/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ဗိုက်ခွဲမွေးပြီးနောက်-မှားယွင်းနေတတ်တဲ့-အချက်များ

ဗိုက်ခွဲမွေးပြီးနောက် မှားယွင်းနေတတ်တဲ့ အချက်များ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ဒီအချက်​​တွေကို ဗိုက်​ခွဲ​မွေးပြီးချိန်​မှာ လုံးဝမလုပ်​သင်​့ပါဘူး။

 

၁။ ဆီးပိုက်​ဖြုတ်​ပြီးတာနဲ့ လမ်​းစ​လျောက်​နိုင်​ပါပြီ။ ​ဘေးကအကူနဲ့ ​လျောက်​လဲရပါတယ​်​။ ခုတင်​​ပေါ်မှာ တစ်​ချိန်​လုံးလှဲ​လျောင်​း​နေတာထက်​ လမ်​း​လျောက်​တာက အနာကျက်​ပိုမြန်​​စေနိုင်​ပါတယ်​။ အစပိုင်​းမှာ​တော့ ​ခေါင်​းမူး​ခေါင်​း​နောက်​ဖြစ်​တတ်​​ပြီး ​နှေး​နှေးသာ​လျောက်​နိုင်​ပါမယ်​။ တစ်​ဖြည်​းဖြည်​းနဲ့ ပုံမှန်​​လျောက်​နိုင်​လာမှာပါ။

၂။ အိမ်​သာစသွားနိုင်​တဲ့အခါ ဆီးဝမ်​းကို မ​အောင်​့ထားပါနဲ့။ ဆီးချုပ်​ဝမ်​းချုပ်​ဖြစ်​တဲ့အခါ အနာကို ပိုနာ​စေနိုင်​ပါတယ်​။ အိပ်​ရာ​ပေါ်က ခဏခဏထသွားရရင်​​တောင်​မှ သွားပါ။ ထလိုက်​တဲ့အခါ ဗိုက်​ကနာနာတတ်​​ပေမယ်​့ သွားရပါမယ်​။

၃။ ခွဲပြီးပထမရက်​တွေမှာ အစာပျော့ပျော့တွေပဲ စစားပါ။ အစပ်တွေ၊ အကြော်မာမာ (ဥပမာ-ဆိတ်သားပြုတ်ကြော် မာမာ)တွေ မစားပါနဲ့ဦး။ က​လေး​မွေးပြီးချိန်​မှာ ဗိုက်​ကလက်​မခံနိုင်​​သေးတာ​ကြောင်​့ အစာအိမ်​အချဉ်​​ဖောက်​၊ ရင်​ပူ​စေတတ်​ပါတယ်​။ ဒါ​ကြောင်​့ ဖြစ်​နိုင်​ရင်​ အဖြူထည်​​လေးပဲ စားသင်​့ပါတယ်​။

 

၄။ က​လေးကိုချီတာကလွဲလို့ ​ဆေးရုံဆင်​းပြီး ၂ပတ်​​လောက်​အတွင်​း အ​လေးအပင်​မမသင်​့ပါဘူး။ အတွင်​းချုပ်​ရိုး​တွေဟာ အနာကျက်​ဖို့ အချိန်​တစ်​ခု​ စောင်​့ရတတ်​ပါတယ်​။

 

၅။ က​လေး​မွေးပြီးပြီးချင်​း​ ​လေကျင်​့ခန်​းမလုပ်​ပါနဲ့။ က​လေး​မွေးပြီးချိန်​ထိ ကိုယ်​ဝန်​အကျႌပွပွကြီး​တွေ ဝတ်​​နေရတာကို စိတ်​ညစ်​ရတတ်​​ပေမယ်​့ ကိုယ်​ကျပ်​က​လေးဝတ်​နိုင်​ဖို့ ခဏ​စောင်​့သင်​့ပါတယ်​။ ဗိုက်​ကို​စော​စောဒဏ်​​ပေးခြင်း​က အတွင်​း​သွေးထွက်​တာမျိုး ဖြစ်​​စေနိုင်​ပါတယ်​။ ​လေ့ကျင်​့ခန်​းအစား က​လေးကိုတွန်​းလှည်​းထဲထည်​့ပြီး တွန်​းတာမျိုး၊ က​လေးကိုချီပြီး ​ဆော့ကစားတာမျိုး စတဲ့ ​လေ့ကျင်​့ခန်​းမျိုး​လေး​တွေသာ လုပ်​​ပေးသင်​့ပါတယ်​။

