သွေးဆုံးခါနီးအချိန်မှာ ကိုယ်ဝန်ရနိုင်သလား
သွေးဆုံးတော့မယ် သွေးလည်းကစားနေပြီဆိုရင် ဘာမှမဖြစ်နိုင်တော့ဘူးရယ်လို့ ပေါ့ပေါ့ဆဆ စိတ်အေးနေလိုက်ကြပါတယ်။ သွေးဆုံးချိန်ဟာ လပိုင်းကနေနှစ်ပိုင်းအထိ ကြာညောင်းနိုင်ပါတယ်။ သွေးဆုံးတဲ့ပျမ်းမျှအသက်အရွယ်ဟာ ၅၁နှစ်ဖြစ်ပါတယ်။
သွေးဆုံးတော့မယ်ဆိုရင်...
♦ ရာသီစက်ဝန်းမမှန်ကန်တော့ဘူး။
♦ ချမ်းသလိုနေလို့မကောင်းသလိုမကြာခဏဖြစ်လာမယ်
♦ စိတ်တွေမတည်ငြိမ်ဘူး။
♦ မိန်းမကိုယ်သွေ့ခြောက်လာမယ်
♦ နုံးချိပင်ပန်းမယ်
♦ မကြာခဏအိပ်မပျော်တော့ဘူး။
သွေးဆုံးချင်လာတာလား တခြားအကြောင်းရင်းကြောင့်လားဆိုတာ စမ်းသပ်တဲ့အခါ ဟော်မုန်းတွေကိုဖောက်ပြီးစမ်းသပ်ရတာပါတဲ့၊ ဒီအခါ ဟော်မုန်းပမာဏတွေဟာ အနိမ့်အမြင့် နဲ့မမှန်ကန်နိုင်ဘဲ သွေးဆုံးခါနီးအချိန်လား သွေးဆုံးပြီလားဆိုတာကိုခွဲရခက်ခဲနေပါတယ်။
>> ကိုယ်ဝန်ရှိနိုင်သေးလားဆိုတာဘယ်လိုသိမလဲ………
၁၂လတိတိရာသီမလာတော့ရင်တော့သေချာပေါက်သွေးဆုံးသွားပါပြီ။ သွေးဆုံးခါနီးလာလေ ဟော်မုန်းပမာဏကျလာလေ သားဥရဲ့အရည်အသွေးလည်းကျဆင်းလာလေဖြစ်ပါတယ်။ မျိုးအောင်နိုင်စွမ်းဟာ အသက်၄၀ ကနေစလို့စတင်ကျဆင်းလာတာပါ။ ဒါပေမယ့် အဖြေကတော့ ဖြစ်ဖို့ခက်တယ်။ ဒါပေမယ့် ကိုယ်ဝန်ရှိနိုင်သေးတယ်ဆိုတာပါပဲ။
>> တားဆေး ဆက်သုံးဖို့လိုသေးလား…….
တကယ်တော့အမျိုးသားနဲ့အတူနေဆဲဆိုရင် အပေါ်ကပြောထားတဲ့အတိုင်း ရှားပေမယ့် ရှိနေတတ်တာမို့ သနေ္ဓတားဆေးဆက်လက်သုံးစွဲဖို့အကြံပြုပါတယ်။
>> ကိုယ်ဝန်ရခဲ့ရင်ရောကျန်းမာတဲ့ကိုယ်ဝန်ဖြစ်ပါ့မလား
သားဥ သားအိမ်နဲ့ဟော်မုန်းအရည်အသွေးပမာဏတွေ ပြောင်းလဲလာတာမို့ လုံးဝကျန်းမာတဲ့ ကလေးမွေးဖို့ကတော့နည်းနည်းခက်ပါတယ်။ သားဥရဲ့အရည်အသွေးကျလာတာမို့ ဒေါင်းရောဂါလိုမျိုးပါလာနိုင်ပါတယ်။ ညဏ်ရည်မမှီတာတွေ နဲ့မွေးရာပါနှလုံးရောဂါတွေ ပါလာနိုင်ခြေရှိနေပါတယ်။
ဒါ့အပြင် အသက်၄၀ ကျော် ၅၀ အရွယ် မိခင်လောင်းတွေဟာ
♦ သွေးတိုးရောဂါ
♦ လေဖြတ်ရောဂါ
♦ သွေးဆိပ်တက်ရောဂါ
♦ သနေ္ဓဆီးချိုရောဂါ
♦ နှလုံးရောဂါတွေ ဖြစ်ပေါ်ကြုံတွေ့နိုင်ခြေရှိနိုင်ပါတယ်။
သွေးဆုံးခါနီးအချိန်မှာ ကိုယ်၀န်ရချင်သေးတယ် ဆိုရင်တော့ ဆရာဝန်နဲ့သေချာ တိုင်ပင်ဆွေးနွေးတာ အဖြစ်သင့်ဆုံးဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)
♦ သှေးတိုးရောဂါ
♦ လဖွေတျရောဂါ
♦ သှေးဆိပျတကျရောဂါ
♦ သန်ဓဆေီးခြိုရောဂါ














