မွေးကင်းစကလေးကို နို့ဘယ်နှစ်ကြိမ်လောက်တိုက်သင့်သလဲ?
မွေးကင်းစကလေးတွေကို ဆာတိုင်းတိုက် ၊ ငိုတိုင်းတိုက်သင့်ပါတယ်။ ပထမ၂ပတ်မှ၄ပတ်အတွင်း ၂၄နာရီမှာ ၈ကြိမ်မှ၁၂ကြိမ်ခန့် တိုက်သင့်ပါတယ်။ ကလေးလှုပ်ရှားမှုတွေများလာတယ်၊ ပါးစပ်ကတစ်ပြွတ်ပြွတ်စုပ်နေမယ်ဆိုရင် ကလေးနို့ဆာနေတာပါ။ ကလေးအိပ်နေပြီး ၂ နာရီအတွင်း နို့ဆာတဲ့လက္ခဏာမပြဘူးဆိုရင် ကလေးကိုနှိုးပြီးနို့တိုက်ပါ။
• နေ့ရောညရောတိုက်ပါ။
• အအိပ်မက်တဲ့ကလေးတွေမှာ ၂ နာရီခြားတစ်ခါ နှိုးနှိုးပြီးနို့တိုက်ပေးပါ။
• နို့စို့ပြီးကြားချိန်မှာ ချိုလိမ်ပေးမစုပ်ပါနဲ့။ ကလေးနို့ဆာတဲ့အစောဆုံးလက္ခဏာတွေကို စောင့်ကြည့်ပါ။ ငိုယိုတာဟာ နောက်ဆုံးသတိပေးသံဖြစ်ပြီး နို့တိုက်ရတာ ပိုခက်စေနိုင်ပါတယ်။
>> နို့တိုက်သည့်ကြာချိန်
မွေးကင်းစမှာ မိနစ်၂၀ မှ ၄၅ မိနစ်လောက်ထိ ကြာနိုင်ပါတယ်။ ဒါပေမယ့် မွေးကင်းစတွေဟာ အိပ်ငိုက်တတ်တဲ့အတွက် ပိုပြီးစိတ်ရှည်ဖို့လိုပါတယ်။ ရင်သားတစ်ဖက်ကို မစုပ်တော့တဲ့အထိ တိုက်ပြီးမှကလေးကိုလေထုတ်ပေးပြီး နောက်တစ်ဖက်ကို ပြောင်းတိုက်ပါ။ ကလေးလုံးဝမစုပ်တော့ဘဲ အိပ်ချင်ငိုက်မြည်းလာတဲ့အချိန်မှ ရပ်လိုက်ပါ။ နောက်တစ်ခါနို့တိုက်တဲ့အခါ ဘက်ပြောင်းပြီး စတိုက်ပါ။
>> ကလေးနိ့ုဝရဲ့လား?
ဒီလက္ခဏာတွေကတော့ ကလေးနို့ဝလားဆိုတာ သိနိုင်တဲ့ အကြမ်းမျဉ်းလက္ခဏာတွေပဲဖြစ်ပါတယ်။
• မကြာခဏဝမ်းသွားခြင်း ပထမဆုံး၅ရက်အတွင်း ဝမ်းပျော့ပျော့သွားပြီး မည်းရာကညို၊ ညိုရာကဝါစိမ်းစိမ်းအရောင် ပြောင်းလဲတတ်ပါတယ်။ ၃ရက်မြောက်လောက်မှာ ၂၄နာရီအတွင်း ၂ကြိမ်မှ၃ကြိမ်လောက်သွားတတ်ပြီး ၅ရက်မြောက်မှာ ၄ကြိမ်လောက်သွားတတ်ပါတယ်။ ကလေးကြီးတွေမှာတော့ တစ်ယောက်နဲ့တစ်ယောက်မတူတတ်ပါဘူး။
• ကလေးဆီးအရောင်ဖျော့ခြင်း
• ကလေးနို့မျိုချသံကြားရခြင်း
• ကလေးနို့စု့ိပြီးနောက်ငြိမ်သွားပြီး သက်သောင့်သက်သာရှိခြင်း
• ကိုယ်အလေးချိန်တက်လာခြင်း မွေးကင်းစရက်ပိုင်းမှာ နဂိုအလေးချိန်ရဲ့ ၇-၁၀%ကျသွားတတ်ပြီး ၂ပတ်လောက်မှာ ပြန်တက်လာပါလိမ့်မယ်။
• ကလေးနို့စို့ပြီးနောက် အမေ့ရင်သားတွေပျော့ပျောင်းသွားခြင်း
