ဗိုက်ထဲက ကလေးလေး အခြေအနေမကောင်းရင် ပြလေ့ရှိတဲ့လက္ခဏာများ
ဗိုက်ထဲကကလေးလေးဟာ အလွန်နုနယ်ပြီး သူ့ဆီရောက်လာတဲ့ ရောဂါတွေကို မကာကွယ်နိုင်သေးပါဘူး။ ဒီလိုအချိန်မှာ အမေ့ရဲ့ ကိုယ်ခံစွမ်းအားဟာ အရေးပါပါတယ်။ ကလေးလေးကို မမွေးခင်ဗိုက်ထဲလွယ်ထားတဲ့ ၉လလုံးလုံး ကလေးလိုအပ်သမျှကို အမေ့ကိုယ်ခန္ဓာကသာ ကာကွယ်ပေးထားနိုင်ပါတယ်။ ဒါပေမယ့် ဗိုက်ထဲကကလေးလေးတစ်စုံတစ်ရာဖြစ်နေပါက ကိုယ်တိုင်မစမ်းသပ်မစစ်ဆေးနိုင်တဲ့အတွက် အောက်ပါလက္ခဏာများကို ကြည့်ရှုစစ်ဆေးသင့်ပါတယ်။
၁။ နှလုံးမခုန်ခြင်း
ကလေးလေးရဲ့နှလုံးဟာ ကိုယ်ဝန် ၅ ပတ်ကတည်းက စခုန်ပေမယ့် ၁၀ ပတ်မြောက်မှသာ စကြားရပါတယ်။ နှလုံးခုန်သံ မကြားရပါက အထဲမှာ တစ်ခုခုဖြစ်နေတာကို ပြပါတယ်။ ဒါကြောင့် သားဖွားမီးယပ်ဆရာဝန်နဲ့ ချက်ချင်းပြသရပါမယ်။
၂။ ဗိုက်နာခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ ရာသီလာချိန်ဗိုက်နာသလို နာတတ်ပေမယ့် ခပ်ကြာကြာနာလာတာ၊ မခံမရပ်နိုင်အောင် နာလာတာမျိုးရှိပါက ပြဿနာ တစ်စုံတစ်ရာရှိနေနိုင်ပါပြီ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်နာခြငး်ဟာ ခန္ဓာကိုယ်မှာရုတ်တရက် အပြောင်းအလဲများ ဖြစ်သွားတာကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဒုတိယကာလနဲ့ တတိယကာလတို့မှာ ဗိုက်နာခြင်းဟာ စောမွေးချင်လို့ ဗိုက်နာခြင်း၊ ရောဂါတစ်စုံတစ်ရာဖြစ်ခြင်း အပြင့် ကိုယ်ဝန်ပျက်ကျခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဗိုက်နာတဲ့အကြောင်း ဆရာဝန်ကို ပြောပြဖို့ မမေ့ပါနဲ့။
၃။ သွေးဆင်းခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဆင်းခြင်းဟာ တစ်ခါတစ်ရံ ကိုယ်ဝန်ပျက်ကျတာကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံ ဟော်မုန်းမညီမျှခြင်းကြောင့် ဖြစ်တတ်ပြီး တစ်ခါတစ်ရံေ တာ့ အချင်းပြဿ နာတစ်စုံတစ်ရာကြောင့် ဖြစ်နိုင်ပါတယ်။ အချင်းပြဿ နာကြောင့် ဖြစ်ပါက ကလေးကိုစောမွေးရတတ်ပါတယ်။ ရက်ချိန်းထက်စောမွေးတဲ့ကလေးတွေမှာ မွေးခါစပထမလပိုင်းအတွင်းမှာ အလွန်ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
၄။ ခါးနာခြင်း
ကိုယ်ဝန်လွယ်ထားရချိန်မှာ ရှေ့ကဗိုက်အလေးက ဆွဲထားတဲ့အတွက် ခါးနာတတ်ပါတယ်။ ဒါပေမယ့် ခါးနာတာဆိုးရွားလာပြီး အချိန်အတော်ကြာလာခဲ့ရင်တော့ ကျောက်ကပ်ပြဿ နာ၊ ဆီးအိမ်ပြဿနာဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားသင့်တဲ့ ရောဂါပိုးဝင်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။
၅။ ပုံမမှန်အဖြူ ဆင်းခြင်း
ပုံမှန်အဖြူ ဆင်းတဲ့အခါ အရောင်၊ အနံ့ မရှိတတ်ပါဘူး။ အကယ်၍ ပုံမမှန်တာ တစ်စုံတစ်ရာနဲ့ သွေးဆင်းတာမျိုးရှိပါက ကလေးမှာ တစ်ခုခုဖြစ်နေပြီဆိုတာကို ပြနေပါတယ်။ ဒီလိုဆင်းတဲ့အပြင် တအားနာလာပါက စောပြီးသားအိမ်ပွင့်တာဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အခြားပြဿ နာများလည်း ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်ကို ပြသဆွေးနွေးသင့်ပါတယ်။
၆။ ဗိုက်ထဲက ကလေးသေးနေခြင်း
ကလေးလေးဟာ ဗိုက်ထဲမှာ ကြီးထွားမှု နည်းနေခြင်းဖြစ်ပါတယ်။ ကလေးရဲ ကြီးထွားမှုကို တိုင်းတာတဲ့စမ်းသပ်မှုတွေကို ပုံမှန်လုပ်ပေးရပါမယ်။ မွေးချိန်မှာ ကလေးပုံမှန်ထက်သေးနေပါက ကလေးမှာ အသက်ရှုခြင်း၊ ကိုယ်အပူချိန်နဲ့ သွေးပေါင်ချိန် စတာတွေ ပုံမှန်ဖြစ်ဖို့ ခဲယဉ်းလှပါတယ်။
၇။ ကလေးမလှုပ်ခြင်း
ပုံမှန်သနေ္ဓသားလေးဟာ ဗိုက်ထဲမှာ ရုန်းကန်လှုပ်ရှားနေသင့်ပါတယ်။ ကိုယ်ဝန်အပတ်၂၀မှာ ကလေးလေးဟာ ၂နာရီအတွင်း ၁၀ကြိမ်အနည်းဆုံး လှုပ်သင့်ပါတယ်။ အကယ်၍ ကလေးအလှုပ်နည်းပါက ကလေးလေးဟာ ဘေးတစ်ခုခုတွေ့နေရပြီဖြစ်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ သေချာပြသသင့်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ မေ မျှာ်လင့်ထားတာေ တွ အမျိုးမျိုးဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာပါက ဆရာဝန်ထံ အမြန်ပြသစမ်းသပ်သင့်ပါတယ်။ ဆရာဝန်ဆရာမများနဲ့ ပုံမှန်ကိုယ်ဝန်စစ်ဆေးမှုများ ပြုလုပ်ပေးပါက ဒီလိုရောဂါတွေမဖြစ်ရလေအောင် ကြိုတင်ကာကွယ်နိုင်ပါလိမ့်မယ်။
Dr. Emerald (www.drmyanmar.com)















