/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်မိခင်တွေမှာ-တင်ပါးဆုံအရိုးကွင်းနာခြင်း

ကိုယ်ဝန်ဆောင်မိခင်တွေမှာ တင်ပါးဆုံအရိုးကွင်းနာခြင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ချိန်မှာ တင်ပါးဆုံရှေ့ဘက်မှာဖြစ်ဖြစ်၊ နောက်ဘက်မှာဖြစ်ဖြစ် နေတဲ့ပုံစံမှားလို့ (သို့) တောင့်တင်းပြီးတော့ မသက်မသာဖြစ်တဲ့လက္ခဏာတွေ ပေါင်းထားတာကို တင်ပါးဆုံအရိုးကွင်း နာတယ်လို့ပြောတာပါ။ ဒါက ကလေးအတွက် အန္တရာယ်မရှိပေမယ့်လည်း ကိုယ်ဝန်ဆောင်မေမေမှာတော့ တင်ပါးဆုံမှာနာပြီး ဟိုဘက်ဒီဘက်လှည့်ဖို့တောင် ခက်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ခံစားရတာခြင်းတော့ မတူပါဘူး။ တချို့မှာဆိုရင် တော်တော်ဆိုးတတ်ပါတယ်။
လက္ခဏာတွေကတော့ -
•  ဆီးခုံအလယ်တည့်တည့်မှာ အောင့်ခြင်း
•  ခါးအောက်ပိုင်း တစ်ဖက် (သို့) နှစ်ဘက်လုံးမှာ နာခြင်း
•  မွေးလမ်းကြောင်းနဲ့ စအိုအတွင်းကြားနေရာတွေမှာ နာကျင်ခြင်း
•  နာကျင်မှုက ပေါင်အထိ ရောက်သွားခြင်း

တချို့ကိုယ်ဝန်ဆောင်တွေမှာဆိုရင် တင်ပါးဆုံအတွင်းပိုင်းထဲက တဂျွတ်ဂျွတ်မြည်သံတောင်မှ ကြားရပါတယ်။ လမ်းလျှောက်တဲ့အချိန်၊ လှေကားတက်ချိန်၊ ခြေထောက်တစ်ဖက်တည်းပေါ် ရပ်နေတဲ့အချိန်နဲ့ အိပ်ရာထဲမှာ ဟိုဘက်ဒီဘက် လှည့်တဲ့အချိန်တွေမှာ နာတာကို ပိုပြီးသတိပြုမိတတ်ပါတယ်။ ပြီးတော့ ခြေထောက်တွေကို ခွဲပြီးရပ်တဲ့အခါမှာလည်း ခက်ခဲနိုင်ပါတယ်။ (ဥပမာ - ကားပေါ်ကဆင်းတဲ့အချိန်မျိုး)
နာကျင်ကိုက်ခဲတာ၊ မသက်မသာဖြစ်တာတွေကို သက်သာစေဖို့အတွက် ကုထုံးတွေ၊ နည်းလမ်းတွေရှိပါတယ်။ စောစောနဲ့ မှန်မှန်ကန်ကန် ကုသမှုခံယူမယ်ဆိုရင် ရောဂါလက္ခဏာတွေ သက်သာပျောက်ကင်းနိုင်ပါတယ်။

>>  ဘယ်လိုလူတွေမှာ ဖြစ်တတ်သလဲ?
ကိုယ်ဝန်ဆောင် ၅ ယောက်မှာ ၁ ယောက်တော့ ခံစားရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို သေချာမသိပေမယ့်လည်း အရင်က တင်ပါးဆုံအရိုးကွင်း ဒဏ်ရာရထားဖူးတဲ့သူတွေ၊ တင်ပါးဆုံအရိုးကွင်း အဆစ်လှုပ်ရှားမှုမညီတဲ့သူတွေနဲ့ ဗိုက်ထဲမှာ ကလေးနေတဲ့အနေအထား၊ ကလေးရဲ့အလေးချိန်တွေနဲ့ ဆိုင်နိုင်ပါတယ်။
ဖြစ်နိုင်ချေများစေတဲ့ တခြားလက္ခဏာတွေကတော့ -
•  ခါးအောက်ပိုင်းနာဖူးခြင်း (သို့) တင်ပါးဆုံအရိုးကွင်းနာဖူးခြင်း
•  ပြုတ်ကျလို့ (သို့) မတော်တဆမှု စတဲ့တစ်ခုခုကြောင့် တင်ပါးဆုံအရိုးကွင်းဒဏ်ရာရဖူးခြင်း
•  အရင်ကိုယ်ဝန်တုန်းက တင်ပါးဆုံအရိုးကွင်းနာဖူးခြင်း
•  ကိုယ်ကာယသုံးရတဲ့အလုပ်တွေ
•  ကိုယ်အလေးချိန်တက်လာခြင်း
•  စိတ်ပိုင်းဆိုင်ရာဖိစီးမှုနဲ့ ဆေးလိပ်သောက်ခြင်း

