စိတ်ကျရောဂါ (Depression) ကို ပိုဆိုးစေသောအရာများ
လူတွေအားလုံးဟာ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေသွားချင်ပေမယ့် တစ်ခါတရံမှာ စိတ်အားငယ်စရာ၊ စိတ်ဓာတ်ကျစရာကိစ္စတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ရဲ့အပြုအမူအနေအထိုင်တချို့ က ကိုယ့်ရဲ့စိတ်ခံစားချက်ကို ပိုပြီးဆိုးသွားစေနိုင်ပါတယ်။ ဒါကြောင့် Depression ၀င်နေချိန်မှာ မပြုလုပ်သင့်တဲ့ နေထိုင်မှုပုံစံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
1. အိပ်စက်ချိန်နည်းခြင်း
အိပ်ချိန်နည်းတာနဲ့ စိတ်ကျရောဂါက အမြဲတမ်းတွဲလျက်တွေ့ရပါတယ်။ စိတ်ကျရောဂါရလို့ အိပ်ချိန်နည်း သွားတာမျိုးဖြစ်နိုင်သလို ညအိပ်မပျော်တာများလို့ အိပ်ချိန်နည်းပြီး စိတ်ကျရောဂါရသွားနိုင်ခြေ မြင့်လာတာမျိုး လည်းဖြစ်နိုင်ပါတယ်။ နောက်ပြီး အိပ်ချိန်အရမ်းနည်းလွန်းရင်ပဲဖြစ်ဖြစ် အရမ်းများလွန်းရင်ပဲဖြစ်ဖြစ် စိတ်ကျရောဂါကို ပိုဆိုးစေပါတယ်။ ဒါ့ကြောင့် အိပ်ချိန်နဲ့ထချိန်ကို အချိန်မှန်ဖြစ်အောင် လေ့ကျင့်ထားသင့်ပါတယ်။
2. စိတ်ဖိစီးမှုများခြင်း (Stress)
လူတိုင်းဘ၀မှာ Stress တစ်ခါမက ရဖူးပါတယ်။ ဥပမာ - အလုပ်အသစ်စ၀င်တဲ့အချိန်မျိုး၊ မင်္ဂလာဆောင် ဖို့ရက်နီးလာတဲ့အချိန်မျိုးတွေလို ပျော်ရွှင်စရာကောင်းတဲ့ အခြေအနေမျိုးတွေမှာတောင် စိတ်ဖိစီးမှု အနည်းနဲ့ အများတော့ ရှိကြစမြဲပါဘဲ။ ဒီလို ရေတို Stress များတာ ကိစ္စမရှိပေမယ့် ကာလကြာရှည်လာပြီဆိုရင်တော့ စိတ်ကျရောဂါ ဖြစ်လာနိုင်ပါတယ်။ Stress Hormones လို့ခေါ်တဲ့ Cortisol ဟော်မုန်းတွေအထွက်များပြီး Happy hormones လို့ခေါ်တဲ့ Serotonin ဟော်မုန်းတွေအထွက် နည်းပါးလာပါတယ်။
3. အစားအစာများ စားသုံးမှုလွန်ကဲခြင်း
ကဖင်းဓာတ်များတဲ့အစားအစာ၊ အရက်နဲ့သန့်စင်ပြီးသားသကြားစားသုံးမှုများပါက စိတ်ကျရောဂါကို ပိုပြီးဆိုးဝါးစေနိုင်သလို၊ ဖြစ်နိုင်ချေကိုလည်း လှုံ့ဆော်ပေးနိုင်ပါတယ်။
4. အတိတ်ဆိုးကို ပြန်သတိရနေခြင်း
အတိတ်ကဖြစ်ပျက်ခဲ့တဲ့ စိတ်ဒဏ်ရာရစရာကိစ္စတွေကို ကြိုးစားပြီးမေ့ထားခဲ့ရင်တောင် နောင်တစ်ကြိမ် အလားတူကိစ္စနဲ့ကြုံတွေ့ရတဲ့အခါ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေဟာ အရင်အတိုင်း ပြန်ပေါ်လာတတ်ပြီး စိတ်ကျရောဂါကို ပိုဆိုးစေပါတယ်။ ဒါကြောင့် အတိတ်က ဖြစ်ရပ်ဆိုးတွေကို လုံး၀ပြန်မစဉ်းစားမိအောင် အလားတူကိစ္စ မျိုးဖြစ်စေနိုင်တဲ့ အခြေအနေတိုင်းကို အတတ်နိုင်ဆုံး ရှောင်လွှဲသင့်ပါတယ်။
5. လူ့့ဂွစာများနှင့်ပေါင်းသင်းခြင်း
သွေးထိုးလှုံ့ဆော်ပေးတဲ့သူတွေ၊ ဆက်ဆံရေးပြေပြစ်မှုမရှိတဲ့ အိမ်နီးနားချင်းတွေ၊ စိုးရိမ်ပူပန်မှုများနေတဲ့ အပေါင်းအဖော်တွေကြောင့် Depression ကိုပိုဆိုးစေပါတယ်။ ဒါကြောင့် ရိုးသားပွင့်လင်းပြီး အကောင်းဘက်မြင်ပေးနိုင်တဲ့ မိတ်ဆွေများနဲ့သာ အချိန်ကုန်ဆုံးသင့်ပါတယ်။
6. လူမှုကွန်ရက်များ အသုံးလွန်ခြင်း
Facebook ကဲ့သို့သော လူမှုကွန်ယက်တွေမှာ တင်ထားတဲ့ သူငယ်ချင်းတွေရဲ့ ပျော်ရွှင်နေတဲ့ပုံတွေ၊ သူတို့မိသားစုတွေနဲ့ အပျော်ခရီးသွားနေတဲ့ ဓာတ်ပုံတွေဟာ စိတ်ကျေ၀ဒနာရှင်ရဲ့ရောဂါကို ပိုတိုးလာစေပါတယ်။ ကိုယ့်ဘ၀ကို သူများတွေနဲ့ နှိုင်းယှဉ်ကြည့်မိပြီး အလိုမကျတာ၊ ဒေါသထွက်၊ ၀မ်းနည်းတာတွေ ဖြစ်လာစေပါတယ်။
7. အဆိုးမြင်သတင်းများအဖတ်များခြင်း
စိုးရိမ်ထိတ်လန့်ဖွယ်ရာသတင်းတွေဟာ စိတ်ဓာတ်ကျခြင်း၊ စိတ်အားငယ်ခြင်းကို ပိုပြီးတိုးလာစေနိုင်ပါတယ်။ ဒါကြောင့် Depression ၀င်နေချိန်မှာ အဆိုးမြင်သတင်းတွေ၊ ထိတ်လန့်တုန်လှုပ်စရာပုံတွေကိုမကြည့်ဘဲ ကိုယ်ဝါသနာပါရာ တစ်ခုခုကိုစိတ်နှစ်ပြီး လုပ်နေသင့်ပါတယ်။
CMS