ဖျားနေချိန်မှာ ကိုယ်ခံစွမ်းအားကို ဘယ်လိုနည်းလမ်းတွေနဲ့ မြှင့်တင်ကြမလဲ?
အရွယ်ရောက်ပြီးသူတွေဟာ ဖျားရင် တော်ရုံနဲ့ အနားမယူချင်ကြပါဘူး။ ဒါပေမဲ့ အမြန်ဆုံးပြန်ကောင်းချင်ရင်တော့ အောက်ပါအချက်တွေကို မဖြစ်မနေ လုပ်ပေးဖို့ လိုအပ်ပါတယ်။
- ဗီတာမင်စီကြွယ်ဝတဲ့ ချဥ်သောအသီးများ၊ ငရုတ်ပွ၊ ဘယ်ရီသီးများကို စားသုံးပေးပါ။
- အသားဓာတ် (အသား၊ ငါး၊ ဥ၊ ပဲ၊ တို့ဟူး) ပြည့်ပြည့်ဝဝ စားသုံးပါ။
- နေရောင်ခြည်နဲ့ လေကောင်းလေသန့်ရအောင် သဘာဝနဲ့ ထိတွေ့ပေးပါ။
- ရေများများသောက်ပါ။
Immunace IA 1 (July 2026)

- တစ်ညကို (၇) နာရီမှ (၉) နာရီအတွင်းဝင်အောင် အိပ်ပါ။
- အကြောလျှော့တာ၊ ယောဂကျင့်တာလိုမျိုး ဖြည်းဖြည်းချင်းလှုပ်ရှားရတဲ့ လေ့ကျင့်ခန်းတွေကိုပဲ ပြုလုပ်ပေးပါ။
- ကိုယ်ခံအားကောင်းစေတဲ့ ဖြည့်စွက်အားဆေးတွေကို သောက်သုံးပါ။
Immunace IA 2 (July 2026)

ဖျားနေချိန်မှာ အဖျားပျောက်ဖို့အတွက် အအေးမိဆေးဝါးတွေ၊ ပိုးသတ်ဆေးတွေကို သောက်သုံးပေးဖို့လည်း လိုအပ်ပေမဲ့ ခန္ဓာကိုယ်ကို တကယ်တမ်း ပြန်လည်ပြုပြင်ပြီး ကျန်းမာအောင် လုပ်ပေးတာကတော့ ကိုယ်ခံအားစနစ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖျားတဲ့အခါ ဇွတ်အတင်း အလုပ်လုပ်တာကို ရှောင်ကြဥ်ပြီးတော့ ခန္ဓာကိုယ်ကို အနားပေးပြီး ကိုယ်ခံအားကောင်းအောင် အရင်ဆုံး လုပ်ဆောင်ပေးဖို့ မမေ့ကြပါနဲ့နော်။




























