မနက်ခင်းတိုင်းမှာ အစာအိမ်လေးကျန်းမာဖို့
မနက်အိပ်ရာနိုးချိန်မှာ ဗိုက်ကယ်လေပွပြီး နိုးလာတတ်တယ်ဆိုရင် တစ်နေကုန် စိတ်ညစ်နေရတတ်ပါတယ်။ ဒါကြောင့် မနက်ခင်းမှာ ရွှင်ရွှင်လမ်းလမ်းနဲ့ နိုးထနိုင်စေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။
ရေများများသောက်ပါ။
ရေဓာတ်ပြည့်ဝနေခြင်းဟာ လေပွပြီး ဗိုက်ကြီးကယ်နေတာကိုပျောက်ကင်းစေနိုင်ပါတယ်။ ဒါကြောင့် ညဘက်မှာ ရေများများသောက်ပေးပါ။ ဒါပေမယ့် အိပ်ရာမဝင်ခင် ရေသောက်ခြင်းက ညသန်းခေါင် ဆီးသွားချင်လာတတ်ပြီး အိပ်ရေးပျက်စေနိုင်တတ်တဲ့အတွက် အိပ်ရာမဝင်ခင် တစ်နာရီအတွင်း ရေမသောက်သင့်တော့ပါဘူး။
Kremil-S 1
နေ့လည်စာပြင်ဆင်ပါ။
ဗိုက်ပြဿနာတွေဟာ အစားအစာတွေကြောင့် အဖြစ်များပါတယ်။ ဒါကြောင့် နေ့လည်စာကို သေချာပြင်ဆင်သင့်ပါတယ်။ မနက်ခင်းတွေမှာ အလုပ်မသွားခင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့နေ့လည်စာပြင်ဆင်ဖို့ အချိန်မရတတ်ပါဘူး။ ဒါကြောင့် မအိပ်ခင် ညဘက်မှာကတည်းက နောက်နေ့နေ့လည်စာကို သေချာပြင်ဆင်သင့်ပါတယ်။
အသင့်စားအစားအစာတွေနဲ့ အပြင်စာတွေဟာ အစာအိမ်ကို ထိခိုက်စေနိုင်တဲ့အပြင် ကိုယ်အလေးချိန် တက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ထမင်းဘူးကို ပြင်ဆင်သွားတာဟာ ကယ်လိုရီတွေနည်းတဲ့အပြင် ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။
ညစာမှာဆားလျော့ပါ။
လူအများစုဟာ ညစာစားတာ နောက်ကျတတ်ပါတယ်။ ဒါ့အပြင် ညစာမှာ ဆားအများအပြား ပါဝင်တတ်ပါတယ်။ ဆိုဒီယမ်က ရေကိုဆွဲတတ်တဲ့အတွက် ဖောလာတတ်ပါတယ်။ ဒါကြောင့် မအိပ်ခင်ဆားများတဲ့ညစာစားသောက်မိတဲ့ မနက်ခင်းတွေမှာ မျက်နှာကြီးအန်းနေတတ်ပြီး ဖောရောင်နေသလို ခံစားရတတ်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ကိုယ့်ညစာကိုယ် ဆားလျော့ထည့်ချက်ပြုတ်ပြီး အပြင်စာနဲ့ အသင့်စားအစားအသောက်တွေကို ရှောင်ကြဉ်ရပါမယ်။
Kremil-S 2
အိပ်ခန်းကိုသေချာပြင်ဆင်ပါ။
အစာအိမ်ပြဿနာတွေကို ဖြစ်စေနိုင်တဲ့ နောက်တစ်ချက်ကတော့ ကိုယ်အလေးချိန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ညအိပ်ချိန်မှာ ကိုယ်အလေးချိန်လျော့ချနိုင်ဖို့ အိပ်ခန်းကို လုံးဝအမှောင်ချထားပြီး သင့်တင့်တဲ့ အခန်းအပူချိန်မှာ ထားပါ။
Melatonin ဆိုတဲ့ဓာတ်ဟာ ကယ်လိုရီလောင်ကျွမ်းစေနိုင်တဲ့ အစွမ်းရှိပါတယ်။ အခန်းမှောင်နေတဲ့အခါ ခန္ဓာကိုယ်က Melatonin ဓာတ်ပိုထုတ်ပေးပြီး ကယ်လိုရီကို ပိုမိုလောင်ကျွမ်းစေနိုင်ပါတယ်။ ဒါ့အပြင် အိပ်ခန်းအပူချိန် အေးအေးမှာ အိပ်စက်သူတွေဟာ ပိုမိုကိုယ်လေးချိန်ကျစေတယ်လို့ ဆိုပါတယ်။
ညဘက်မအိပ်ခင်မှာ ဒီနည်းလမ်းကောင်းတွေကို လိုက်နာဆောင်ရွက်ခြငး်ဖြင့် မနက်ခင်းမှာ အစာအိမ်ပြဿ နာတွေကို မခံစားရပဲ ကြည်လင်လန်းဆန်းစွာနဲ့ နေ့သစ်တစ်ခုကို ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















