ကိုယ်ဝန်ဆောင်ချိန် skincare ဘယ်လိုရွေးချယ်မလဲ?
ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်မှာ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အပြောင်းအလဲတွေ အများကြီး ကြုံတွေ့ရပါတယ်။ ဟော်မုန်းတွေ အပြောင်းအလဲကြောင့် အဆီတွေ ပိုပြန်လာတာ၊ အမည်းစက်တွေ ပိုထွက်လာတာတွေ ဖြစ်တတ်ပါတယ်။
ဒီလို ကိုယ်ဝန်ဆောင်ချိန်အပြောင်းအလဲတွေကို သက်သာစေဖို့ skincare ကို ဘယ်လိုရွေးချယ်ကြမလဲဆိုတာ ကြည့်ကြရအောင်နော် ...
Bio Oil Updated IA 1

၁။ သဘာဝပစ္စည်းတွေကို ရွေးချယ်အသုံးပြုပါ။
အခုခေတ် အလှကုန်ပစ္စည်းတွေမှာ ကိုယ်ဝန်ဆောင်ကိုရော၊ ဗိုက်ထဲက ကလေးကိုပါ အန္တရာယ်ဖြစ်စေနိုင်တဲ့ ပါဝင်ပစ္စည်းတွေ ပါဝင်တတ်ပါတယ်။ ဒါကြောင့်မို့ တတ်နိုင်သလောက် သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်။
၂။ အန္တရာယ်ရှိတဲ့ပစ္စည်းပါတဲ့ အလှကုန်တွေကို တတ်နိုင်သလောက်ရှောင်ပါ။
အန္တရာယ်ရှိတဲ့ အလှကုန်ပစ္စည်းတွေဖြစ်တဲ့ Parabens, Phthalates and Sulfates လိုမျိုး ပါဝင်ပစ္စည်းတွေဟာ ကင်ဆာရောဂါတွေ၊ ဟော်မုန်းမညီမျှမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ မိတ်ကပ်ပစ္စည်းတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်ပေးပါ။
Bio Oil Updated IA 2

၃။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ လူနေမှုပုံစံကို မွေးမြူလိုက်နာပါ။
အသားအရေကျန်းမာရေးလို့ဆိုရင် ကျန်းမာတဲ့လူနေမှုပုံစံကလည်း အရေးပါ,ပါတယ်။
● အိပ်ရေးဝဝအိပ်ပါ။ ညဘက်မှာ အချိန်မှန်မှန် အိပ်စက်ဖို့လိုသလို ညမအိပ်ခင် ပြုလုပ်နေကျ အမူအကျင့်တွေကလည်း အရေးပါပါတယ်။ ညမအိပ်ခင် မိနစ် ၃၀ ခန့်ကြိုပြီး တီဗီတွေ၊ ဖုန်းတွေကို ပိတ်ထားပါ။ စာအုပ်လေးဖတ်ပြီး ရေနွေးကြမ်းလေး သောက်ပေးခြင်းကလည်း ကောင်းကောင်း အိပ်ပျော်စေပါတယ်။
● ရေဟာ အသားအရေအတွက် ဈေးအပေါဆုံးအလှကုန်ပစ္စည်းပါ။ အရေးအကြောင်းကင်းစင်၊ အသားအရေ ကြည်လင်၊ ချွေးပေါက်ကျဉ်း၊ အသားအရေတင်းရင်းပြီး ဝက်ခြံတွေကို ကာကွယ်ဖို့ တစ်နေ့ကို ရေ ၈ ဖန်ခွက် သောက်ပေးပါ။
● ညအိပ်ခါနီး skincare ဖို့ မမေ့ပါနဲ့။ အိပ်နေချိန်မှာ အသားအရေက သူ့ဟာသူ ပြန်လည်ပြုပြင်တာကြောင့် ဒီလိုပြုပြင်ခြင်းကို ပိုကောင်းစေဖို့ အိပ်ခါနီးကို skincare မှန်မှန်လိမ်းပေးပါ။
ဒီလိုနည်းလမ်းလေးတွေကို လိုက်နာပြီး ကိုယ်ဝန်ဆောင်ချိန်မှာရော၊ ကလေးမွေးပြီးချိန်မှာပါ တစ်သားမွေး တစ်သွေးလှနိုင်ကြပါစေ။
Dr. Mya Phoo Ngon (www.drmyanmar.com)















