နို့တိုက်နေတုန်း ဘယ်လိုအစားအစာမျိုးတွေကို ရှောင်ဖု့ိလိုသလဲ
1.အရက်
နို့ထဲ အရက်ပမာဏဘယ်လောက်ပဲပါရင် ကလေးအတွက် စိတ်ချရတယ်ဆိုတာမျိုးမရှိဘူးနော်။ အရက်သောက်မိရင် နို့ထဲ အရက်လုံးဝမပါတော့သည်အထိကို နို့မတိုက်သင့်ဘူး။ ၅% ဘီယာ ၁၂အောင်စ (၃၅၅ml)၊ ၁၁% ဝိုင် ၅အောင်စ (၁၄၈ml)၊ ၄၀% အရက် ၁.၅အောင်စ (၄၄ml) သောက်ထားရင် ၂နာရီ - ၃နာရီလောက် ကလေးကို နို့မတိုက်ပါနဲ့။ နို့ညှစ်ထုတ်ရုံနဲ့လည်း ခန္ဓာကိုယ်ကအရက်ပမာဏမြန်မြန်ကုန်သွားတယ်ဆိုတာမျိုးလည်း မရှိဘူးနော်။
2.ကဖိန်း
တစ်ရက်ကို ကဖိန်းပါတဲ့ လက်ဖက်ရည်၊ ကော်ဖီတွေကို ၂ခွက်- ၃ခွက်(၁၆ အောင်စ -၂၄ အောင်စ) ထက် ပိုမသောက်သင့်ဘူးနော်။ ကလေးအိပ်ချိန်တွေကို ကမောက်ကမဖြစ်စေလိမ့်မယ်။
3.မာကျူရီဓာတ်ပါဝင်နှုန်းများတဲ့ ငါး
ပင်လယ်စာတွေဟာ ပရိုတင်းနဲ့ အိုမီဂါ ၃ အဆီဓာတ်တွေ ကြွယ်ဝတယ်။ ဒါပေမယ့် ကြောက်ဖို့ကောင်း တာက ပင်လယ်စာအများစုမှာ မာကျူရီနဲ့ တစ်ခြားဓာတ်တွေ ပါနေတတ်တယ်။ အမေ့နို့ကနေတစ်ဆင့် မာကျူရီတွေအများကြီး ထိတွေ့မိတာဟာ ကလေးရဲ့ဖွံ့ဖြိုးနေတဲ့ ဦးနှောက်အာရုံကြောစနစ်ကို ထိခိုက်စေလိမ့်မယ်။ ဒါကြောင့် မာကျူရီပါဝင်နှုန်းများတဲ့ ဓားရှည်နှုတ်သီးငါး၊ မက်ကရယ်ငါးကြီးတွေကို ရှောင်သင့်တယ်နော်။ ရေချိုငါးတွေစားရင်လည်း သေချာဂရုစိုက်သင့်ပြီး တစ်ပတ်ကို ၆ အောင်စ (၁၇၀ ဂရမ်) ထက်ပိုပြီးမစားသင့်ဘူးနော်။
(Unicode)
1.အရကျ