Obimin 1

>>  ဘယ်အချိန်မှာ ဆေးခန်းပြဖို့လိုသလဲ?
စောစောသိပြီးတော့ ကုသနိုင်ရင် နာကျင်ကိုက်ခဲမှုကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ပြီးတော့ နာတာရှည် မသက်မသာမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အရိုးအဆစ် ပြန်လည်သန်စွမ်းရေးဆရာဝန်က ဖြစ်တဲ့အဆစ်ကို ညင်ညင်သာသာလေး ဖိပေးတာ၊ လှုပ်ရှားပေးတာတွေ လုပ်ပေးပြီးတော့ ပုံမှန်အတိုင်း ပြန်လှုပ်ရှားနိုင်အောင် လုပ်ပေးပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေတုန်းမှာ တင်ပါးဆုံနာတဲ့လက္ခဏာပြရင် ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ပြသသင့်ပါတယ်။

>>  ကုထုံးများ
အရိုးအဆစ် ပြန်လည်သန်စွမ်းရေးကုထုံးက နာကျင်ကိုက်ခဲတာ သက်သာစေဖို့၊ ကြွက်သားလုပ်ဆောင်မှုတွေ ကောင်းလာစေဖို့၊ ခါးရိုးကွင်းဆစ်ပုံစံနဲ့ တည်ငြိမ်မှုပြန်ကောင်းလာစေဖို့ ရည်ရွယ်ပါတယ်။ အောက်ပါကုထုံးတွေ ပါဝင်ပါတယ်။
•  တင်ပါးဆုံအရိုးကွင်း၊ တင်ပါးနဲ့ ခါးရိုးဆစ်တွေ ပုံမှန်အတိုင်းလှုပ်ရှားနိုင်ဖို့အတွက် ကုထုံး
•  ခါးအောက်ပိုင်းတင်ပါးဆုံရိုး၊ အစာအိမ်၊ နောက်ကျောနဲ့ တင်ပါးကြွက်သားတွေ သန်မာစေဖို့ လေ့ကျင့်ခန်းများ
•  ရေထဲမှာလုပ်ရတဲ့ လေ့ကျင့်ခန်းများ
•  ကလေးမွေးရင် နေရမယ့်အနေအထားကို အကြံဉာဏ်ပေးခြင်း
•  အနာသက်သာစေဖို့
•  လိုအပ်ပါက စက်ကိရိယာတွေသုံးပြီး ကုသပေးပါလိမ့်မယ်။

>>  ကလေးမွေးရင်ရော ဘယ်လိုမွေးရမလဲ?
တင်ပါးဆုံအရိုးကွင်းနာတဲ့ အမျိုးသမီးအများစုက ရိုးရိုးလည်းမွေးနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့အခြေအနေနဲ့ မွေးမယ့်အစီအစဉ်တွေကို သားဖွားဆရာမ၊ ဆရာဝန်နဲ့ ကြိုတင်ပြီးတိုင်ပင်ထားဖို့တော့ လိုပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Obimin 2

(Zawgyi)

