မဂ္ဂနီဆီယမ်ကြွယ်၀သော အစားအစာများ
မဂ္ဂနီိဆီယမ်ဟာကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ကိုနေ့စဉ် ပုံမှန်ရယူခြင်းဖြင့် ကိုယ်ခံအားကောင်းစေပြီး ကင်ဆာရောဂါနဲ့ ရောင်ရမ်းခြင်းဖြစ် စဉ်တွေကို ကာကွယ်ပေးနိုင်တဲ့အပြင် နှလုံးစွမ်းရည်ကိုမြှင့်တင်ပေးနိုင်ပါတယ်။
ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အရ မဂ္ဂနီဆီယမ်ဓာတ်ကို နေ့စဉ်မှီ၀ဲခြင်းဖြင့် ဆီးချိုရောဂါဖြစ်နိုင်ချေကို 33 ရာခိုင်နှုန်းလျော့ချပေးပြီး စိတ်ဓာတ်ကျခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း ေ၀ဒနာ များကို လျော့ချပေးနိုင်စွမ်းရှိပါတယ်။
မဂ္ဂနီဆီယမ်ဓာတ်ကိုတနေ့တာအတွက် အလုံအလောက်ရရှိနိုင်ဖို့ ဖြည့်စွက်အားဆေးတွေ မှီ၀ဲလို့ရနိုင်ပေမယ့် မဂ္ဂနီဆီယမ်ပါ၀င်သောအစားအစာတွေကိုလည်း ရွေးချယ်စားသုံးလို့ရပါတယ်။
(1) စိမ်းစိမ်းစိုစို ဟင်းသီးဟင်းရွက်များ
ဒေါက်ခွရွက်၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန် စတဲ့အရွက်ဖားဖား စိမ်းစိမ်းစိုစိုဟင်းသီးဟင်းရွက်များကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်နဲ့ သတၳုဓာတ်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။
(2) အခွံမာသီးနှင့် အစေ့အဆန်များ
ဖရုံစေ့ ခွက်တစ်၀က်စာ စားသုံးပေးပါက တစ်နေ့တာအတွက်လိုအပ်တဲ့ မဂ္ဂနီဆီယမ်ဓာတ်ကို ရာနှုန်းပြည့််ရရှိစေနိုင်ပါတယ်။ ဗာဒံစေ့၊ နေကြာစေ့၊ ဘရာဇီးသစ်စေ့၊ သီဟိုဋ္ဌ် သရက်စေ့၊ နှမ်းကြတ်စေ့၊ pine nuts၊ pecans (သစ်ကြားသီးနဲ့တူ) စတဲ့အစေ့အဆန်များမှာလည်း မဂ္ဂနီဆီယမ် မြင့်မားစွာပါ၀င်တာကြောင့် ရွေးချယ် စားသုံးသင့်ပါတယ်။
(3) ငါး
မက်ကရယ်ငါး၊ ဆော်မွန်ငါး၊ ဟဲလိဗတ်ငါး၊ တူနာငါးကို စားသုံးခြင်းဖြင့် မဂ္ဂနီဆီယမ်ဓာတ် ရရှိစေနိုင်တာကြောင့် တစ်ပတ်မှာတစ်ကြိမ်ခန့် ပါ၀င်အောင်စားသုံးပေးသင့်ပါတယ်။
(4) ပဲပုပ်
လှော်ထားတဲ့ပဲပုပ်ပဲ ခွက်တစ်၀က်စာဟာ မဂ္ဂနီဆီယမ်ဓာတ် ထက်၀က်ခန့် ဖြည့်ဆည်းပေးနိုင်ပြီး အခြားပဲမျိုးရင်းတွေဖြစ်တဲ့ ဗိုလ်စားပဲ၊ ကုလားပဲ၊ ပဲနီကလေး၊ ပဲလွမ်း စတဲ့ပဲအမျိုးအစားတွေမှာလည်း မဂ္ဂနီဆီယမ်ကြွယ်၀စွာပါ၀င်ပါတယ်။
(5) ထောပတ်သီး
ဗီတာမင်များစွာပြည့်နှက်နေပြီး နှလုံးကျန်းမာရေးအတွက် အာဟာရဓာတ်ဖြစ်တဲ့ ထောပတ်သီးကို ဟင်းသီးဟင်းရွက်သုပ် ဒါမှမဟုတ် အသားညှပ်ပေါင်မုန့်မှာ ထည့်သွင်းစားသုံးပေးရုံနဲ့ မဂ္ဂနီဆီယမ်ဓာတ် 15 ရာခိုင်နှုန်းခန့်ကို လွယ်လင့်တကူရရှိစေနိုင်မှာဖြစ်ပါတယ်။
(6) ငှက်ပျောသီး
အရိုးသန်မာစေပြီး နှလုံးကျန်းမာရေးအတွက်ကောင်းစေတဲ့ ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ဓာတ်ကြွယ်၀စွာ ပါ၀င်တဲ့အပြင် အလယ်အလတ်အရွက်အစားရှိတဲ့ ငှက်ပျောသီးတစ်လုံးစားပေးရုံနဲ့ မဂ္ဂနီဆီယမ် 31 မီလီဂရမ်၊ ဗီတာမင် C နဲ့ အမျှင်ဓာတ်တွေကိုပါ ရရှိစေနိုင်မှာဖြစ်ပါတယ်။ စတော်ဘယ်ရီသီး၊ ဘလက်ဘယ်ရီသီး၊ စပျစ်သီး၊ သဖန်းသီးကိုလည်း မဂ္ဂနီဆီယမ်ရရှိစေရန် စားပေးသင့်ပါတယ်။
(7) ချောကလတ် အပြင်းစား
ချောကလတ်အပြင်းစား လေးတောင့်တုံးအတုံးငယ်တစ်တုံးစာခန့် စားသုံးရုံနဲ့ မဂ္ဂနီဆီယမ်ဓာတ် 24 ရာခိုင်နှုန်းရရှိစေနိုင်ပြီး အင်တီအောက်ဆီးဒင့်လည်းပါ၀င်တာကြောင့် သွေးဖိအားကို ကျစေနိုင်ကာ သွေးလည်ပတ်မှုကို ကောင်းစေနိုင်တဲ့အပြင် နှလုံးကျန်းမာရေးအတွက် အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ဒါကြောင့် လတ်ဆတ်တဲ့သစ်သီး၊ ချောကလတ်ကို ညစာထမင်းစားပြီးချိန် အချိုပွဲအဖြစ် စားသုံးပေးသင့်ပါတယ်။
(8) ဒိန်ချဉ်
နို့နဲ့ နို့ထွက်ပစ္စည်းအများစုဟာ မဂ္ဂနီဆီယမ်ရနိုင်တဲ့ အရင်းအမြစ်ဖြစ်ပြီး ဒိန်ချဉ်တစ်ခွက်စာမှာ မဂ္ဂနီဆီယမ် 19 မီလီဂရမ် ပါ၀င်ပါတယ်။ ဒါကြောင့် အဆီပါ၀င်မှုနည်းတဲ့ ဒိန်ချဉ် ဒါမှမဟုတ် အဆီထုတ်ပြီးသား နွားနို့ကိုသောက်ပေး သင့်ပါတယ်။
Mg Hlaing Thwin















