ကိုယ်ဝန်ပျက်ပြီးနောက် ကလေး ဘယ်အချိန် ပြန်ရနိုင်သလဲ?
ကိုယ်ဝန်ပျက်ပြီးနောက် ရက်အတော်ကြာ ရာသီသွေး မပေါ်တတ်ပေမယ့် သားဥကြွေတဲ့အတွက် သနေ္ဓ တည်နိုင်ပါတယ်။ ဒါကြောင့် ချက်ချင်း ကိုယ်ဝန်ပြန်မဆောင်ချင်သေးသူတွေမှာ သနေ္ဓတားနည်းများကို ချက်ချင်းအသုံးပြုသင့်ပါတယ်။
ကွန်ဒုံးနဲ့ အခြားတားဆေးများကို ချက်ချင်း အသုံးပြုနိုင်ပါတယ်။ ကိုယ်ဝန်ပျက်ပြီးနောက် 4 ရက်မှ 14 ရက်အတွင်း သားအိမ်ထဲထည့်တားဆေး ထည့်နိုင်ပါတယ်။ သားအိမ်တွင်း တားဆေးထည့်ဖို့အတွက် ပုံမှန်ရာသီ လာချိန်အထိလည်း စောင့်နိုင်ပေမယ့် စောင့်နေစဉ် ကြားအချိန်အတောအတွင်းမှာ အခြားတားဆေးတစ်မျိုးမျိုး သုံးပေးသင့်ပါတယ်။
ဟော်မုန်းတားဆေးများဖြစ်တဲ့ သောက်ဆေး၊ ကပ်ခွာ၊ ထိုးဆေးနဲ့ လက်မောင်းထဲထည့်ပစ္စည်းများကို ကိုယ်ဝန်ပျက်ပြီး 3 ရက်အတွင်း အသုံးပြုနိုင်ပါတယ်။ အကယ်၍ 3 ရက်ကျော်မှ သောက်ဖြစ်ပါက မသောက်ဖြစ်ခင် ရက်အတွင်းမှာ ကွန်ဒုံး အသုံးပြုသင့်ပြီး ဆေးသောက်ပြီး 9 ရက်ကြာ အာနိသင် စရှိလာချိန်မှ ရပ်သင့်ပါတယ်။
အကယ်၍ ကိုယ်ဝန် ဆက်ရှိနေပါကလည်း ဒီဟော်မုန်းဆေးတွေဟာ သနေ္ဓသားကို ဆိုးကျိုးမဖြစ်စေပါဘူး။ ဒါပေမဲ့ ကိုယ်ဝန် တကယ် ပျက်၊ မပျက်ကို တယ်လီဗေးရှင်းဓာတ်မှန် ရိုက်ကြည့်ပြီး ပြန်လည်ဆန်းစစ်ကြည့်သင့်ပါတယ်။
Dr. Emerald (www.drmyanmar.com)