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ တင္ပါးဆုံေရွ႕ဘက္မွာျဖစ္ျဖစ္၊ ေနာက္ဘက္မွာျဖစ္ျဖစ္ ေနတဲ့ပုံစံမွားလို႔ (သို႔) ေတာင့္တင္းၿပီးေတာ့ မသက္မသာျဖစ္တဲ့လကၡဏာေတြ ေပါင္းထားတာကို တင္ပါးဆုံအ႐ိုးကြင္း နာတယ္လို႔ေျပာတာပါ။ ဒါက ကေလးအတြက္ အႏၲရာယ္မရွိေပမယ့္လည္း ကိုယ္ဝန္ေဆာင္ေမေမမွာေတာ့ တင္ပါးဆုံမွာနာၿပီး ဟိုဘက္ဒီဘက္လွည့္ဖို႔ေတာင္ ခက္ပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ ခံစားရတာျခင္းေတာ့ မတူပါဘူး။ တခ်ိဳ႕မွာဆိုရင္ ေတာ္ေတာ္ဆိုးတတ္ပါတယ္။
လကၡဏာေတြကေတာ့ -
•  ဆီးခုံအလယ္တည့္တည့္မွာ ေအာင့္ျခင္း
•  ခါးေအာက္ပိုင္း တစ္ဖက္ (သို႔) ႏွစ္ဘက္လုံးမွာ နာျခင္း
•  ေမြးလမ္းေၾကာင္းနဲ႔ စအိုအတြင္းၾကားေနရာေတြမွာ နာက်င္ျခင္း
•  နာက်င္မႈက ေပါင္အထိ ေရာက္သြားျခင္း

တခ်ိဳ႕ကိုယ္ဝန္ေဆာင္ေတြမွာဆိုရင္ တင္ပါးဆုံအတြင္းပိုင္းထဲက တဂြၽတ္ဂြၽတ္ျမည္သံေတာင္မွ ၾကားရပါတယ္။ လမ္းေလွ်ာက္တဲ့အခ်ိန္၊ ေလွကားတက္ခ်ိန္၊ ေျခေထာက္တစ္ဖက္တည္းေပၚ ရပ္ေနတဲ့အခ်ိန္နဲ႔ အိပ္ရာထဲမွာ ဟိုဘက္ဒီဘက္ လွည့္တဲ့အခ်ိန္ေတြမွာ နာတာကို ပိုၿပီးသတိျပဳမိတတ္ပါတယ္။ ၿပီးေတာ့ ေျခေထာက္ေတြကို ခြဲၿပီးရပ္တဲ့အခါမွာလည္း ခက္ခဲႏိုင္ပါတယ္။ (ဥပမာ - ကားေပၚကဆင္းတဲ့အခ်ိန္မ်ိဳး)
နာက်င္ကိုက္ခဲတာ၊ မသက္မသာျဖစ္တာေတြကို သက္သာေစဖို႔အတြက္ ကုထုံးေတြ၊ နည္းလမ္းေတြရွိပါတယ္။ ေစာေစာနဲ႔ မွန္မွန္ကန္ကန္ ကုသမႈခံယူမယ္ဆိုရင္ ေရာဂါလကၡဏာေတြ သက္သာေပ်ာက္ကင္းႏိုင္ပါတယ္။

>>  ဘယ္လိုလူေတြမွာ ျဖစ္တတ္သလဲ?
ကိုယ္ဝန္ေဆာင္ ၅ ေယာက္မွာ ၁ ေယာက္ေတာ့ ခံစားရႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။ ဘာေၾကာင့္ျဖစ္ရတယ္ဆိုတာကို ေသခ်ာမသိေပမယ့္လည္း အရင္က တင္ပါးဆုံအ႐ိုးကြင္း ဒဏ္ရာရထားဖူးတဲ့သူေတြ၊ တင္ပါးဆုံအ႐ိုးကြင္း အဆစ္လႈပ္ရွားမႈမညီတဲ့သူေတြနဲ႔ ဗိုက္ထဲမွာ ကေလးေနတဲ့အေနအထား၊ ကေလးရဲ႕အေလးခ်ိန္ေတြနဲ႔ ဆိုင္ႏိုင္ပါတယ္။
ျဖစ္ႏိုင္ေခ်မ်ားေစတဲ့ တျခားလကၡဏာေတြကေတာ့ -
•  ခါးေအာက္ပိုင္းနာဖူးျခင္း (သို႔) တင္ပါးဆုံအ႐ိုးကြင္းနာဖူးျခင္း
•  ျပဳတ္က်လို႔ (သို႔) မေတာ္တဆမႈ စတဲ့တစ္ခုခုေၾကာင့္ တင္ပါးဆုံအ႐ိုးကြင္းဒဏ္ရာရဖူးျခင္း
•  အရင္ကိုယ္ဝန္တုန္းက တင္ပါးဆုံအ႐ိုးကြင္းနာဖူးျခင္း
•  ကိုယ္ကာယသုံးရတဲ့အလုပ္ေတြ
•  ကိုယ္အေလးခ်ိန္တက္လာျခင္း
•  စိတ္ပိုင္းဆိုင္ရာဖိစီးမႈနဲ႔ ေဆးလိပ္ေသာက္ျခင္း

