ဆီးချိုနဲ့ အ၀လွန်သူတွေအတွက် စားသမျှကိုမှတ်သားပေးမယ့် ကျန်းမာရေးလည်ဆွဲ
အဆင်တန်ဆာလည်ဆွဲမဟုတ်ပေမယ့် အစာဝါးတဲ့ တကြွတ်ကြွတ်မြည်သံ၊ မျိုချလိုက်တဲ့အသံတွေကနေ ဘာအစားအစာတွေစားနေတယ်ဆိုတာကို မှတ်သားပေးမယ့် စမ်းသပ်ဆဲအဆင့် ကျန်းမာရေးလည်ဆွဲလေး တစ်ခု ဖြစ်ပါတယ်။ University at Buffalo ရဲ့ ကွန်ပျူတာသိပ္ပံဌာနက Wenyao Xu က ဦးဆောင်စမ်းသပ်နေတာဖြစ်ပြီး “ဒီထုတ်ကုန်သာ ဈေးကွက်အတွင်းရောက်လာရင် ဆီးချိုေ၀ဒနာရှင်တွေ၊ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း ရောဂါရှိသူတွေနဲ့ အ၀လွန်သူတွေအတွက် အကျိုးများစေမှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ၄င်းလည်ဆွဲမှာ microphone အသေးလေး တစ်ခုပါရှိပြီး စားသောက်လိုက်တဲ့ အစားအစာအမျိုးအစားကို Bluetooth မှ တဆင့် smartphone ဆီသို့ ပို့ပေးမှာဖြစ်ပါတယ်။ ဒီလည်ဆွဲကို အသက် ၁၃ နှစ် မှ ၄၉ နှစ်ကြား အသက်အရွယ်ရှိသူ အမျိုးသား၊ အမျိုးသမီး 12 ယောက်ကို ဆွဲပေးထားပြီး ပန်းသီး၊ မုန်လာဥနီ၊ အာလူးချောင်းကြော်၊ ကွတ်ကီး၊ မြေပဲ၊ သစ်ကြားသီးစတဲ့ အစားအစားခြောက်မျိုးကို စားစေ၊ ရေသောက်စေပြီး လည်ဆွဲ၏ အစားအမျိုးအစားပေါ် မှတ်သားနိုင်စွမ်းကို လေ့လာခဲ့ရာ လက်ရှိအခြေအနေမှာ ၈၅ ရာခိုင်နှုန်းလောက်ထိ မှန်ကန်စွာ ဖော်ပြနိုင်တယ်လို့သိရပါတယ်။
ဒါပေမယ့် အစားအစာအမျိုးအစားကို တိတိကျကျဖော်ပြနိုင်စေဖို့ (ဥပမာ- သကြားပါတဲ့ပြောင်းဖူးပေါက်ပေါက်နဲ့ သကြားမပါတဲ့ပြောင်းဖူးပေါက်ပေါက် ခွဲခြားနိုင်ဖို့) ၊ ဘာတွေစားနေတယ် ဆိုတာအပြင် ကယ်လိုရီဘယ်လောက်ပါနေတယ်၊ စားလိုက်သမျှအစားအသောက်မှာပါတဲ့ အာဟာရ တန်ဖိုးတွေကိုပါ မှတ်သားပေးဖို့ လိုအပ်တဲ့ ပစ္စည်းကိရိယာ (Biomonitoring Device) ကိုပါ တီထွင်နေဆဲဖြစ်တယ်လို့ Xu က ပြောခဲ့ပါတယ်။
CMS