စောစောစီးစီး မျက်စိစောစောမမှုန်ချင်ရင် ဘာတွေရှောင်ရမလဲ
အသက်အရွယ်ရလာတာနဲ့အမျှလူတိုင်းဟာ အမြင်အာရုံကျဆင်းလာလေ့ရှိပါတယ်။ Age Related Macular degeneration လို့ခေါ်ပါတယ်။အသက်အရွယ်ကြီးရင့်လို့ ဖြစ်သော မျက်လုံးတွင်းမက်ကူလာတစစပျက်ယွင်းလာခြင်းလို့ ဆိုနိုင်ပါတယ်။ ဒီလိုအခြေအနေဟာ တားလို့မရပါဘူး။ခန္ဓာကိုယ်ရဲ့အလိုအလျောက်ဖြစ်လာတဲ့အခြေအနေမို့လူတိုင်းကြုံရမှာဖြစ်ပါတယ်။ ဒါကိုမတားနိုင်ပေမယ့် နှေးအောင်တော့ လုပ်လို့ရတယ်လေ။
မျက်လုံးအမြင်အာရုံကိုကျဆင်းစေတဲ့အကြောင်းအရင်းတွေထဲမှာမျက်ကပ်မှန်တွေကလာတဲ့အန္တရာယ်တွေ ပါဝင်ပါတယ်။ မျက်ကပ်မှန်ထည့်တဲ့ caseလေးတွေကို သုံးလတစ်ခါ လဲပေးဖို့အကြံပြုထားပါတယ်။ သန့်ရှင်းဖို့အထူးလိုအပ်ပါတယ်။ ဒီမသန့်ရှင်းတဲ့မျက်ကပ်မှန် caseလေးတွေကလာတဲ့ ဘက်တီးရီးယားတွေပိုးတွေဟာ မျက်လုံးထဲကိုဝင်ရောက်လာပြီး မျက်စိရောင်တာ၊ အနာဖြစ်တာ၊ မှုန်တာ၊ ကွယ်တာတွေအထိ ဆိုးသွားနိုင်စေပါသတဲ့။ Caseတွေကို ရေနွေးဆူဆူနဲ့ဆေးကြောဖို့ပညာရှင်တွေက အကြုံပြုထားပါတယ်။
Visionace 1
1. နေပူထဲသွားရင် နေကာမျက်မှန်တပ်ပါ။ နေရောင်ကလာတဲ့ UV ရောင်ခြည်တွေဟာ အမြင်အာရုံကို စောစီးစွာထိခိုက်စေပါတယ်။ နေကာမျက်မှန်လေးတပ်တော့ စတိုင်လည်းကျ လှလည်းလှတဲ့အပြင် မျကိစိကြည့်ရတာလည်း သက်သာစေပါတယ်။
2. မျက်လုံးကိုမပွတ်ပါနဲ့။ လူတွေက တစ်ရက်ကို ဆယ့်ခြောက်ကြိမ်လောက် မျက်လုံးကိုပွတ်လေ့ရှိသတဲ့။ လက်မကြာခဏဆေးပါ။ မျက်စိကိုမပွတ်မိအောင် သတိထားပါ။
3. မျက်ကပ်မှန်တပ်ရမယ်ဆိုရင် မျက်ကပ်မှန်ကို အထူးပြုလုပ်ထားတဲ့ သန့်စင်ဆေးရည်တွေနဲ့ ဆေးကြောသန့်စင်ပါ။သန့်စင်ဆေးရည်မရှိရင် ဆူပြီးသားရေနွေးကို အသုံးပြုပေးပါ။
4. မျက်စဉ်းတွေကိုမလိုဘဲ မခတ်ပါနဲ့။ မျက်စိဆရာ၀န်ကြီးတွေရဲ့အကြံဉာဏ်ကို ရယူပြီးမှသာ သေချာလိုက်နာအသုံးပြုစေချင်ပါတယ်။
Visionace 2
5. ဘာတွေပဲလုပ်လုပ် အမှုန်အမွှားဝင်နိုင်တဲ့နေရာတွေ ဥပမာ-ဆိုင်ကယ်စီးတာကစလို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေသွားရာမှာပဲ ဖြစ်ဖြစ်၊ အိမ်တွင်းမှာအမိုးအကာသန့်ရှင်းရေး ကြမ်းပြင်သန့်ရှင်းရေးလုပ်ချိန်ပဲဖြစ်ဖြစ် မျက်စိတွေကို အကာအကွယ်ယူပါ။ ပါဝါမပါတဲ့ မျက်မှန်တပ်ပေးပါ။
6.ရေကူးရင်လည်း ရေကူးမျက်မှန်တပ်ဆင်ပါ။ ရေကူးကန်ထဲက ကလိုရင်းဓာတ်နဲ့ ပင်လယ်ရေထဲက ဆားဓာတ်တွေဟာ မျက်လုံးအိမ်ကို အနည်းနဲ့ အများ ထိခိုက်မှု ရှိနိုင်လို့ပါ။
ဒီဗဟုသုတလေးတွေရှိထားခြင်းဖြင့်မျက်စိစောစောမမှုန်စေရေး ကိုယ့်မျက်ဝန်းလေးကို ဘယ်လိုကာကွယ်ကြမယ်ဆိုတာ နားလည်လောက်ပါပြီ။
မျက်ဝန်းလေးတွေ ရွှန်းစိုတောက်ပပြီး အမြင်အားသန်ကြပါစေ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)
