>>  ဘယ္အခ်ိန္မွာ ေဆးခန္းျပဖို႔လိုသလဲ?
ေစာေစာသိၿပီးေတာ့ ကုသႏိုင္ရင္ နာက်င္ကိုက္ခဲမႈကို အနည္းဆုံးျဖစ္ေအာင္ ေလွ်ာ့ခ်ႏိုင္ၿပီးေတာ့ နာတာရွည္ မသက္မသာမျဖစ္ေအာင္လည္း ကာကြယ္ေပးႏိုင္ပါတယ္။ အ႐ိုးအဆစ္ ျပန္လည္သန္စြမ္းေရးဆရာဝန္က ျဖစ္တဲ့အဆစ္ကို ညင္ညင္သာသာေလး ဖိေပးတာ၊ လႈပ္ရွားေပးတာေတြ လုပ္ေပးၿပီးေတာ့ ပုံမွန္အတိုင္း ျပန္လႈပ္ရွားႏိုင္ေအာင္ လုပ္ေပးပါလိမ့္မယ္။ ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္ေနတုန္းမွာ တင္ပါးဆုံနာတဲ့လကၡဏာျပရင္ ေဆး႐ုံ၊ ေဆးခန္းသို႔ သြားေရာက္ျပသသင့္ပါတယ္။

>>  ကုထုံးမ်ား
အ႐ိုးအဆစ္ ျပန္လည္သန္စြမ္းေရးကုထုံးက နာက်င္ကိုက္ခဲတာ သက္သာေစဖို႔၊ ႂကြက္သားလုပ္ေဆာင္မႈေတြ ေကာင္းလာေစဖို႔၊ ခါး႐ိုးကြင္းဆစ္ပုံစံနဲ႔ တည္ၿငိမ္မႈျပန္ေကာင္းလာေစဖို႔ ရည္႐ြယ္ပါတယ္။ ေအာက္ပါကုထုံးေတြ ပါဝင္ပါတယ္။
•  တင္ပါးဆုံအ႐ိုးကြင္း၊ တင္ပါးနဲ႔ ခါး႐ိုးဆစ္ေတြ ပုံမွန္အတိုင္းလႈပ္ရွားႏိုင္ဖို႔အတြက္ ကုထုံး
•  ခါးေအာက္ပိုင္းတင္ပါးဆုံ႐ိုး၊ အစာအိမ္၊ ေနာက္ေက်ာနဲ႔ တင္ပါးႂကြက္သားေတြ သန္မာေစဖို႔ ေလ့က်င့္ခန္းမ်ား
•  ေရထဲမွာလုပ္ရတဲ့ ေလ့က်င့္ခန္းမ်ား
•  ကေလးေမြးရင္ ေနရမယ့္အေနအထားကို အႀကံဉာဏ္ေပးျခင္း
•  အနာသက္သာေစဖို႔
•  လိုအပ္ပါက စက္ကိရိယာေတြသုံးၿပီး ကုသေပးပါလိမ့္မယ္။

>>  ကေလးေမြးရင္ေရာ ဘယ္လိုေမြးရမလဲ?
တင္ပါးဆုံအ႐ိုးကြင္းနာတဲ့ အမ်ိဳးသမီးအမ်ားစုက ႐ိုး႐ိုးလည္းေမြးႏိုင္ပါတယ္။ ဒါေပမဲ့ ကိုယ့္ရဲ႕အေျခအေနနဲ႔ ေမြးမယ့္အစီအစဥ္ေတြကို သားဖြားဆရာမ၊ ဆရာဝန္နဲ႔ ႀကိဳတင္ၿပီးတိုင္ပင္ထားဖို႔ေတာ့ လိုပါတယ္။

Dr. Mya Myo Myo Swe (www.drmyanmar.com)