/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်၀န်ဆောင်ချိန်မှာ-သွေးအားနည်းခြင်းကို-ကာကွယ်ကြရအောင်

ကိုယ်၀န်ဆောင်ချိန်မှာ သွေးအားနည်းခြင်းကို ကာကွယ်ကြရအောင်

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ကိုယ်၀န်ဆောင်ချိန်မှာ သွေးအားပြည့်၀ကျန်းမာနေမှ မွေးဖွားချိန််ကို အဆင်ပြေပြေချောချောမွေ့မွေ့ ဖြတ်သန်းနိုင်မှာပါ။ သားအိမ်ထဲမှာ တနေ့တခြား ဖွံဖြိုးကြီးထွားလာတဲ့ ကလေးလေးအတွက် အဓိကလိုအပ်တဲ့သွေးအားကို ဖြည့်ဆည်းနိုင်ဖို့လိုအပ်တဲ့အလျောက် ဗဟုသုတဖြစ်ဖွယ်လေးတွေကို တင်ပြပါရစေ။ 

• အမဲသားစားပါ။ အနီေ၇ာင်အသားမှာ သံဓာတ်ပြည့်၀စွာပါ၀င်နေပါတယ်။

• ကြက်အသည်းအမြစ်စားပါ။ သွေးအားမြင့်မားလာစေပါတယ်။

• ဟင်းနုနွယ်ကို ကြော်စားပါ။ တပတ်ကို သုံးကြိမ်လောက်စားစေချင်ပါတယ်။

• ခရမ်းချဉ်သီး၊ သံပရာသီး၊ ကီ၀ီသီး စတာတွေမှာ ဗီတာမင် C ဓာတ်ပေါများပြည့်လျှံနေတဲ့အတွက် •သံဓာတ်စုပ်ယူမှုကို အားကောင်းစေပါတယ်။ 

• မုန်လာဥနီဖျော်ရည်၊ ပန်းသီးဖျော်ရည်တွေ သောက်သုံးပါ။

• ငှက်ပျောသီးကို ပျားရည်နဲ့ တည်စားပါ။

• အစားအစာနဲ့ သံဓာတ်ကို ဖြည့်တင်းနိုင်သလို ဖြည့်စွက်ဆေးဝါးသောက်သုံးတာကလည်း ထိရောက်ကောင်းမွန်ပါတယ်။

• ဆိုးဆိုးဝါးဝါးသွေးအားနည်းတဲ့အခါ နောက်ဆုံး သွေးသွင်းကုသဖို့ထိ လိုအပ်လာတတ်ပါတယ်။

သွေးအားသိပ်နည်းတဲ့ ကိုယ်၀န်ဆောင်လေးဟာ….

• အလွယ်တကူ မောပန်းမယ်

• နွမ်းနယ်လာမယ် လမ်းကြာကြာမလျှောက်နိုင်ဘူး လှေကားတက်တိုင်းမောမယ်

• ကလေးမွေးလာတဲ့အခါ ကလေးက သေးကွေးနေပြီး ပေါင်မပြည့်ဘူး။

• ကလေးကသေးကွေးပြီး လမပြည့်ပေါင်မစေ့မွေးဖွားတာ တွေဖြစ်တတ်သလို

• မွေးဖွားပြီးချိန်မှာလည်း စိတ်ကျရောဂါရဖို့ အခွင့်အလမ်းများပါတယ်။

 

          ဒီတော့ အမျိုးမျိုးသော ဆိုးကျိုးတွေ နောက်ဆက်တွဲတွေ ပါလာမှာမို့ သွေးအားပြည့်ဖို့ အထူးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဖြူဖတ်ဖြူရော် ကို်ယ်၀န်ဆောင်လေးတွေဟာ ပြဿနာအတက်နိုင်ဆုံးမို့ မိမိကိုယ်ကို သွေးအားပြည့်၀နေဖို့ အမြဲဂရုတစိုက်စစ်ဆေးနေသင့်ပါတယ်။ ဆရာ၀န်ဆရာမတွေကို ပုံမှန်ပြသအကူအညီတောင်းခံပါ။ ဒါကြောင့် ဖော်ပြထားတဲ့အတိုင်း သွေးအားကောင်းစာတွေ ဂရုစိုက်စားသုံးသလို ဖြည့်စွက်စာလည်း သောက်သုံးပေးမှ မဗိုက်တို့ဘ၀ ကျန်းကျန်းမာမာနဲ့ သာယာလှပလာစေမှာပါ။

 

ဂျီပီငှက် ( ဆေး/ မန််း) (www.drmyanmar.com)