ငယ်ငယ်ရွယ်ရွယ်မှာ သိပ်ပိန်ချင်လွန်းရင် ကြီးလာရင်အရိုးပွရောဂါရနိုင်တယ်နော်…
သိပ်ပိန်ချင်တဲ့ ညီညီမ အမတွေ အနေနဲ့ အရမ်းပိန်ချင်ပြီး အစားသိပ်ရှောင် ညစာမစားတဲ့အခါ နောက်ဆက်တွဲ အနေနဲ့ အသက်ရလာတာနဲ့ အမျှ အရိုးကျိုးလွယ်တာ အရိုးပွတာတွေ ဖြစ်လာတတ်ပါတယ်။
သိပ်ပိန်ချင်နေမိရင်တောင် အရိုးကျန်းမာရေးကို သတိရလို့ အစားလေးဂရုတစိုက်စား လေ့ကျင့်ခန်းလေးတွေလုပ်ရင်း ဝိတ်လေးနည်းနည်းတက်အောင် လုပ်ကြည့်သင့်ပါတယ်နော်။ ပေါင်တစ်ရာရှိတဲ့ အမျိုးသမီးတယောက်မှာ ကိုယ်အလေးချိန် ၁၀ ပေါင်ကျတိုင်း အရိုးသန်မာမှု ၂ ရာခိုင်နှုန်း အားယုတ်စေသတဲ့။
ဒီတော့ ပိန်သွားလေ အရိုးကပိုမိုအားနည်းလေပါပဲ။ အရိုးအားနည်းလာလေ အရိုးကျိုးလွယ်လေပါနော်။ အရိုးတွေကိုကာကွယ်ဖို့ ဝိတ်လေးနည်းနည်းတက်ပြီး ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်လာတာက သဘာဝကျပါတယ်။ အရိုးဆိုတာ သန်မာတဲ့ကြွက်သားရယ် တောင့်တင်းတဲ့ အရွတ်ရယ်နဲ့ ထိန်းထားတာမို့ သဘာဝအတိုင်း ပိန်သွယ်လှပသူဖြစ်နေရင်တောင် နည်းနည်းလေးကြည့့်ကောင်းရုံလေး ပြည့်လာတာဟာ အရိုးကျန်းမာရေးအတွက် အလွန်သင့်တော်ကောင်းမွန်ပါတယ်။
အမေရိကန်မှာ အမျိုးသမီးဦးရေ ၈ မီလီယံဟာ အရိုးပွနေပြီး အရိုးကျိုးမယ့်အန္တရာယ် ရှိနေပါတယ်။ ငယ်ငယ်ကတည်းက အစားရှောင် အစားရွေးတဲ့အပြင် ပိန်ပိန်လေးမှ ကြိုက်တယ်ဆိုရင်တော့ အသက်ရလာတာနဲ့အမျှ
အမူအကျင့်ကို ပြုပြင်ပြီး အာဟာရပြည့်ဝမျှတစွာ ပြန်စားသုံးဖို့ အကြံပြုချင်ပါတယ်။
>> ကဲ.. အမျိုးသမီးတို့ ..အရိုးပွမပွ သိချင်ရင်ဘယ်လိုစမ်းသပ်ကြမလဲ??
