/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်ကာလအတွင်း-အဖြူဆင်းခြင်း

ကိုယ်ဝန်ဆောင်ချိန်ကာလအတွင်း အဖြူဆင်းခြင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ခန္ဓာကိုယ်ဟာ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ပြောင်းလဲမှုများစွာနဲ့ တွေ့ကြုံရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် မိန်းမကိုယ်မှ အဖြူဆင်းခြင်းဟာ ဖြစ်တတ်တဲ့ သဘာဝဖြစ်ပေမယ့်လည်း သတိထား စောင့်ကြည့်သင့်တဲ့ အရေးကြီးတဲ့ ပြောင်းလဲမှုတစ်ရပ်ပဲ ဖြစ်ပါတယ်။

>>  ပုံမှန်အဖြူဆင်းခြင်း
အနံ့သိပ်မဆိုးတဲ့ အဖြူရည်ကျဲကျဲ (Leukorrhea) ဆင်းခြင်းဟာ ပုံမှန်ဖြစ်ပါတယ်။

>>  ဆောင်ရန်
●  နေ့စဉ်သုံးဂွမ်းကတ်အပါးလေးတွေကို အသုံးပြုပေးနိုင်ပါတယ်။
●  ဘက်တီးရီးယားပိုးမွှားတွေ မပေါက်ဖွားနိုင်အောင် မိန်းမကိုယ်သန့်စင်ဆေးရည်ကို အသုံးပြုပြီး သန့်ရှင်းရေး လုပ်ပေးပါ။ မွေးလမ်းကြောင်းအတွင်းထဲထိရောက်အောင် ဆေးစရာမလိုပါဘူး။

>>  ရှောင်ရန်
●  Tampon သုံးခြင်း (မိန်းမကိုယ်ထဲတွင် ပိုးမွှားများကို ပေါက်ပွားစေတတ်ပါတယ်။)

pH Care 1

>>  ပုံမှန်မဟုတ်သော အဖြူဆင်းခြင်း
Candidiasis လို့ခေါ်တဲ့ Yeast (တစေးမှို) ကြောင့် အဖြစ်များပါတယ်။ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ အနံ့ဆိုးတဲ့ စိမ်းဝါရောင်အရည်များဆင်းခြင်း၊ မိန်းမကိုယ်တစ်ဝိုက် နီရဲရောင်ရမ်းခြင်း၊ ယားယံခြင်းတို့ ဖြစ်လာတတ်ပြီး ဆရာဝန်နဲ့ သေချာစွာ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။
အထူးသတိပြုရန်ကတော့ ကိုယ်ဝန်ဆောင်ချိန်အတွင်း အဖြူဆင်းခြင်းသည် တစ်နေ့ထဲမှာ လစဉ်သုံး ဂွမ်းထုတ်တစ်ခုစာ ပြည့်ခဲ့ရင်၊ ဝမ်းဗိုက်နာကျင်တာမျိုးရှိခဲ့ရင် ဆရာဝန် (သို့မဟုတ်) ကျန်းမာရေး ဝန်ထမ်းတစ်ဦးဦးနဲ့ ချက်ချင်း တိုင်ပင်ဆွေးနွေးဖို့ပါပဲ။

ဒေါက်တာနေလွင်ထူး (www.drmyanmar.com)

pH Care 2

(Zawgyi)

ခႏၶာကိုယ္ဟာ ကိုယ္ဝန္ေဆာင္ကာလအတြင္းမွာ ေျပာင္းလဲမႈမ်ားစြာနဲ႔ ေတြ႕ႀကဳံရတတ္ပါတယ္။ ကိုယ္ဝန္ေဆာင္စဥ္ မိန္းမကိုယ္မွ အျဖဴဆင္းျခင္းဟာ ျဖစ္တတ္တဲ့ သဘာဝျဖစ္ေပမယ့္လည္း သတိထား ေစာင့္ၾကည့္သင့္တဲ့ အေရးႀကီးတဲ့ ေျပာင္းလဲမႈတစ္ရပ္ပဲ ျဖစ္ပါတယ္။

>>  ပုံမွန္အျဖဴဆင္းျခင္း
အနံ႔သိပ္မဆိုးတဲ့ အျဖဴရည္က်ဲက်ဲ (Leukorrhea) ဆင္းျခင္းဟာ ပုံမွန္ျဖစ္ပါတယ္။

>>  ေဆာင္ရန္
●  ေန႔စဥ္သုံးဂြမ္းကတ္အပါးေလးေတြကို အသုံးျပဳေပးႏိုင္ပါတယ္။
●  ဘက္တီးရီးယားပိုးမႊားေတြ မေပါက္ဖြားႏိုင္ေအာင္ မိန္းမကိုယ္သန႔္စင္ေဆးရည္ကို အသုံးျပဳၿပီး သန႔္ရွင္းေရး လုပ္ေပးပါ။ ေမြးလမ္းေၾကာင္းအတြင္းထဲထိေရာက္ေအာင္ ေဆးစရာမလိုပါဘူး။

>>  ေရွာင္ရန္
●  Tampon သုံးျခင္း (မိန္းမကိုယ္ထဲတြင္ ပိုးမႊားမ်ားကို ေပါက္ပြားေစတတ္ပါတယ္။)

>>  ပုံမွန္မဟုတ္ေသာ အျဖဴဆင္းျခင္း
Candidiasis လို႔ေခၚတဲ့ Yeast (တေစးမႈိ) ေၾကာင့္ အျဖစ္မ်ားပါတယ္။ လိင္မွတစ္ဆင့္ ကူးစက္တတ္တဲ့ ေရာဂါေတြေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ အနံ႔ဆိုးတဲ့ စိမ္းဝါေရာင္အရည္မ်ားဆင္းျခင္း၊ မိန္းမကိုယ္တစ္ဝိုက္ နီရဲေရာင္ရမ္းျခင္း၊ ယားယံျခင္းတို႔ ျဖစ္လာတတ္ၿပီး ဆရာဝန္နဲ႔ ေသခ်ာစြာ တိုင္ပင္ေဆြးေႏြးဖို႔ လိုအပ္ပါတယ္။
အထူးသတိျပဳရန္ကေတာ့ ကိုယ္ဝန္ေဆာင္ခ်ိန္အတြင္း အျဖဴဆင္းျခင္းသည္ တစ္ေန႔ထဲမွာ လစဥ္သုံး ဂြမ္းထုတ္တစ္ခုစာ ျပည့္ခဲ့ရင္၊ ဝမ္းဗိုက္နာက်င္တာမ်ိဳးရွိခဲ့ရင္ ဆရာဝန္ (သို႔မဟုတ္) က်န္းမာေရး ဝန္ထမ္းတစ္ဦးဦးနဲ႔ ခ်က္ခ်င္း တိုင္ပင္ေဆြးေႏြးဖို႔ပါပဲ။

ေဒါက္တာေနလြင္ထူး (www.drmyanmar.com)