ကိုယ်ဝန်ဆောင်စဉ် တွေ့ကြုံရသော အခက်အခဲများနှင့် ရင်ဆိုင်ဖြေရှင်းနည်းများ
ကိုယ်ဝန်ဆောင်ကာလဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပြောင်းလဲမှုများတဲ့ကာလပါပဲ။ အခုလို COVID-19 ရောဂါပိုးတွေ ပျံ့နှံ့နေချိန်မှာဆိုတော့ ပိုလို့တောင် စိတ်ဖိစီးမှုတွေ ရှိနေနိုင်ပါတယ်။ ဟော်မုန်းပြောင်းလဲမှုတွေ၊ နေရထိုင်ရခက်ခဲမှုတွေနဲ့ ကိုယ်ခံအားကျဆင်းနေမှုတွေဟာ ပင်ပန်းခက်ခဲတဲ့ အတွေ့အကြုံတွေပါပဲ။
(၁) စိတ်ဖိစီးမှု
ရင်ဆိုင်ဖို့အခက်ခဲဆုံးကတော့ Stress လို့ခေါ်တဲ့ စိတ်ဖိစီးမှုပါပဲ။ ကိုယ်ဝန်ဆောင်ကာလ စိတ်ဖိစီးမှုဟာ သွေးတိုးခြင်း၊ လမစေ့ဘဲမွေးခြင်းနဲ့ ကိုယ်ဝန်ပျက်ကျတတ်ခြင်းအထိ အန္တရာယ်ရှိနိုင်တာကြောင့် စောစီးစွာ ကာကွယ်ကုသဖို့ လိုအပ်ပါတယ်။
(၂) အအိပ်ပျက်၊ အစားပျက်ခြင်း
မကြာခဏ ခေါင်းကိုက်ခြင်း၊ ပင်ပန်းမှုလွန်ကဲခြင်း၊ စိတ်တိုလွယ်ခြင်းတို့ကြောင့် အအိပ်အစား ပျက်လာတတ်ပါတယ်။ စိတ်ကိုလျှော့ပြီး ဝါသနာပါတာလေးများလုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် ကောင်းစွာအနားယူပါ။
(၃) တရားမှတ်ခြင်း
နေ့စဉ် နာရီဝက်ခန့် တရားထိုင်ခြင်းဟာ သွေးတိုးနဲ့ စိတ်ဖိစီးမှု အစရှိတဲ့ ကိုယ်ဝန်ဆောင်ချိန်အခက်အခဲများကို ၉၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပါတယ်။
Obimin 1

(၄) ကိုယ်အလေးချိန် တိုးလာခြင်း
ကိုယ်ဝန်ဆောင်ကာလမှာ ခန္ဓာကိုယ်ဟာ ဖိအားတော်တော်များများကို ခံစားရပါတယ်။ အများစုဟာ မွေးဖွားပြီးချိန်မှာ ပုံမှန်ကိုယ်အလေးချိန်ကို ပြန်ရရှိတတ်တာကြောင့် စိတ်မညစ်ပါနဲ့။
(၅) အကြံကောင်းများ ရယူပါ
ကိုယ်ဝန်ဆောင်ဖူးသူတွေဆီကနေ အခက်အခဲများကို ရင်ဆိုင်ကျော်လွှားဖို့နည်းလမ်းများ လေ့လာပါ။ အတွေ့အကြုံရှိသူ၊ မိမိကိုချစ်ခင်သူတွေနဲ့ စကားပြောရင်ဖွင့်ပြီး အားပေးစကားများကို ရယူပါ။ ကလေးမွေးဖွားပြီးချိန်မှာ ရနိုင်သမျှ အကူအညီတွေကို ယူသင့်ပါတယ်။ အဲဒီအကူအညီတွေဟာ မိမိဘဝနဲ့ ကလေးကြားမှာ ဟန်ချီညီအောင် ထိန်းကျောင်းနိုင်ဖို့ အကူအညီ ဖြစ်နိုင်ပါတယ်။
(၆) ဗိုက်ထဲက ကလေးနဲ့ စကားပြောပါ
ကလေးငယ်တွေဟာ အသက် (၆) လခန့်ကနေ စတင်ပြီး မေမေ့ရဲ့စကားတွေကို လေ့လာစပြုနေပါပြီ။ ဗိုက်ထဲက ကလေးလေးနဲ့ စကားပြောပေးပြီး သူ့ရဲ့လှုပ်ရှားမှုလေးတွေကို လေ့လာခြင်းက ကလေးနဲ့ သင့်ကြားက သံယောဇဉ်ကို ခိုင်မာလာစေပြီး သင့်ရဲ့စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးရာ ရောက်ပါတယ်။