ကမ်ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဖန်တီးထားတဲ့ အထူးပြုလုပ်ချက် ဆော့ဖ်ဝဲလ် လေးတခုရှိပါတယ်။ မိမိရဲ့ အချက်အလက်တွေ နေထိုင်မှုပုံစံတွေ အမူအကျင့်တွေကို ထည့်သွင်းတွက်ချက်ပြီး အရိုးပွမယ့်အနေအထားကို ခန်မှန်းတွက်ချက်တာဖြစ်ပါတယ်။
အမျိုးသမီးတွေမှာ အရမ်းမှန်ပေမယ့် အမျိုးသားတွေအတွက်တော ့မှန်ကန်အား နည်းပါသတဲ့။
အရိုးပွမပွစစ်တဲ့ စက်ကလေးကတော့ အတိကျဆုံးပါတဲ့။ လူနာက ကုတင်ပေါ် သက်တောင့်သက်သာလဲလျောင်းနေပြီး စက်လေးနဲ့ ရောင်ခြည်လွှတ်ကာ အရိုးသိပ်သည်းဆ စစ်ဆေးတာဖြစ်ပါတယ်။
ရောင်ခြည်လွှတ်တယ်ဆိုလို့ ကြောက်မသွားပါနဲ့။ ဓာတ်ရောင်ခြည်သင့်မှု အလွန်အားနည်းပါတယ်။ မစိုးရိမ်ပါနဲ့လို့။
သွေးဆုံးပြီး ၅ နှစ်အတွင်း အမျိုးသမီးတွေဟာ အရိုးကနေတဆင့် ကယ်လဆီယမ်၂၀ရာခိုင်နှုန်း ဆုံးရှုံးရတတ်ပါတယ်။ ဟော်မုန်းအစားထိုးကုသမှုကလည်း အရိုးအတွက် အဲလောက် မကောင်းပါဘူး။
• နွားနို့
• ရေခဲမုန့်
• ဒိန်ခဲ
• ဒိန်ချဉ်
• ထောပတ်တွေမှာ ကယ်လဆီယမ်အများကြီးပါ၀င်ပါတယ်။
ဒါ့အပြင် ကယ်လဆီယမ်ဖြည့်စွက် သောက်သုံးတာတွေကလည်း အလွန်ထိရောက်ပါတယ်လို့ အာဟာရပညာရှင်တွေက အကြံပြုထားပါတယ်။
ဗီတာမင် ဒီ လုံလုံလောက်လောက် စားသုံးတာကလည်း အတိုင်းအတာတခုထိ အရိုးပွတာကို ကာကွယ်ပါတယ်တဲ့၊ ကယ်လဆီယမ်စုပ်ယူမှုကိုအားကောင်းစေတဲ့အပြင် အရိုးတွေကိုခိုင်မာလာစေမှာပါ။ ဗီတာမင်ဒီကို နို့ နဲ့ နို့ထွက်အစားအစာတွေ အဆီများတဲ့ငါး ကြက်ဥ၊ ဘဲဥ နဲ့ ပင်လယ်ငါးအတော်များများမှာ ပါဝင်တာတွေ ့ရှိရပါတယ်။ ဒါ့အပြင် အရေပြားကတဆင့် နေရောင်ရပြီး ဗီတာမင်ဒီ ရရှိတာကြောင့် အလျင်းသင့်သလိုနေရောင်လေး ထိတွေ့ပေးသင့်ပါတယ်။
>> အရိုးသန်မာဖို့ နွားနို့ပဲသောက်ရမှာလား ??
မဟုတ်ပါဘူး ။ နွားနို့်မကြိုက်ရင်တောင် လတ်ဆတ်ချိုအေးတဲ့ အသီးအနှံတွေမှာ ပါဝင်တဲ့ ဗီတာမင်စီ ဗီတာမင်ဒီ ဗီတာမင်ကေနဲ့ ဘီအုပ်စုတွေဟာ အရိုးအဆစ် ကျန်းမာရေးအတွက်ကြီးစွာ အထောက်အကူပေးလျက်ရှိပါတယ်။ ဒါမှမဟုတ်ရင်လည်း ဆရာ၀န်နဲ့တိုင်ပင်ပြီး အရိုးသန်မာစေမယ့် အားဆေးမျိုးတွေ သောက်ပေးနိုင်ပါသေးတယ်။
ကယ်လဆီယမ် မြင့်မားတဲ့အစားအစာတွေကတော့ ………….
• ဘရိုကိုလီ
• ဟင်းနုနွယ်
• လိမေ္မာ်ရည်
• ကီဝီသီး တို့ဖြစ်ပါတယ်။
>> ဆေးလိပ် သောက်တတ်နေသလား ??
အသက် ၄၀ ကျော်အမျိုးသမီးတွေကို အရိုးကျိုးစေ ပွစေတဲ့တရားခံ ကတော့ ဆေးလိပ်ပါတဲ့။ နစ်ကိုတင်းက အရိုးဆဲလ်တွေကို အဆိပ်သင့်စေတဲ့အပြင် ဟော်မုန်းပမာဏကိုလည်း လျော့နည်းစေပါတယ်။ အဲ..တစ်ရက်ကို ဝိုင်လေးတခွက်လောက်သောက်လိုက်တာကျတော့ အရိုးကျန်းမာရေးအတွက် ပြသနာမရှိနိုင်ပါဘူး လို့ ဆရာဝန်တွေက ဆိုပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)
• လိမ်မောျရညျ
• ကီဝီသီး တို့ဖွဈပါတယျ။
>> ဆေးလိပျ သောကျတတျနသေလား ??
















