ဖုန်းကပေးသော သောကများ
စမတ်ဖုန်းတွေခေတ်စားလာတဲ့အမျှ သူတို့ရဲ့ ဘက်စုံအသုံး၀င်မှုတွေကြောင့် လူတိုင်း စမတ်ဖုန်းတွေကို မသုံးမနေနိုင်အောင် နှစ်သက်သဘောကျလာကြပါတယ်။ ဒီလိုသဘောကျမှုဟာ စွဲလမ်းမှု အဆင့်ကိုရောက်လာတဲ့ အခါ ကိုယ့်ရဲ့ စိတ်နဲ့ နေ့စဉ်ဘ၀တွေမှာ ဖိစီးမှုတစ်ခုအနေနဲ့ ခံစားလာရပါတယ်။ စမတ်ဖုန်းတွေဟာ လူတယောက်ရဲ့ စိုးရိမ်သောကတွေကို ပိုမိုများပြားလာစေတယ်လို့ လေ့လာသူများက တွေ့ရှိထားပါပြီ။
အင်္ဂလန်နိုင်ငံသားတွေဟာ တစ်ရက်လျင် တယ်လီဖုန်းကို ၂၈ ကြိမ်ခန့် ဖွင့်စစ်ကြပါသတဲ့။ ကိုယ်တွေနိုင်ငံက လူတွေလည်း ဘယ်နှစ်ကြိမ်သုံးဖြစ်ကြပါလိမ့်။ မြန်မာနိုင်ငံသားတွေဟာ ဖေ့ဘုတ်ကိုသုံးပြီး သတင်းအချက်အလက်ဖလှယ်မှုကို လုပ်ဆောင်ကြပါသတဲ့။ မက်ဆင်ဂျာက ကလောင်ကလောင်နဲ့ မက်ဆေ့အသစ်တက်လာတဲ့ အခါ အီးမေးလ် အသစ်တစ်စောင်၀င်လာတဲ့အခါ ခံစားရတဲ့ စိတ်ကျေနပ်မှုကို ခံစားချင်တာကြောင့် မကြာခဏ ဖွင့်စစ်မိကြပါတယ်။
ဒီတော့ ဒေါက်တာမြန်မာတို့တတွေ နေ့စဉ်လုပ်ငန်းတွေ သတင်းတွေ အတင်းတွေ အပေါင်းအသင်းတွေဆီကနေ အမှန်တကယ် လွတ်မြောက်နေသော အချိန်ရှိပါရဲ့လား။ လူတွေဟာ စိတ်ရောကိုယ်ပါ ချမ်းမြေ့ကြည်သာပြီး နေ့ဓဓူ၀တွေကနေ ကင်းေ၀းသော ကိုယ်ပိုင်အချိန်လေးတွေ ရှိသင့်ပါတယ်။ နေ့လယ်စာစားနားချိန်မှာ ဖုန်းထုတ်စစ်မိ်တယ်။ မက်ဆေ့တွေရယ် ဖေ့ဘုတ်ပေါ်က ဟုတ်တဲ့ မဟုတ်တဲ့ သတင်းတွေရယ် ဖတ်မိပြီး ပြန်လည်စိတ်ရှုပ်ထွေးသွားရတယ်။ ဒီတော့ နေ့လယ်ခင်းနားချိန်ဟာ အမှန်တကယ် နားချိန်စစ်မှန်သလားဆိုတာ ပြန်စဉ်းစားကြည့်ပါ။
မနက်မိုးလင်းတာနဲ့ အိပ်ရာဘေး က စားပွဲပေါ်က စမတ်ဖုံးလေးကိုယူပြီး ဆိုရှယ်မီဒီယာဖွင့်တယ် မက်ဆေ့စစ်တယ် သာယာချမ်းမြေ့တဲ့ မနက်ခင်း အလုပ်မသွားမှီ အချိန်လေးကို အင်တာနက်ပေါ် ဖုန်းပေါ်မှာတင်် အချိန်ကုန်သွားပါတယ်။ ဒီတော့ မနက်နိုးထချိန်ဟာလည်းအမှန် အကန်နားချိန်မဟုတ်ပြန်ပါဘူး။
အလုပ်ကအပြန် ဘတ်စ်စကားပေါ် ရထားပေါ်မှာလည်း တယ်လီဖုန်းတွေကိုယ်စီနဲ့။ အိမ်ပြန်ရောက် အိပ်ရာပေါ်လှဲချလိုက်တဲ့အထိ ဖုန်းနဲ့ မျက််နှာနဲ့ မခွာမိပြန်ပါဘူး။ ဖေ့ဘုတ်ကိုကြည့်ရင်း မက်ဆေ့တွေစစ်ရင်း ပြန်ရင်းနဲ့ မအိပ်ခင် ညချမ်းအချိန်ကို ကုန်ဆုံးမိသွားပါတယ်။
စမတ်ဖုန်းက ထွက်တဲ့ အလင်းရောင်ဟာ လူကို အချိ်န်အတော်ကြာနိုးကြားစေပြီး အိပ်ရေးမ၀ဖြစ်စေပါတယ်။ လူတစ်ယောက်ဟာ နားချိန်မှာ အပြည့်အ၀ အမှန်အကန်သက်တောင့်သက်သာဖြစ်မနေဘဲ လိုင်းပေါ်မှာတင် ပိတ်လှောင်မိသလိုဖြစ်နေပါတယ်။ ဒီတော့ အင်တာနက် နဲ့ ဆိုရှယ်မီဒီယာဟာ ခေတ်သစ်အကျဉ်းထောင်တခုလို ဖြစ်နေပြီး လူတွေဟာ မိမိကိုယ်ကို ဘေလ်ကုန်ခံပြီး ထောင်ကျခံနေသလိုပါပဲ။
အင်တာနက်ကို သုံးတာ အချိန်အကန့်အသတ်ရှိသင့်ပါတယ်။ အချိန်မကန့်သတ်ရင် ကိုယ့်ကိုယ်ကို အင်တာနက်အကျဉ်းထောင်ထဲမှာ အမြဲပိတ်လှောင်မိပြီး ရေရှည်မှာ စိတ်ဖိစီးမှုတွေ ဒေါသထွက်လွယ်တာ လိုင်းမသုံးရရင် ဂဏှာမငြိမ်ဖြစ်တာ၊ ဆုံးဖြတ်ချက်တွေ ေ၀ဝါးလာတာတွေဖြစ်နိုင်ပါတယ်လို့ ပညာရှင်များက သတိပေးထားပါတယ်။ အင်တာနက်၊ ဆိုရှယ်မီဒီယာနဲ့ ဒစ်ဂျစ်တယ်ထုတ်ကုန် စွဲလမ်းမှုဟာ လူတိုင်းအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ များပြားလာနေကြောင်းလည်း သိပ္ပံနည်းကျ မှတ်တမ်းတွေရှိနေပါပြီ။ ဒီတော့ နှစ်သစ်ကစလို့ မိမိကု်ယ်ကို စိုးရိမ်သောကတွေ စိတ်ဖိစီးမှုတွေကနေ ပြည့်ပြည့်၀၀ကင်းလွတ်ဖို့ စမတ်ဖုန်းတွေက်ု အချိန်အကန့်အသတ်နဲ့သာ သုံးကြပါစို့။
ဂျီပီငှက် (www.drmyanmar.com)
















