလိမ်လေး အချိုနဲ့မကြာခဏ ထိတွေ့တတ်ရင် ကလေးသွားပိုးစားနိုင်ခြေ ပိုများတာပေါ့။ တစ်ရေးတစ်မောအိပ်ချိန် ဒါမှမဟုတ် ညအိပ်ချိန်တွေမှာ ကလေးကိုအချိုရည်တွေတိုက်တာကလည်း သွားပိုးစားလွယ်စေနိုင်တယ်။ ညအိပ်ချိန်မှာ တံတွေးအထွက်နည်းလို့ပေါ့။
အပေါ်ရှေ့သွားမှာ အစားများတယ်ဆိုပေမယ့်လည်း တစ်ခြားသွားတွေမှာလည်း စားနိုင်တယ်။
ကလေးသွားလေးတွေဟာ ငယ်သွားလေးတွေပဲမို့ အရေးမကြီးဘူးထင်သလား? မဟုတ်ဘူးနော်။ ကလေးငယ်သွားလေးတွေဟာလည်း အစာဝါးစားဖို့၊ စကားပြောဖို့၊ ပြုံးဖို့ လိုအပ်ပါတယ်။ လူကြီိးသွားပေါက်ဖို့အတွက်လည်း နေရာပေးသလို ဖြစ်နေပါသေးတယ်။ ကလေးသွားပိုးစားတာကို မကုသဘဲထားလိုက်ရင် နာကျင်တာနဲ့ ပိုးဝင်တာတွေ ဖြစ်လာတတ်တယ်။ အရမ်းဆိုးလာရင်တော့ နှုတ်ပစ်လိုက်ရုံပဲပေါ့။
သွားပိုးဝင်တာပဲဖြစ်ဖြစ်၊ ေစာစောစီးစီးနှုတ်လိုက်ရတာပဲဖြစ်ဖြစ် ကလေးအစာစားတာ၊ စကားပြောတာတွေမှာ ပြဿနာဖြစ်လာနိုင်သလို၊ သွားမညီတာ၊ လူကြီးသွားတွေ မကောင်းတာမျိုးတွေလည်း ဖြစ်နိုင်တယ်။ လူကြီးသွားတွေ ထွက်လာတဲ့အခါ မညီဖို့လည်း ပိုအခွင့်လမ်းများတယ်။
Ceelin Plus 1

သတင်းကောင်းကတော့ ကလေးသွားပိုးစားတာကို ကာကွယ်ဖို့အရမ်းရိုးရှင်းလွယ်ကူတယ်နော်။
♦ နို့တိုက်ပြီးတိုင်း ကလေးသွားဖုံးလေးတွေကို ဂွမ်းလေးပဲဖြစ်ဖြစ်၊ အဝတ်စလေးနဲ့ ဖြစ်ဖြစ် သုတ်ပေးပါ။
♦ ကလေးသွားပေါက်လာတာနဲ့ သွားတိုက်ဆေးမပါဘဲ သွားတိုက်ပေးပါ။ သွားတိုက်ဆေးသုံးချင်ရင်တောင် ဖလိုရိုက်မပါတာကို ရွေးသုံးပါ။
♦ သွားမပေါက်သေးတဲ့နေရာတွေကိုလည်း သန့်ရှင်းနှိပ်နယ်ပေးပါ။
♦ ကလေးသွားလေးတွေစုံပြီဆိုတာနဲ့ မှန်မှန်သွားကြိုးခြစ်ပေးပါ။
♦ ဖလိုရိုက်ဓာတ်ပြည့်ဝပါစေ။ ဒါမှသွားပေါက်တွေမဖြစ်မှာပါ။
♦ ကလေးအသက်၁နှစ်ကစလို့ သွားဆရာဝန်နဲ့ ပုံမှန်ပြဖို့လိုပါတယ်။
>> နောက်ထပ်နည်းလမ်းတွေကတော့
♦ နို့ဘူးတွေထဲကို သကြားရည်တွေ၊ အချိုရည်တွေ မထည့်ရဘူးနော်။ နို့ဘူးဆိုတာ နို့၊ ရေ၊ ဖော်မြူ လာနို့နဲ့ ကလေးဝမ်းလျောရင်သောက်ရတဲ့ ဓာတ်ဆားရည်လောက်ပဲ ထည်သင့်ပါတယ်။ အသီးဖျော်ရည်တွေကို ရေတစ်ဝက်ရောပြီး ခွက်ကလေးနဲ့တိုက်ပေးလို့ရတယ်။ အချိုရည်တွေတော့ မတိုက်ပါနဲ့ဦး။
♦ ကလေးအိပ်ခါနီးကို ရေပဲတိုက်ပါ။
♦ အချိုရည်ထဲစိမ်ထားတဲ့ချိုလိမ်ကို မသုံးသင့်ပါဘူး။
♦ ကလေးစားတဲ့အစားအသောက်ထဲမှာ အချိုလျော့ပါ။
အကျင့်ဆိုးတွေပြင်ဖို့ အချိန်နောက်မကျသေးဘူးနော်။ နို့ဘူးနဲ့အချိုရည်တွေသောက်ေနေတယ်၊ ညအိပ်ရင် နို့ဘူးစို့ပြီးအိပ်တတ်တယ်ဆိုရင် ဒီအကျင့်ဆိုးကိုဖြတ်ဖို့
♦ ၂ပတ်၃ပတ်လောက်အတွင်းမှာ နို့ဘူးထဲ ရေတစ်ဖြည်းဖြည်းချင်းတိုးတိုးရောသွားပေးပါ။
♦ ဒီနောက်ပိုင်းမှာတော့ ရေပဲထည့်ပေးပါတော့။
အရေးကြီးတာက ကလေးငယ်သွားလေးတွေ ကျန်းမာမှ ကြီးသွားလေးတွေလည်း ကောင်းကောင်းထွက်လာနိုင်မှာနော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Ceelin Plus 2

(Unicode)
Dr. Mya Phoo Ngon (www.drmyanmar.com)