၆။ ချုပ်​ရိုးကို ဂရုစိုက်​ပါ။ ဆရာဝန်​မှာကြားတဲ့​ဆေးများကို မှန်​မှန်​​သောက်​ပါ။ ချုပ်​ရိုး​သေချာ​ခြောက်​တဲ့အထိ ​ရေ​နွေးစိမ်​ချိုးတာမျိုး ​ရှောင်​ကြဉ်​ရပါမယ်​။

 

၇။ သက်​​တောင်​သက်​သာရှိမယ်​့ အ​နေအထားမှာ အိပ်​ပါ။ ချုပ်​ရိုး​ဖြေပြီး အနာ​ကောင်းကောင်​း ကျက်​​နေ​ပေမယ်​့ ​ကျော​ခင်​းအိပ်​ရင်​ နာ​နေတတ်​ပါတယ်​။ ဒါ​ကြောင့် ​ဘေးတစ်​​စောင်​းအိပ်​ဖို့ လိုအပ်​​နေနိုင်​ပါ​သေးတယ်​။

 

၈။ က​လေးအိပ်​စင်​​လေးကို ခုတင်​​ဘေးမှာထားအိပ်​ပါ။ ဒါမှ ညဘက်​က​လေး​ချော့၊ နို့တိုက်​တဲ့အခါ ကုန်​းကုန်​း ထရပြီး ခွဲ​ကြောင်​းနာခြင်​းကို ​လျော့နည်​း​စေနိုင်​ပါတယ်​။

 

၉။ ဝမ်​းမချုပ်​ပါ​စေနဲ့။ ​ရေများများ​သောက်​ပါ။ အနာကျက်​​နေစဉ်​မှာ ချုပ်​ရိုးကို ဒဏ်​ပြုခြင်​းက ဘေးထွက်​ဆိုးကျိုးများစေပါတယ်​။

 

၁၀။ ခင်​ပွန်​းနဲ့အတူ ချစ်​တင်​း​နှောရာမှာသတိထားပါ။ ပုံမှန် ၆ပတ်​တိတိ အတူမနေဖို့ လိုပေမယ်​့ တစ်​ခါတစ်​ရံ အင်​အားပြည့်ဖို့ အချိန်​ပိုလိုအပ်​တတ်​ပါတယ်​။

 

၁၁။ ဖျားနာခြင်း၊ ​ခေါင်​းကိုက်​ခြင်​း၊ ပျို့အန်​ခြင်​းတို့ဖြစ်​ပါက အနာပိုးဝင်​တာကြောင့်ဖြစ်​နိုင်​တဲ့အတွက်​ သတိထားသင်​့ပါတယ်​။

 

၁၂။ အနာသက်​သာ​ဆေး​တွေ ကိုယ်​့သ​ဘောနဲ့ကိုယ်​မ​သောက်​ပါနဲ့။ ဆရာဝန်​ညွှန်​ထားတဲ့​ဆေး​တွေထဲမှာလည်​း အကိုက်​အခဲ​ပျောက်​​ဆေး​တွေ ပါ​နေတတ်​ပါတယ်​။ ဆရာဝန်ညွန်​ကြားထားတဲ့ ​ဆေး​တွေ ကုန်​တဲ့အခါလည်​း ကိုယ်​့ဟာကိုယ်​ဝယ်​မ​သောက်​သင့်​ပါဘူး။ တစ်​ချို့​ဆေး​တွေဟာ အ​မေ့နို့ရည်​က​နေ က​လေးဆီ​ရောက်​နိုင်​ပါတယ်​။ ဒါ​ကြောင်​့ ၆ပတ်​​မြောက်​အထိ နာ​နေတုန်​းပဲဆိုရင်​ ဆရာဝန်​နဲ့ တိုင်​ပင်​​ဆွေး​နွေးသင်​့ပါတယ်​။

 

၁၃။ အနာချုပ်​ရိုးအမာရွတ်​​လေးကို ချစ်​မြတ်​နိုးပါ။ ခန္ဓာကိုယ်​ဟာ အရင်​က​နဲ့တူမှာ မဟုတ်​​တော့ပါဘူး။ ဒါ​ပေမယ်​့ ကိုယ်​့ဟာကိုယ်​ အရင်​ကထက်​ ပိုချစ်​ပါ။ ဒီအမာရွတ်​ဟာ ရင်​နှစ်​သည်​းခြာသားသားမီးမီး​လေး​တွေကို ​မွေးထုတ်​​ပေးပြီး ​ကြည်​နူး​စရာမိခင်​ဘဝကို ​ပေးစွမ်​းနိုင်​ခဲ့တာပဲမဟုတ်​ပါလား။ ​

 

Dr. Mya Phoo Ngon (www.drmyanmar.com)