ကိုယ်ဝန်ဆောင်ချိန် ခန္ဓာကိုယ်ရဲ့ အာရုံခံစားမှုဆိုင်ရာ ပြောင်းလဲမှုအထွေထွေ
ကိုယ်ဝန်ရှိချိန်မှာ အာရုံငါးပါး ခံစားမှုတွေကလည်း သိသိသာသာ ပြောင်းလဲလာပါသတဲ့။ ဘာတွေပြောင်းလဲသိရအောင် ဖတ်ကြည့်နော်။
● အနီးမြင် ပိုကောင်းလာပါတယ်။ မျက်ကပ်မှန်တပ်ဆင်သူ မေမေတွေကတော့ မျက်လုံးဝါးတာ မနေသာတာတွေ ကြုံရတတ်ပါတယ်။ မျက်လုံးအိမ်လည်း ကိုက်တတ်ပါတယ်။ ဆီးချိုနဲ့ သွေးတိုးရှိတဲ့ ကိုယ်ဝန်ဆောင်လေးတွေကတော့ အမြင်အာရုံ စစ်ဆေးမှုလေးပါ ခံယူသင့်ပါတယ်နော်။
● အရသာခံအာရုံကလည်း ပြောင်းလဲလာပါတယ်။ ဆားလေးလေးနဲ့ ငန်ငန်လေး ကြိုက်လာတတ်သလို အချိုကဲတဲ့ အစားအစာလေးတွေကိုလည်း တောင့်တလာတတ်ပါတယ်။ အရသာပျက်သွားပြီး ယခင်က မစားချင်တဲ့၊ မကြိုက်တာတွေ စားချင်လာတာ။ အကြိုက်တွေ ပြောင်းလဲလာတွေ တွေ့ရတတ်ပါတယ်။
● မွေးပြီးပြန်ရင်လည်း အစားပျက်သွားတတ်ပေမယ့် ခဏလောက်ပါပဲတဲ့။ မကြာခင် ကောင်းကောင်း ပြန်စားနိုင်လာပါတယ်။ နောက်ပြီး အနံခံအာရုံပြောင်းလာပြီး ရနေကျ အနံမခံနိုင်တာ ဆွတ်နေကျ ရေမွှေးမကြိုက်တော့တာတွေ ကြုံနိုင်ပါတယ်။
အသိသာဆုံး နောက်ထပ်ပြောင်းလဲမှုကတော့ ရင်သား ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်လေးရဲ့ ဟော်မုန်းတွေဟာ ရင်သားကို သိသိသာသာ သက်ရောက်ပါတယ်။
● ရင်သားတွေ တင်းလာတယ်။
● နာလာတယ်။
● ရင်သားထိပ် အရောင်ညိုလာတယ်။
● နို့သီးတွေ စူလာမယ်။
● ဒါ့အပြင် ရင်သားမှာပါ အကြောပြတ်ရာလေးတွေ ပေါ်လာတတ်ပါသေးတယ်။
● နောက်ပြီး နိုသီးခေါင်း အမည်းကွင်းမှာ အဖုသေးလေးတွေ ပေါ်လာပြီး အဝါရည်လေးတွေ စိမ့်ထွက်လာပါတယ်။ နို့ဦးရည်ဟာ ကိုယ်ဝန်ရှိကတည်းက စထွက်တာပါ။ သိပ်တင်းတာ၊ မာတာတွေဖြစ်ရင် ရေနွေးဝတ်လေး အုပ်ပေးသင့်ပါတယ်။
သားအိမ်ခေါင်း အပြောင်းအလဲအနေနဲ့ကတော့ ကိုယ်ဝန်ဆောင်ကနေ မွေးချိန်အထိ တောက်လျှောက်ပါပဲတဲ့။
1. သားအိမ်ခေါင်းက တစ်သျှူးလေးတွေက ထူပြီး မာလာပါတယ်။
2. ဒုတိယအနေနဲ့ အရည်အိတ်လေးတွေ ပြည့်လာပါတယ်။
3. မွေးခါနီးအချိန်မှာ ပြန်လည်ပျော့ပြောင်းသွားပြီး ကလေး တိုးထွက်နိုင်အောင် နူးညံပျော့ကျသွားပါတယ်။
ကိုယ်ဝန်ရှိစမှာ သားအိမ်ခေါင်းလေးက -
1. အဖြုနှစ်ရောင် ချွဲပျစ်ပျစ်တွေ ဆင်းတယ်။
2. မွေးခါနီးရင် ခေါင်းချွဲလို့ခေါ်တဲ့ သွေးနဲ့ရောတဲ့ အကျိအချွဲ ဆင်းတယ်။
3. နောက်ပြီး သားအိမ်ခေါင်းလေးက ဖြည်းညင်းစွာ ပျော့ပြောင်းသွားပြီး ကလေးလေးက တိုးထွက်လာတာပါ။
● တချို့ကိုယ်ဝန်တွေမှာ အမွှေးအမျှင်တွေ ကျဲပါးလာတာ၊ ထူထပ်လာတာတွေ ရှိလာပါတယ်။ ချိုင်းကြား၊ ခြေထောက်၊ မျက်နှာမှာ ပေါက်လာပါတယ်။
● လက်သည်းတွေ ကျွတ်ဆတ်ခြင်း၊ ကျိုးပဲ့ပျက်စီးခြင်း၊ မြောင်းလေးတွေ ထင်နေခြင်းတွေ ဖြစ်လာပါတယ်။
● ပေါင်ခြံ၊ တင်ပါးနဲ့ ရင်သား အမည်းကွင်းတွေ ပိုမည်းလာပါတယ်၊ မျက်နှာမှာ တင်းတိပ်တွေတောင် ပေါက်တတ်ပါတယ်။ မှဲ့ခြောက်လေးတွေပါ ပေါ်လာတတ်ပါတယ်။ ဗိုက်ပေါ်မှာ အကြောပြတ်ရာလေးတွေ ပေါ်လာပါတယ်။ ယားရင် ခရင်မ်တွေ လိမ်းပေးခြင်းဖြင့် သက်သာပါတယ်။
ကိုယ်ဝန်ဆောင်လေးတွေမှာ ကိုယ်ပူချိန် ပိုများလာတတ်ပါတယ်။ ဒါ့ကြောင့် မလိုအပ်ဘဲ ပင်ပန်းချွေးထွက်တာ ရှောင်ဖို့ ...
● အိမ်တွင်းမှာ နားနေပါ။
● ရေချိုးပါ။
● ပွပွချောင်ချောင် ချည်ထည်လေးတွေ ဝတ်ဆင်ပါ။
● သင့်တင့်မျှတတဲ့ လမ်းလျှောက်လေ့ကျင့်ခန်းလောက်က ကိစ္စမရှိပေမယ့် လေ့ကျင့်ခန်း ပြင်းထန်တဲ့အခါ ချွေးထွက်များပြီး သွေးလျှောက်တာပါ မြန်ဆန်လာပါတယ်။
● သွေးတိုးရှိတဲ့ ကိုယ်ဝန်ဆောင်လေးတွေ ပင်ပင်ပန်းပန်း လေ့ကျင့်ခန်း မလုပ်သင့်ပါဘူး။
● သိပ်ပူနေချိန် လေ့ကျင့်ခန်း မသွားပါနဲ့။
● မိုးအေးနေချိန်မှာလည်း မလုပ်ပါနဲ့။
● ရေ မကြာခဏသောက်ပြီး ရေဓာတ် ဖြည့်တင်းပေးပါ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















