/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွားပွတ်တံကြောင့်-ဖြစ်တဲ့ပြဿနာ

သွားပွတ်တံကြောင့် ဖြစ်တဲ့ပြဿနာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          တစ်နေ့ကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် (သို့) အစာစားပြီးတိုင်း သွားတိုက်သင့်ပါတယ်။ သွားတိုက်တံတွေကို ၃-၄ လတစ်ကြိမ် အသစ်လဲလှယ်သင့်ပါတယ်။ ဒီသွားတိုက်တံတွေကို အသုံးပြုနေတဲ့အချိန်အတွင်းမှာပဲ သွားတိုက်တံပေါ်မှာ ပိုးမွှားတွေက ကပ်ငြိနေနိုင်ပါတယ်။ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုးတွေ ဘယ်လောက်များများ သွားပွတ်တံပေါ်မှာ တွယ်ကပ်နေတယ်ဆိုတာကို မသိနိုင်ပါဘူး။ ပါးစပ်ထဲမှာ ပိုးမွှားပေါင်း ရာနဲ့ချီပြီးရှိကာ ဒီပိုးမွှားတွေက သွားတိုက်တံပေါ်ကို ရောက်သွားနိုင်ပါတယ်။ သွားတိုက်တံက ဘက်တီးရိးယားပိုးတွေ ခန္ဓာကိုယ်ထဲကို မဝင်ရောက်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းအချို့တော့ ရှိပါတယ်။

●        သွားတိုက်တံတွေကို ဘယ်သူနဲ့မှမျှ မသုံးပါနဲ့။ ကိုယ်နဲ့ သွားတိုက်တံ အတူသုံးတဲ့သူက နေမကောင်းဘူးဆိုရင် ကိုယ့်ဆီကိုလည်း လွယ်လွယ်နဲ့ ကူးနိုင်ပါတယ်။ လူတစ်ယောက်ဆီမှာ လက္ခဏာမပြခင်မှာကတည်းက ပိုးတွေရှိနေနိုင်တဲ့အတွက် မျှဝေပြီး မသုံးတာ အကောင်းဆုံးပါ။

●        သွားတိုက်တံကို ရေပိုက်အောက်မှာ ရေဆေးချပြီးတော့ ခြောက်သွေ့စေဖို့အတွက် ထောင်ထားပါ။

●        သွားတိုက်တံကို ထားတဲ့အခါမှာ တခြားသွားတိုက်တံနဲ့ မထိနေပါစေနဲ့။

●        သွားတိုက်တံကို တစ်ခုခုနဲ့ ပိတ်ထားထာမျိုး မလုပ်ပါနဲ့။ ဒီလိုထည့်ထားတာက သွားတိုက်တံ ခြောက်ဖို့ အချိန်ကြာစေပြီး ပိုးတွေများများ ပွားဖို့အချိန်ရစေပါတယ်။

          ကိုယ့်သွားတိုက်တံ လဲရမယ့်အချိန်ဇယား ဆွဲထားပြီးတော့ ဒီအတိုင်းလဲလှယ်ပါ။ လူကြီးတွေမှာ ၃-၄ လတစ်ကြိမ် သွားတိုက်တံ လဲသင့်ပြီးတော့ ကလေးတွေမှာတော့ ဒီထက်ပိုပြီး စောစောလဲသင့်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)