မအိုချင်ရင်၊ ဆိုဒါပါတဲ့ အချိုရည်တွေ လျှော့သောက်ပါ
American Journal of Public Health အစီရင်ခံစာတွင် ကယ်လီဖိုးနီးယားတက္ကသိုလ်ရှိ သုတေသီများရဲ့့့လေ့လာတွေ့ရှိချက်အရ နေ့စဉ် ဆိုဒါပါတဲ့အချိုရည် 240 ml (ရေတစ်ဖန်ခွက်စာ) ကို ပုံမှန်သောက်သုံးသွားပါက 3 နှစ်အကြာမှာ လက်ရှိအသက်ထက် 2 နှစ် ပိုအိုစာသွားပြီး 600 ml ကို နေ့စဉ်သောက်သုံးပါက 3 နှစ်အကြာမှာ လက်ရှိအသက်ထက်5 နှစ် ပိုအိုစာသွားမည်ဖြစ်ကြောင်း ရေး သားဖော်ပြထားပါတယ်။ ဒီရလဒ်တွေက အသက် 20 မှ 65 နှစ် ကြားကျန်းမာရေး ကောင်းသူ 5,300 ဦးကို 3 နှစ်ကြာ သုတေသနပြုလုပ်ပြီးမှ ရရှိလာခဲ့တာဖြစ်ပါတယ်။
ဆိုဒါပါတဲ့ အချိုရည်တွေကို လွန်ကဲစွာသောက်သုံးသူတွေမှာ ဆဲလ်တွေကို ကာကွယ်ပြုပြင်ပေးတဲ့ Telomeres (DNA ၏ အစွန်းတစ်ဖက်) တွေ တိုလာပြီး အိုမင်းရင့်ရော်တဲ့ လက္ခဏာတွေဖြစ်တဲ့ အရေးအကြောင်း ပေါ်လာခြင်းနဲ့ ဆဲလ်များကောင်းစွာ အလုပ်မလုပ်တော့တဲ့အတွက် အရေပြားမွဲခြောက် လာခြင်းတို့ကိုတွေ့ရှိရပါတယ်။ အချိုရည်မှာပါတဲ့ သကြားကိုယ်တိုင်ကလည်း ဦးနှောက်၊ နှလုံးနဲ့ ကိုယ်ခံစွမ်းအားစနစ်တွေကို ထိခိုက်စေတဲ့အပြင် ၀က်ခြံထွက်ခြင်း၊ ပွေးပေါက်ခြင်းတို့ကိုလည်းဖြစ်စေနိုင် ပါတယ်။ ဒါကြောင့် ကျွမ်းကျင်ပညာရှင်များအနေနဲ့အိုမင်းခြင်းမှကာကွယ်ဖို့ လက်ဆတ်တဲ့ အသီးအနှံများများ စားသုံးရန်၊ လေ့ကျင့်ခန်းပြုလုပ်ရန်၊ နေရောင်ကာခရင်မ်နေ့စဉ် လိမ်းရန်အကြံပြုထားပါတယ်။
CMS