/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မနက်ခင်းတိုင်းမှာ-အစာအိမ်လေးကျန်းမာဖို့

မနက်ခင်းတိုင်းမှာ အစာအိမ်လေးကျန်းမာဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ​မနက်​အိပ်​ရာနိုးချိန်​မှာ ဗိုက်​ကယ်​​လေပွပြီး နိုးလာတတ်​တယ်​ဆိုရင်​ တစ်​​နေကုန်​ စိတ်​ညစ်​​နေရတတ်​ပါတယ်​။ ဒါ​ကြောင့်​ မနက်​ခင်​းမှာ ရွှင်​ရွှင်​လမ်​းလမ်​းနဲ့ နိုးထနိုင်​​စေဖို့ ​အောက်​ပါနည်​းလမ်​း​တွေကို လိုက်​နာ​ဆောင်​ရွက်သင်​့ပါတယ်​။

 

​ရေများများ​သောက်​ပါ။

       ​ရေဓာတ်​ပြည်​့ဝ​နေခြင်​းဟာ ​လေပွပြီး ဗိုက်​ကြီးကယ်​​နေတာကို​ပျောက်​ကင်​း​စေနိုင်​ပါတယ်​။ ဒါ​ကြောင့် ညဘက်​​မှာ ​ရေများများ​သောက်​​ပေးပါ။ ဒါ​ပေမယ်​့ အိပ်​ရာမဝင်​ခင်​ ​ရေ​သောက်​ခြင်​းက ညသန်​​းခေါင်​ ဆီးသွားချင်​လာတတ်​ပြီး အိပ်​​ရေးပျက်​​စေနိုင်​တတ်​တဲ့အတွက်​ အိပ်​ရာမဝင်​ခင်​ တစ်​နာရီအတွင်​း​ ​ရေ​မ​သောက်​သင်​့​တော့ပါဘူး။

Kremil-S 1

နေ့လည်​စာပြင်​ဆင်​ပါ။

       ဗိုက်​ပြဿနာ​တွေဟာ အစားအစာ​တွေ​ကြောင်​့ အဖြစ်​များပါတယ်​။ ဒါ​ကြောင်​့ ​နေ့လည်​စာကို ​သေချာပြင်​ဆင်​သင်​့ပါတယ်​။ မနက်​ခင်​း​တွေမှာ အလုပ်​မသွားခင်​ ကျန်​းမာ​ရေးနဲ့ ညီညွတ်​တဲ့​နေ့လည်​စာပြင်​ဆင်​ဖို့ အချိန်​မရတတ်​ပါဘူး။ ဒါ​ကြောင့် မအိပ်​ခင်​ ညဘက်​မှာကတည်​းက ​နောက်​​နေ့​နေ့လည်​စာကို ​သေချာပြင်​ဆင်​သင်​့ပါတယ်​။

     အသင်​့စားအစားအစာ​​တွေနဲ့ အပြင်​စာ​တွေဟာ အစာအိမ်​ကို ထိခိုက်​​စေနိုင်​တဲ့အပြင်​ ကိုယ်​အ​လေးချိန်​ တက်​​စေနိုင်​ပါတယ်​။ ဒါ​ကြောင့် ကိုယ်​့ထမင်​းဘူးကို ပြင်​ဆင်​သွားတာဟာ ကယ်​လိုရီ​တွေနည်​းတဲ့အပြင်​ ကျန်​းမာ​ရေးနဲ့လည်​း ညီညွတ်​ပါတယ်​။

 

ညစာမှာဆား​လျော့ပါ။

      လူအများစုဟာ ညစာစားတာ ​နောက်​ကျတတ်​ပါတယ်​။ ဒါ့အပြင်​ ညစာမှာ ဆားအများအပြား ပါဝင်​တတ်​ပါတယ်​။ ဆိုဒီယမ်​က ​ရေကိုဆွဲတတ်​တဲ့အတွက်​ ​ဖောလာတတ်​ပါတယ်​။ ဒါ​ကြောင့် မအိပ်​ခင်​ဆားများတဲ့ညစာစား​သောက်​မိတဲ့ မနက်​ခင်​း​တွေမှာ မျက်​နှာကြီးအန်​း​နေတတ်​ပြီး ​ဖော​ရောင်​​နေသလို ခံစားရတတ်​ပါတယ်​။ ဒါ​ကြောင်​့ အ​ကောင်​းဆုံးက​တော့ ကိုယ်​့ညစာကိုယ်​ ​ဆား​လျော့ထည်​့ချက်​ပြုတ်​ပြီး အပြင်​စာနဲ့ အသင်​့စားအစားအ​သောက်​​တွေကို ​ရှောင်​ကြဉ်​ရပါမယ်​။

Kremil-S 2

အိပ်​ခန်​းကို​သေချာပြင်​ဆင်​ပါ။

       အစာအိမ်​ပြဿနာ​တွေကို ဖြစ်​​စေနိုင်​တဲ့ ​နောက်​တစ်​ချက်​က​တော့ ကိုယ်​အ​လေးချိန်​ပဲ ဖြစ်​ပါတယ်​။ ဒါ​ကြောင်​့ ညအိပ်​ချိန်​မှာ ကိုယ်​အ​လေးချိန်​​လျော့ချနိုင်​ဖို့ အိပ်​ခန်​းကို လုံးဝအ​မှောင်​ချထားပြီး သင်​့တင်​့တဲ့ အခန်​းအပူချိန်​မှာ ထားပါ။

      Melatonin ဆိုတဲ့ဓာတ်​ဟာ ကယ်​လိုရီ​လောင်​ကျွမ်​း​စေနိုင်​တဲ့ အစွမ်​းရှိပါတယ်​။ အခန်​း​မှောင်​​နေတဲ့အခါ ခန္ဓာကိုယ်​က Melatonin ဓာတ်​ပိုထုတ်​​ပေးပြီး ကယ်​လိုရီကို ပိုမို​​လောင်​ကျွမ်​း​စေနိုင်​ပါတယ်​။ ဒါ့အပြင်​ အိပ်​ခန်​းအပူချိန်​ ​အေး​အေးမှာ အိပ်​စက်​သူ​တွေဟာ ပိုမိုကိုယ်​​လေးချိန်​ကျ​စေတယ်​လို့ ဆိုပါတယ်​။

 

     ညဘက်​မအိပ်​ခင်​မှာ ဒီနည်​းလမ်​း​ကောင်​း​တွေကို လိုက်​နာ​ဆောင်​ရွက်​ခြငး်​ဖြင်​့ မနက်​ခင်​းမှာ အစာအိမ်​ပြဿ    နာ​တွေကို မခံစားရပဲ ကြည်​လင်​လန်​းဆန်​းစွာနဲ့ ​နေ့သစ်​တစ်​ခုကို ဖြတ်​သန်​းနိုင်​မှာ ဖြစ်​ပါတယ်​။

 

Dr. Mya Phoo Ngon (www.drmyanmar.com)