ဒေါက်တာနေလွင်ထူး (www.drmyanmar.com)
Obimin 2

(Zawgyi)
ကိုယ္ဝန္ေဆာင္ကာလဟာ စိတ္ပိုင္းဆိုင္ရာေရာ ႐ုပ္ပိုင္းဆိုင္ရာပါ ေျပာင္းလဲမႈမ်ားတဲ့ကာလပါပဲ။ အခုလို COVID-19 ေရာဂါပိုးေတြ ပ်ံ႕ႏွံ႔ေနခ်ိန္မွာဆိုေတာ့ ပိုလို႔ေတာင္ စိတ္ဖိစီးမႈေတြ ရွိေနႏိုင္ပါတယ္။ ေဟာ္မုန္းေျပာင္းလဲမႈေတြ၊ ေနရထိုင္ရခက္ခဲမႈေတြနဲ႔ ကိုယ္ခံအားက်ဆင္းေနမႈေတြဟာ ပင္ပန္းခက္ခဲတဲ့ အေတြ႕အႀကဳံေတြပါပဲ။
(၁) စိတ္ဖိစီးမႈ
ရင္ဆိုင္ဖို႔အခက္ခဲဆုံးကေတာ့ Stress လို႔ေခၚတဲ့ စိတ္ဖိစီးမႈပါပဲ။ ကိုယ္ဝန္ေဆာင္ကာလ စိတ္ဖိစီးမႈဟာ ေသြးတိုးျခင္း၊ လမေစ့ဘဲေမြးျခင္းနဲ႔ ကိုယ္ဝန္ပ်က္က်တတ္ျခင္းအထိ အႏၲရာယ္ရွိႏိုင္တာေၾကာင့္ ေစာစီးစြာ ကာကြယ္ကုသဖို႔ လိုအပ္ပါတယ္။
(၂) အအိပ္ပ်က္၊ အစားပ်က္ျခင္း
မၾကာခဏ ေခါင္းကိုက္ျခင္း၊ ပင္ပန္းမႈလြန္ကဲျခင္း၊ စိတ္တိုလြယ္ျခင္းတို႔ေၾကာင့္ အအိပ္အစား ပ်က္လာတတ္ပါတယ္။ စိတ္ကိုေလွ်ာ့ၿပီး ဝါသနာပါတာေလးမ်ားလုပ္ျခင္း၊ ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္ျခင္းျဖင့္ ေကာင္းစြာအနားယူပါ။
(၃) တရားမွတ္ျခင္း
ေန႔စဥ္ နာရီဝက္ခန႔္ တရားထိုင္ျခင္းဟာ ေသြးတိုးနဲ႔ စိတ္ဖိစီးမႈ အစရွိတဲ့ ကိုယ္ဝန္ေဆာင္ခ်ိန္အခက္အခဲမ်ားကို ၉၀ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။
(၄) ကိုယ္အေလးခ်ိန္ တိုးလာျခင္း
ကိုယ္ဝန္ေဆာင္ကာလမွာ ခႏၶာကိုယ္ဟာ ဖိအားေတာ္ေတာ္မ်ားမ်ားကို ခံစားရပါတယ္။ အမ်ားစုဟာ ေမြးဖြားၿပီးခ်ိန္မွာ ပုံမွန္ကိုယ္အေလးခ်ိန္ကို ျပန္ရရွိတတ္တာေၾကာင့္ စိတ္မညစ္ပါနဲ႔။
(၅) အႀကံေကာင္းမ်ား ရယူပါ
ကိုယ္ဝန္ေဆာင္ဖူးသူေတြဆီကေန အခက္အခဲမ်ားကို ရင္ဆိုင္ေက်ာ္လႊားဖို႔နည္းလမ္းမ်ား ေလ့လာပါ။ အေတြ႕အႀကဳံရွိသူ၊ မိမိကိုခ်စ္ခင္သူေတြနဲ႔ စကားေျပာရင္ဖြင့္ၿပီး အားေပးစကားမ်ားကို ရယူပါ။ ကေလးေမြးဖြားၿပီးခ်ိန္မွာ ရႏိုင္သမွ် အကူအညီေတြကို ယူသင့္ပါတယ္။ အဲဒီအကူအညီေတြဟာ မိမိဘဝနဲ႔ ကေလးၾကားမွာ ဟန္ခ်ီညီေအာင္ ထိန္းေက်ာင္းႏိုင္ဖို႔ အကူအညီ ျဖစ္ႏိုင္ပါတယ္။
(၆) ဗိုက္ထဲက ကေလးနဲ႔ စကားေျပာပါ
ကေလးငယ္ေတြဟာ အသက္ (၆) လခန႔္ကေန စတင္ၿပီး ေမေမ့ရဲ႕စကားေတြကို ေလ့လာစျပဳေနပါၿပီ။ ဗိုက္ထဲက ကေလးေလးနဲ႔ စကားေျပာေပးၿပီး သူ႔ရဲ႕လႈပ္ရွားမႈေလးေတြကို ေလ့လာျခင္းက ကေလးနဲ႔ သင့္ၾကားက သံေယာဇဥ္ကို ခိုင္မာလာေစၿပီး သင့္ရဲ႕စိတ္ဖိစီးမႈကိုလည္း ေလွ်ာ့ခ်ေပးရာ ေရာက္ပါတယ္။
ေဒါက္တာေနလြင္ထူး (www.drmyanmar.com)