ေမြးကင္းစကေလးေတြကို ဆာတိုင္းတိုက္ ၊ ငိုတိုင္းတိုက္သင့္ပါတယ္။ ပထမ၂ပတ္မွ၄ပတ္အတြင္း ၂၄နာရီမွာ ၈ႀကိမ္မွ၁၂ႀကိမ္ခန္႔ တိုက္သင့္ပါတယ္။ ကေလးလႈပ္ရွားမႈေတြမ်ားလာတယ္၊ ပါးစပ္ကတစ္ႁပြတ္ႁပြတ္စုပ္ေနမယ္ဆိုရင္ ကေလးနို႔ဆာေနတာပါ။ ကေလးအိပ္ေနၿပီး ၂ နာရီအတြင္း နို႔ဆာတဲ့လကၡဏာမျပဘူးဆိုရင္ ကေလးကိုႏႈိးၿပီးနို႔တိုက္ပါ။
• ေန႔ေရာညေရာတိုက္ပါ။
• အအိပ္မက္တဲ့ကေလးေတြမွာ ၂ နာရီျခားတစ္ခါ ႏႈိးႏႈိးၿပီးနို႔တိုက္ေပးပါ။
• နို႔စို႔ၿပီးၾကားခ်ိန္မွာ ခ်ိဳလိမ္ေပးမစုပ္ပါနဲ႔။ ကေလးနို႔ဆာတဲ့အေစာဆံုးလကၡဏာေတြကို ေစာင့္ၾကည့္ပါ။ ငိုယိုတာဟာ ေနာက္ဆံုးသတိေပးသံျဖစ္ၿပီး နို႔တိုက္ရတာ ပိုခက္ေစနိုင္ပါတယ္။
>> ႏို႔တိုက္သည့္ၾကာခ်ိန္
ေမြးကင္းစမွာ မိနစ္၂၀ မွ ၄၅ မိနစ္ေလာက္ထိ ၾကာနိုင္ပါတယ္။ ဒါေပမယ့္ ေမြးကင္းစေတြဟာ အိပ္ငိုက္တတ္တဲ့အတြက္ ပိုၿပီးစိတ္ရွည္ဖို႔လိုပါတယ္။ ရင္သားတစ္ဖက္ကို မစုပ္ေတာ့တဲ့အထိ တိုက္ၿပီးမွကေလးကိုေလထုတ္ေပးၿပီး ေနာက္တစ္ဖက္ကို ေျပာင္းတိုက္ပါ။ ကေလးလံုးဝမစုပ္ေတာ့ဘဲ အိပ္ခ်င္ငိုက္ျမည္းလာတဲ့အခ်ိန္မွ ရပ္လိုက္ပါ။ ေနာက္တစ္ခါနို႔တိုက္တဲ့အခါ ဘက္ေျပာင္းၿပီး စတိုက္ပါ။
>> ကေလးနိ႔ုဝရဲ႕လား?
ဒီလကၡဏာေတြကေတာ့ ကေလးႏို႔၀လားဆိုတာ သိႏိုင္တဲ့ အၾကမ္းမ်ဥ္းလကၡဏာေတြပဲျဖစ္ပါတယ္။
• မၾကာခဏဝမ္းသြားျခင္း ပထမဆံုး၅ရက္အတြင္း ဝမ္းေပ်ာ့ေပ်ာ့သြားၿပီး မည္းရာကညိဳ၊ ညိဳရာကဝါစိမ္းစိမ္းအေရာင္ ေျပာင္းလဲတတ္ပါတယ္။ ၃ရက္ေျမာက္ေလာက္မွာ ၂၄နာရီအတြင္း ၂ႀကိမ္မွ၃ႀကိမ္ေလာက္သြားတတ္ၿပီး ၅ရက္ေျမာက္မွာ ၄ႀကိမ္ေလာက္သြားတတ္ပါတယ္။ ကေလးႀကီးေတြမွာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္မတူတတ္ပါဘူး။
• ကေလးဆီးအေရာင္ေဖ်ာ့ျခင္း
• ကေလးနို႔မ်ိဳခ်သံၾကားရျခင္း
• ကေလးနို႔စု႔ိၿပီးေနာက္ၿငိမ္သြားၿပီး သက္ေသာင့္သက္သာရွိျခင္း
• ကိုယ္အေလးခ်ိန္တက္လာျခင္း ေမြးကင္းစရက္ပိုင္းမွာ နဂိုအေလးခ်ိန္ရဲ႕ ၇-၁၀%က်သြားတတ္ၿပီး ၂ပတ္ေလာက္မွာ ျပန္တက္လာပါလိမ့္မယ္။
• ကေလးႏို႔စို႔ၿပီးေနာက္ အေမ့ရင္သားေတြေပ်ာ့ေပ်ာင္းသြားျခင္း















